HOT NEWS
Main menu
adv

ဦးကိုနီအား လုပ်ကြံခဲ့သည့် တရားခံကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထား

ရန်ကုန်၊ ဇန်နဝါရီ ၃၁

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖမ်းဆီးရမိတရားခံ ကြည်လင်းအား ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ပြီး အမှုအားဆက်လက်စစ်ဆေးနိုင်ရန် ချုပ်ရက်ရမန်ကြီးတစ်ပတ်(၁၄ ရက်) ယူထားကြောင်း မင်္ဂလာဒုံရဲစခန်းမှ သိရသည်။ ''ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်ထားပါတယ်။ ရမန်ကြီးတစ်ပတ်ယူထားပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်ထိပါ''ဟု မင်္ဂလာဒုံရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

Read more...

ဦးကိုနီအား လုပ်ကြံသူသည် မန္တလေးသား မဟုတ်ဟု မန်း တိုင်းရဲတပ်ဖွဲ့မှူး ပြော

မန္တလေး၊ ဇန်နဝါရီ ၃၁

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သူ ဦးကြည်လင်းသည် မန္တလေး ဇာတိ၊ မန္တလေးသားမဟုတ်ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲ မှူးကြီးဟန်ထွန်းက ဇန်နဝါရီ ၃ဝ ရက် မွန်းတည့် ၁၂ နာရီက မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးအစည်း အဝေးခန်းမတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Read more...

နှစ်လောင်းပြိုင် လူသတ်မှု ကျူးလွန်သူကို တစ်ပတ်အတွင်း ဖမ်းဆီးပေးနိုင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များအား မုံရွာ မြို့ခံများစုပေါင်း၍ ဂုဏ်ပြုချီးမြှင့်

မုံရွာ၊ နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ကန်သာဦးရပ်ကွက်၌ အိမ်ငှားနေထိုင်သော လင်မယားနှစ်ဦးအား နိုဝင်ဘာ ၂ ရက်က ဓားဖြင့်ခုတ်သတ်သွားသော နှစ် လောင်းပြိုင် လူသတ်မှုကျူးလွန်သူကို ခုနစ်ရက်အတွင်း ဖော် ထုတ် ဖမ်းဆီးနိုင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များအား မုံရွာမြို့ခံများမှစုပေါင်း၍ နိုဝင်ဘာ ၂ဝ ရက် မွန်းလွဲ ၂ နာရီက စို ပြေစားသောက်ဆိုင်၌ ပြည်သူ့မှတ်တမ်းတင်ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ ကြောင်း သိရသည်။

Read more...

မကွေးမြသလွန် ဘုရားပွဲတော် ပွဲဈေးအတွင်း လူသတ်မှုဖြစ်ပွား

မကွေး

မကွေးမြို့ ကျွန်းစုကျေးရွာရှိ မြသလွန် ဘုရားပွဲတော်ဈေးအတွင်း အောက်တိုဘာ ၈ ရက် ညနေပိုင်းက လူသတ်မှုဖြစ်ပွားခဲ့ ကြောင်း မကွေးမြို့မရဲစခန်းမှ သိရသည်။ ပွဲတော်ဈေးအတွင်း ဓားထိုးမှုဖြစ်ပွား ကြောင်း သတင်းအရ အောက်တိုဘာ ၈ ရက် ည ၇ နာရီ မိနစ် ၅ဝ က မကွေးမြသလွန်ဘုရားပွဲ ရဲကင်းမှူး ရဲအုပ်အောင်ခိုင်စိုးနှင့်အဖွဲ့ သွားရောက်စစ်ဆေးခဲ့ရာ ပွဲဈေးအတွင်း ချားရဟတ်(၁) တောင်ဘက်အနီး၌ လှိုင် လင်း ဌေး (၂၂ နှစ်)၊ ချောင်းဖြူရွာ၊ မင်းဘူး(စကု)မြို့နယ်နေသူအား ဝဲပေါင်ထိုးသွင်းဒဏ်ရာ တစ်ချက်၊ နောက်ကျောဝဲဘက် ထိုးသွင်းဒဏ်ရာတစ်ချက်(စိုးရိမ်ရ) လဲကျနေသည်ကို တွေ့ရှိခဲ့သဖြင့် ဓားဖြင့်ထိုးသွားသူ အမည်မသိအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် ရဲအုပ်အောင်ခိုင်စိုးက တရားလိုပြုတိုင်ကြားခဲ့သည်။

Read more...
Subscribe to this RSS feed
adv

adv

FacebookG+TwitterRSS