HOT NEWS
Main menu
adv

ဆိုင်ကလုန်း မုန်တိုင်း 'ရွန်နု' အစိမ်းရောင် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သော်လည်း ဒေသအချို့တွင် ဆက်လက် မိုးကြီးနိုင်သေး

ဆိုင်ကလုန်းမုန်တိုင်း ရွန်နု တိုက်ခတ်ခြင်းကို ခံခဲ့ရသော စစ်တွေမြို့ မြင်ကွင်းတစ်နေရာ

 

ရန်ကုန်၊ မေ ၂၂

ဆိုင်ကလုန်းမုန်တိုင်း'ရွန်နု'သည် အားပျော့ပျက်ပြယ်သွားပြီဖြစ်ကာ အစိမ်းရောင်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သော်လည်း ဒေသအချို့တွင် ဆက်လက်ပြီး မိုးကြီး နိုင်သေးကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှု ဦးစီးဌာနမှသိရသည်။ အဆိုပါမုန်တိုင်းသည် မေ ၂၂ ရက်တွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ကို ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဖြတ်ကျော်ဝင် ရောက်ခဲ့ပြီးနောက် အရှေ့မြောက်ဘက်သို့ ရွေ့လျားကာ အားပျော့ပျက်ပြယ်သွားပြီဖြစ်ကြောင်း မိုး/ဇလ ဦးစီးဌာန၏ မုန်တိုင်းနှင့်ပတ်သက်ပြီး နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ သိရ သည်။

Read more...

မေလ ဒုတိယပတ်အတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်

ရန်ကုန်၊ မေ ၈

လာမည့်ဒုတိယ အပတ် ၁ဝ ရက်အတွင်းမုန်တိုင်းဖြစ် ပေါ်လာနိုင်သဖြင့် သတိထားရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက သတိပေးပြော ကြားသည်။ ယခုကာလသည် မြန်မာနိုင်ငံ၏မုန်တိုင်းများဖြစ်ပေါ်တတ်သည့်မိုးကြိုကာလဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်တွင် ယင်း ၁ဝ ရက်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ် ပေါ်လာနိုင်ကာ ပိုမိုအားကောင်း လာပြီးနောက် မုန်တိုင်းငယ်အဖြစ် သို့ရောက်ရှိလာနိုင်ကြောင်း မေ ၈ ရက်နေ့သတိပေးချက်အရ သိရသည်။

Read more...

မိုးကြိုနှင့် မိုးဦးကာလတွင် ဘင်္ဂလားပင်လယ်အော်တွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ကြိုတင်ပြင်ဆင်ထားရန် မိုးဇလသတိပေးထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၂၅

မိုးကြိုနှင့် မိုးဦးကာလတွင် ဘင်္ဂလားပင်လယ်အော်တွင်း လေဖိအားနည်းရပ်ဝန်းသုံးကြိမ် ဖြစ်ပေါ်ပြီး ဆိုင်ကလုန်းမုန်တိုင်း တစ်ကြိမ်ဖြစ်ပေါ်လာနိုင်ကြောင်း  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက သတိ ပေး ပြောကြားလိုက်သည်။ ယင်းကို ဧပြီ ၂၅ ရက်တွင်ထုတ် ပြန်သည့် ၂ဝ၁၆ ခုနှစ် မိုးဦးကာလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်များတွင်လည်း ထည့် သွင်း ဖော်ပြထားပြီး အဆိုပါခန့်မှန်းချက်တွင် ဖော်ပြချက်များအရ ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ် ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် တစ်ကြိမ်နှင့် ဆိုင်က လုန်းမုန်တိုင်းတစ်ကြိမ် ဖြစ်ပေါ်နိုင် ကြောင်း၊ ယင်းကာလအတွင်း အ နောက်တောင်မုတ်သုံလေသည် အင် အား အသင့်အတင့်ရှိနိုင်ကြောင်း ဖော်ပြထားသည်။

Read more...

ထိုင်းတွင် မုန်တိုင်းရန်ပုံငွေများအတွက် ဒေသဆိုင်ရာအာဏာပိုင်များကို သတိပေး

ဘန်ကောက်၊ ဧပြီ် ၂၅


ထိုင်းနိုင်ငံမြောက်ပိုင်းနှင့်အ ရှေ့မြောက်ပြည်နယ်များတွင် မုန်တိုင်းဆိုးရွားစွာတိုက်ခိုက်ခံရမှုများအတွက် ပြည်တွင်းကုမ္ပဏီများနှင့် အရပ်သားများထံငွေများလာရောက်လှူဒါန်းပါက လက်မခံရန် ထိုင်း ပြည်ထဲရေး ဝန် ကြီးဌာနက ပြည်နယ်နှင့်ဒေသန္တရအာဏာပိုင်များထံသို့ညွှန်ကြားချက်များပေးပို့ထားသည်ဟု သိရှိရသည်။ ပြည်ထဲရေးဌာနအမြဲတမ်းအတွင်းဝန်ခရစ်ဆာဒါဘွန်းရက်က  ယင်းသို့ပြည်တွင်းလှူဒါန်းငွေများ လက်ခံခြင်း သည် ထိုင်းတည်ဆဲဥပဒေကို ချိုးဖောက်ရာရောက်ပြီး ပြ ဿနာများပေါ်ပေါက်လာနိုင်သော ကြောင့် ပြည်တွင်းလှူဒါန်းငွေများကို ထိုင်းကြက်ခြေနီအသင်း၏ ပြည်နယ်၊ ခရိုင်အသင်းခွဲများမှ တစ်ဆင့်သာလှူဒါန်းရမည် ဟုလည်း ပြောဆိုလိုက်သည်။

Read more...
Subscribe to this RSS feed
adv

adv

FacebookG+TwitterRSS