HOT NEWS
Main menu

ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထွတ်သို့ တက်ရောက်နေသည့် မြန်မာတောင်တက်သမားသုံးဦး အမြင့်ပေ ၂၁ဝဝဝ မြင့်သည့် Camp 2 အထိ တက်ရောက်နိုင်ပြီဖြစ်

ရန်ကုန်၊ ဧပြီ-၂၅

ကမ္ဘာ့အမြင့်ဆုံး တောင်ထွတ်သို့ တက်ရောက်နေသည့် မြန်မာနိုင်ငံမှတောင်တက်သမား သုံးဦးသည် အမြင့်ပေ ၂၁ဝဝဝ မြင့်သည့် Camp 2 အထိတက်ရောက် နိုင်ခဲ့ပြီဖြစ်ပြီး ထပ်မံ၍အမြင့်ပေ ၂၃၆၂၅ ပေမြင့်သော Camp 3 သို့ တက်ရောက်လေ့ကျင့်သွားမည်ဖြစ် ကြောင်းသိရသည်။ ဧဝရက်တောင်သို့ တက်ရောက် နေသည့်မြန်မာနိုင်ငံသား တောင် တက်သမားများဖြစ်သည့် ကိုညီညီ အောင်(ဒိုးလုံး)၊ ကိုပြည့်ဖြိုးအောင် (poepin)နှင့် ကိုဝင်းကိုတို့သုံးဦး သည် ယခုအခါတွင် Camp 2 အထိ တက်ရောက်လေ့ကျင့်ခဲ့ပြီး ဖြစ်ရာ ဧဝရတ်တောင်ခြေစခန်းသို့ ပြန်လည် ရောက်ရှိနေကြပြီဖြစ်ကြောင်း၊ ၎င်းတို့တက်ရောက်ခဲ့သည့် Camp 2 သည် မြန်မာနိုင်ငံရှိခါကာဘိုရာဇီ တောင်ထက်ပိုမြင့်ကြောင်း ဧဝရက် တောင်တက်သမားများအကြောင်း နှင့် ပတ်သက်ပြီးဖွင့်လှစ်ထားသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာ Myanmar Flag on Everest စာမျက်နှာ၏ ဧပြီ၂၅ရက်နေ့ အချက်အလက်များ အရသိရသည်။

Read more...

ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်သို့ မြန်မာတောင်တက်သမားသုံးဦး တက်ရောက်မည်

ရန်ကုန်၊ မတ် ၂၄

ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်သော ဧဝရက်တောင်ထိပ်သို့ မြန်မာနိုင်ငံကိုယ်စားပြုအ ဖြစ် တောင်တက်သမားသုံးဦးတက် ရောက်မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ တောင်တက်ခရီး စဉ် နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မတ် ၂၄ ရက်တွင် လှိုင်မြို့နယ်ရှိ ရန်ကုန်ယူနိုက်တက်အက်ဖ်စီအသင်းရုံးတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ဧဝရက်တောင်ထိပ်သို့ တက်ရောက် မည့်ခရီးစဉ်ကို ယခု လ ၂၆ ရက်တွင် စတင်မည်ဖြစ်ပြီး တောင်စတင်တက်မည့်နေ့ကို ဧပြီ ၂ ရက်ဟု ရည်ရွယ်ထားကြောင်းနှင့် ဧဝရက်တောင်တက်ဖြစ်သည့် အဓိက ရည်ရွယ်ချက် မှာ မြန်မာနိုင်ငံအလံ အား ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်တွင် လွှင့်ထူနိုင်ရေး၊ နီပေါနိုင်ငံ၏ Eco-tourism လုပ်ငန်းအား လေ့လာနိုင်ရန် နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း မှုပိုင်းဆိုင် ရာများကို လေ့လာရန်ဖြစ် ကြောင်း ¤င်းတောင်တက်ခရီးစဉ်၌ ပါဝင်သည့် တောင်တက်သမား ကိုပြည့် ဖြိုးအောင်က ပြောသည်။

Read more...
Subscribe to this RSS feed

ADV

 ymg adv 6

FacebookG+TwitterRSS