Main menu
HOT NEWS
adv
System

System

ရန်ကုန် မီဒီယာဂရုပ်သည် ရန်ကုန်တိုင်းမ် နှင့် ဖလားဝါးနယူးစ် တို့ကို အပတ်စဉ်ထုတ်ဝေလျက်ရှိပြီး အွန်လိုင်းသတင်းကဏ္ဍများကို အများပြည်သူသိရှိနိုင်စေရန် အစဉ်တစိုက်တင်ဆက်လျက်ရှိပါသည်။ ယခု အခါ ရန်ကုန်မီဒီယာဂရုပ်၏ သတင်းများကို MPT Web Portal ဖြစ်သည့် lotayamm.com တွင်လည်း ဖတ်ရှုနိုင်ပြီဖြစ်သည်။

Logos

Website URL: http://www.theyangontimes.com

တောင်ဒဂုံ မီးလောင်မှုကြောင့် ကျပ်သိန်း ၆ဝဝ ကျော်ဆုံးရှုံးခဲ့ဟုဆို

ရန်ကုန်၊ သြဂုတ် ၂၃


တောင်ဒဂုံမြို့ နယ်တွင် ကွန်တိန်နာယာဉ်မှ ဆီ ဘောက်ယာဉ်အား ဝင်ရောက်တိုက် မိရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး အမှုဖွင့်ခံထားရသည့် ယာဉ်မောင်းနှစ်ဦးမှ တစ်ဦးမှာ ရဲစခန်း သို့ လာရောက်အဖမ်းခံခဲ့သည်။ ဖြစ်စဉ်မှာ သြဂုတ်၂၂ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် တောင်ဒဂုံမြို့နယ် (၂၆) ရပ်ကွက် ပြည်ထောင်စုလမ်းမကြီး တောင် မြောက်လမ်းဆုံအနီး၌ ယာဉ်မောင်း ဦး----(စုံစမ်းဆဲ) မောင်းနှင်လာသော 92Ron ဆီတင်ဆောင်လာသည့် ဂါလန် ၄ဝဝဝ ဆံ့ဆီသယ်ယာဉ် မီး လောင်နေကြောင်း သတင်းအရမီး သတ်တပ်ဖွဲ့မှ စုစုပေါင်းမီးငြှိမ်းသတ် ယာဉ် ၅၃ စီး၊ ရေသယ်ယာဉ်ရှစ်စီး၊  အထောက်အကူပြုယာဉ် ၁၁ စီး၊ မိတ် ဖက်ယာဉ်ငါးစီး၊ ကွပ်ကဲမှုယာဉ်ခုနစ် စီးဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး ၁ဝ နာရီ ၂၂ မိနစ်တွင် မီးထိန်းနိုင်ကာ ၁ဝ နာရီ မိနစ် ၅ဝ တွင် မီးငြိမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနထံမှ စုံစမ်းသိရသည်။ (ကနဦး သတင်းဖော်ပြပြီး) ယင်းမီးလောင်မှုကြောင့် 92Ron ဆီသယ်ယာဉ်အပါအဝင် စုစု ပေါင်းယာဉ်ခုနစ်စီးနှင့် အိမ်ခြောက် လုံးတို့ မီးလောင်ခံရ၍ ဆုံးရှုံးမှုတန် ဖိုးငွေကျပ် သိန်း ၆ဝဝ ကျော် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

Read more...

