HOT NEWS
Main menu

ဧဝရက်တောင် မာရသွန်ပြိုင်ပွဲ အိမ်ရှင် နီပေါနိုင်ငံသား ဗိုလ်စွဲ

ရန်ကုန်၊ မေ ၃ဝ

၂ဝ၁၆ခုနှစ် ဧဝရက်တောင်ပေါ် မာရသွန် ပြိုင်ပွဲ၌ အိမ်ရှင်နီပေါနိုင်ငံသား Bed Bahadur Sunuwar က ဗိုလ်စွဲသွားကြောင်း သိရသည်။ နီပေါနိုင်ငံ ဧဝရက်တောင် တွင် မေ ၃ဝ ရက်က ကျင်းပခဲ့သော ၂ဝ၁၆ ခုနှစ် မာရသွန်ပြိုင်ပွဲ၌ အိမ်ရှင်ကစားသမား ၁၃ဝ ခန့် နှင့် အမေရိကန်၊ သြစတြေးလျနှင့် တရုတ်နိုင်ငံတို့မှ ပြိုင်ပွဲဝင် ၃ဝ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

Read more...

ဧဝရက်တောင်တွင် လေးရက်အတွင်း လူလေးဦးသေဆုံး

ခတ္တမန္ဒူ၊ မေ ၂၃


ဧဝရက်တောင်တွင် လေးရက်အတွင်း တောင်တက်လမ်းပြအကူရှာပါတစ်ဦးအပါအဝင် လူလေးဦး သေဆုံးခဲ့ပြီး အခြားနှစ်ဦးမှာ ပျောက်ဆုံးနေကြောင်းသိရသည်။ ကြာသပတေးနေ့မှ တနင်္ဂနွေနေ့အထိ လေးရက်တာ ကာလအတွင်း သေဆုံးခဲ့ ခြင်းဖြစ်သည်။ ကြာသပတေးနေ့တွင် အသက် ၂၅ နှစ်အရွယ်တောင်တက်လမ်းပြ အကူရှာပါတစ်ဦးသေဆုံးခဲ့ရသည်။ တောင်ထိပ်နှင့် မီတာ ၁၅ဝ ခန့်အကွာတွင်တောင်အောက်သို့ပြုတ် ကျ သေဆုံးသွားခြင်းဖြစ်သည်။ သောကြာနေ့ညတွင်လည်း အသက် ၃၆ နှစ်အရွယ် နယ်သာလန် နိုင်ငံသားတစ်ဦးသေဆုံးခဲ့ရသည်။ တောင်ထိပ်ကို အောင်မြင်စွာရောက်ရှိခဲ့ပြီး အပြန်ခရီးတွင် သေဆုံးရခြင်း ဖြစ် သည်။ နှလုံးရောဂါကြောင့်ဟု ယူဆရသည်။

Read more...

ဧဝရတ်တောင်ကို အောင်မြင်စွာတက်ရောက်နိုင်ခဲ့သည့် တောင်တက်အဖွဲ့ မေ ၂၅ ရက် မြန်မာနိုင်ငံသို့ ပြန်ရောက်မည်ဟုဆို

ကမ္ဘာ့အမြင့်ဆုံးဧဝ ရတ်တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့် မြန်မာနိုင်ငံ သား တောင်တက်သမားအဖွဲ့သည် မြန်မာနိုင်ငံသို့ မေ ၂၅ ရက်တွင် ပြန် လည်ရောက်ရှိရန် ခန့်မှန်းထား ကြောင်း ထူးဖောင်ဒေးရှင်းမှ တာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

Read more...

ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထွတ်သို့ တက်ရောက်နေသည့် မြန်မာတောင်တက်သမားသုံးဦး အမြင့်ပေ ၂၁ဝဝဝ မြင့်သည့် Camp 2 အထိ တက်ရောက်နိုင်ပြီဖြစ်

ရန်ကုန်၊ ဧပြီ-၂၅

ကမ္ဘာ့အမြင့်ဆုံး တောင်ထွတ်သို့ တက်ရောက်နေသည့် မြန်မာနိုင်ငံမှတောင်တက်သမား သုံးဦးသည် အမြင့်ပေ ၂၁ဝဝဝ မြင့်သည့် Camp 2 အထိတက်ရောက် နိုင်ခဲ့ပြီဖြစ်ပြီး ထပ်မံ၍အမြင့်ပေ ၂၃၆၂၅ ပေမြင့်သော Camp 3 သို့ တက်ရောက်လေ့ကျင့်သွားမည်ဖြစ် ကြောင်းသိရသည်။ ဧဝရက်တောင်သို့ တက်ရောက် နေသည့်မြန်မာနိုင်ငံသား တောင် တက်သမားများဖြစ်သည့် ကိုညီညီ အောင်(ဒိုးလုံး)၊ ကိုပြည့်ဖြိုးအောင် (poepin)နှင့် ကိုဝင်းကိုတို့သုံးဦး သည် ယခုအခါတွင် Camp 2 အထိ တက်ရောက်လေ့ကျင့်ခဲ့ပြီး ဖြစ်ရာ ဧဝရတ်တောင်ခြေစခန်းသို့ ပြန်လည် ရောက်ရှိနေကြပြီဖြစ်ကြောင်း၊ ၎င်းတို့တက်ရောက်ခဲ့သည့် Camp 2 သည် မြန်မာနိုင်ငံရှိခါကာဘိုရာဇီ တောင်ထက်ပိုမြင့်ကြောင်း ဧဝရက် တောင်တက်သမားများအကြောင်း နှင့် ပတ်သက်ပြီးဖွင့်လှစ်ထားသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာ Myanmar Flag on Everest စာမျက်နှာ၏ ဧပြီ၂၅ရက်နေ့ အချက်အလက်များ အရသိရသည်။

Read more...
Subscribe to this RSS feed

ADV

 ymg adv 6

FacebookG+TwitterRSS