Main menu
HOT NEWS
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

ယူကရိန်း အရှေ့ပိုင်းတွင် လက်နက် သိုလှောင်ရုံပေါက်ကွဲ ဒေသခံ နှစ်သောင်းခန့် ဘေးလွတ်ရာ ထွက်ပြေး

ခါကိဗ်၊ မတ် ၂၄

ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ အရွယ်အစားကြီးမားသော လက်နက်သိုလှောင်ရုံတစ်ခု၌ ဆင့်ကဲပေါက်ကွဲ မှုများဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူ နှစ်သောင်းခန့် ဘေးလွတ်ရာထွက် ပြေးနေရသည်ဟု မတ် ၂၃ ရက် AFP သတင်းကဆိုသည်။ ခါကိဗ်မြို့အနီး ဘာလာက လိယမြို့တွင်ရှိသော အဆိုပါလက် နက်သိုလှောင်ရုံသည် ရုရှားအစိုးရ၏အထောက်အပံ့ခွဲထွက်ရေးသူပုန် များနှင့်တိုက်ပွဲဖြစ်ရာဒေသမှ ကီလိုမီတာ ၁ဝဝ (မိုင် ၆ဝ)ခန့်ကွာဝေးသည်။

Read more...

သြစတြေးလျတွင် လေယာဉ် ပျံသန်းနေစဉ် အင်ဂျင်ပျက်စီးသွားသဖြင့် အရေးပေါ်ပြန်လည် ဆင်းသက်

ဆစ်ဒနီ၊ မတ် ၂၄

သြစတြေးလျနိုင်ငံ Dubbo မြို့ လေဆိပ်မှ Sydney မြို့သို့ဦးတည်ပျံ သန်းသော ပြည်တွင်း Rex လေကြောင်း လိုင်းပိုင်ဂျက်လေယာဉ်သည် မတ် ၂၃ ရက်၌ပျံသန်းစဉ် လေယာဉ်အင်ဂျင် ချွတ်ယွင်းသောကြောင့် အင်ဂျင်ရပ်တန့် ပြီး လေယာဉ်အရေးပေါ်ပြန်လည် ဆင်းသက်ခဲ့ရကြောင်း သိရသည်။ 

Read more...

ဗြိတိန်ပါလီမန် အပြင်ဘက်တွင် အကြမ်းဖက် တိုက်ခိုက်၊ လေးဦးသေ၊ ၄ဝ ဒဏ်ရာရ

လန်ဒန်၊ မတ် ၂၄

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိပါလီ မန်လွှတ်တော်အဆောက်အအုံ အပြင်ဘက်တွင် မတ် ၂၂ ရက် ညနေက အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး လေးဦးသေဆုံးပြီး ၄ဝ ခန့် ဒဏ်ရာရရှိခဲ့ ကြောင်း မတ် ၂၃ ရက် သတင်းများအရသိရသည်။ လန်ဒန် Westminster တံတားအနီး ပါလီမန်လွှတ်တော်အဆောက် အအုံအရှေ့တွင် နိုင်ငံခြားခရီးသွားများလာရောက်လည်ပတ်လေ့ရှိပြီး လူစည်ကားသော နေရာတစ်ခုအား အကြမ်းဖက်သမားသည် လမ်းသွားလမ်းလာများကို ကားဖြင့်ဝင်တိုက်ပြီး ဗြိတိန်ပါလီမန်လွှတ်တော်ဂိတ်ဝတွင် အကြမ်းဖက်သမားကဓားဖြင့် လုံခြုံ ရေးများကို တိုက်ခိုက်ခဲ့သဖြင့် ရဲအရာရှိတစ်ဦးက အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

Read more...
Subscribe to this RSS feed
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616