HOT NEWS
Main menu
M ဘွယ်

M ဘွယ်

M-Bwel (Assistance Online Editor)

Website URL:

Myanmar Idol Season 2 Top 10 ပြိုင်ပွဲ ဇန်နဝါရီ ၂၆ ရက်မှ စတင်ကာ အပတ်စဉ် ကြာသပတေးနှင့် သောကြာနေ့များတွင် mntv လ ရုပ်သံတွင် တိုက်ရိုက် ထုတ်လွှင့်ပြသမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၃

Myanmar Idol Season 2 Top 10 ပြိုင်ပွဲဝင်များ၏ သီဆိုယှဉ်ပြိုင်မှုများကို ဇန်နဝါရီ ၂၆ ရက်မှစတင်ကာ Free to air  ချန်နယ်ဖြစ်သော mntv ချန်နယ်တွင် အပတ်စဉ်ကြာသပတေးနှင့် သောကြာနေ့များတွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်းသိရသည်။ ''ဒီတစ်ပတ် ကြာသ ပတေးနေ့ကစပြီးတော့ Myanmar Idol Season 2 Top 10  တွေရဲ့ပထမဦးဆုံး ယှဉ်ပြိုင်ရမယ့်ပြိုင်ပွဲနေ့ပါ။ သောကြာနေ့ကတော့ ကြာသပတေးနေ့မှာ ယှဉ်ပြိုင်ခဲ့တာတွေကို အဆုံးအဖြတ်ပေးမယ့်နေ့ပါ။ ပြိုင်ပွဲကိုတော့  ည ၉ နာရီအချိန်တိတိမှာ စတင်ပါမယ်။ ပြိုင်ပွဲရဲ့ အရေးကြီးဆုံးအချက် ကတော့ အပတ်စဉ်ပြိုင်ပွဲတိုင်း မှာ Vote အနည်းဆုံးပြိုင်ပွဲဝင်က အိမ်ပြန်ရမှာပဲဖြစ်ပါတယ်''ဟု Executive Producer  ကိုအန်ဒီအောင် ကပြောသည်။

Read more...

ပထမဆုံးသော ဒစ်ဂျစ်တယ် နည်းပညာသုံး အလုပ်အကိုင် ပြပွဲ အလုပ်နေရာ ၄ဝဝ အတွက် လျှောက်ထားသူ ၂၂ဝဝ ကျော်ရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

မြန်မာနိုင်ငံတွင် ပထမဆုံးသော ဒစ်ဂျစ်တယ်နည်း ပညာသုံးအလုပ်အကိုင်ပြပွဲတွင် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄ဝဝ အတွက် အွန်လိုင်း Register ဖြင့် လျှောက်ထားသူအရေအတွက်မှာ ၂၂ဝဝ ကျော်ရှိခဲ့ကြောင်း သိရသည်။ ယင်းအလုပ်အကိုင်ပြပွဲကို work.com မှ ကြီးမှူးကျင်းပခြင်းဖြစ် ပြီး ဇန်နဝါရီ ၂၁ ရက်က ရန်ကုန်မြို့၊ IBC (International Business Center) တွင် နံနက် ၉ နာရီမှ ည နေ ၄ နာရီအထိပြုလုပ်ခဲ့သည်။

Read more...

ကျောက်စိမ်း အပါအဝင် သတ္တု တွင်းထွက်များနှင့် စက်မှုကုန်ချော ပစ္စည်းများ ပြည်ပတင်ပို့မှု ယခင်နှစ်ထက် ကျဆင်း

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိသောပို့ကုန်များအနက် ကျောက်စိမ်းအပါအဝင် သတ္တုတွင်းထွက်များ၊ စက်မှုကုန်ချော ပစ္စည်းများတင်ပို့မှုမှာ ယမန်ဘဏ္ဍာ နှစ်ကာလတူထက် ကန်ဒေါ်လာ ၆၆၆ သန်းကျော် ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။ ယခု ဘဏ္ဍာနှစ် ဆယ်လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ ပို့ကုန်များတင်ပို့ရာတွင် ယမန်ဘဏ္ဍာ နှစ်ကာလတူထက် ကန်ဒေါ်လာသန်း ၄၅ဝ ကျော်ပိုမိုရရှိခဲ့ပြီး ယင်းပို့ကုန်တင်ပို့မှုတွင် လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းများမှ ပိုမိုရရှိ ခဲ့သော် လည်း ကျောက်စိမ်းအပါအဝင် သတ္တုတွင်းထွက်များတင်ပို့မှုမှ ကန် ဒေါ်လာ ၁၃၂ သန်းကျော်၊ စက်မှု ကုန်ချောပစ္စည်းများတင်ပို့မှုမှ ကန် ဒေါ်လာ ၅၃၄ သန်းကျော် ကျဆင်းခဲ့ ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Read more...
Subscribe to this RSS feed

ADV

 ymg adv 6

FacebookG+TwitterRSS