တိုင်းရင်းသားရိုးရာပစ္စည်းများနှင့် ရှေးဟောင်းပစ္စည်းများပြပွဲကျင်းပ

ရေး၊ သြဂုတ် ၂၃


မွန်ပြည်နယ် ရေးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးကျင်းပ သော တိုင်းရင်းသားရိုးရာဓလေ့အသုံး အဆောင်ပစ္စည်းများနှင့် ရှေးဟောင်း ပစ္စည်းများပြပွဲကို သြဂုတ် ၂၂ ရက် မွန်းလွဲပိုင်းက အဆိုပါရုံး၌ကျင်းပခဲ့ ကြောင်း သိရသည်။
''အခုဆိုရင် ရေးမြို့ကဆရာတော် တွေ၊ ဝါသနာရှင်တွေစုဆောင်းထား တဲ့ ပစ္စည်းတွေကိုပွဲတစ်ခုအနေနဲ့ ခင်းကျင်းပြီးစာကြည့်တိုက်ကို ပြည် သူတွေ၊ လူငယ်တွေ စိတ်ပါဝင်စား လာစေဖို့ကျင်းပခြင်းဖြစ်သလို ပြတိုက် ငယ်လုပ်ပြီးတော့လည်း စုဆောင်းထား တဲ့ ပစ္စည်းတွေကို ပြည်သူတွေပိုမိုရင်း နှီးထိတွေ့လာစေဖို့ ပြသနေပါတယ်''ဟု မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ် ဇင်နန္ဒာဦးက ပြောကြားသည်။

Read more...

အိန္ဒိယပဲတင်သွင်းမှုကန့်သတ်ချက်ဂယက် နယ်မြို့များကိုပါရိုက်ခတ်၊ ပခုက္ကူနှင့် မြင်းခြံကုန်စည်ဒိုင်များတွင် ပဲအရောင်း အဝယ်ယာယီပိတ်

ရန်ကုန်၊ သြဂုတ် ၂၃


အိန္ဒိယ၏ ပဲ ဝယ်ယူမှုမူဝါဒအပြောင်းအလဲကြောင့် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်၏အရောင်းအဝယ်ကို ယာယီပိတ်ထား သည့်နည်းတူ ပခုက္ကူ၊ မြင်းခြံကုန်စည် ဒိုင်များတွင်လည်း ပဲစင်းငုံ၊ မတ်ပဲ အရောင်းအဝယ်ကို အကန့်အသတ် မရှိ ယာယီပိတ်ထားရန် ဆုံးဖြတ် လိုက်ကြောင်း သိရသည်။ အဆိုပါဆုံးဖြတ်ချက်ကို သြဂုတ် ၂၃ ရက်က ပခုက္ကူကုန်စည်ဒိုင်နှင့် မြင်းခြံကုန်စည်ဒိုင်တို့တွင် ကျင်းပခဲ့ သည့် အရေးပေါ်အစည်းအဝေးဆုံး ဖြတ်ချက်များအရ ယင်းကဲ့သို့ယာယီ ပိတ်ထားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ် ကြောင်း သိရသည်။


ပခုက္ကူကုန်သည်ပွဲစားများအသင်း ၏ အလုပ်အမှုဆောင် ကိုဇင်မင်းထွန်း က ''မနေ့က ရန်ကုန် ကုန်စည်ဒိုင်က ပဲစင်းငုံ၊ မတ်ပဲကို အရောင်းအဝယ်ရပ် လိုက်တယ်။ အဲဒီသတင်းက ဒီကို ရောက်လာတယ်။ ဒါကြောင့် အစ်ကို တို့အမှုဆောင်အသင်းကလည်း လက်ရှိ ဈေးကွက် အနေအထားအရ ဘာလုပ် သင့်လဲဆိုတာ ပခုက္ကူကုန်စည်ဒိုင်မှာ ကုန်သည်ပွဲစားများအသင်း အလုပ် အမှုဆောင်တွေရယ် ပဲစင်းငုံ၊ မတ်ပဲ၊ အရောင်းအဝယ်လုပ်နေကြတဲ့ ကုန် သည်ပွဲစားတွေရယ် အထူးအရေးပေါ် အစည်းအဝေး တစ်ရပ်ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ပဲစင်း ငုံ၊ မတ်ပဲအရောင်းအဝယ် ရပ်နားခဲ့ ဖြစ်ပါတယ်''ဟု သြဂုတ် ၂၃ ရက် က ပြောသည်။

Read more...
Subscribe to this RSS feed

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191