Main menu
HOT NEWS
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် မြောက်ကိုရီးယားအရေး အမေရိကန်အဓိကထားဆွေးနွေးမည်

ကုလသမဂ္ဂ၊ ဧပြီ ၂၈

မြောက်ကိုရီးယား၏မဟာမိတ် တရုတ်ကိုဖိအားပေးရန် ဧပြီ ၂၈ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးအတွင်း အဓိကထားတက်ရောက်ဆွေးနွေးသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကပြောသည်။ ''ကျွန်တော်တို့အနေနဲ့ ပြုံယမ်း အစိုးရကိုလိုအပ်တဲ့ဖိအားပေးရန် အဓိကထားဆွေးနွေးပြီး မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး ကျွန် တော်တို့ရဲ့ရပ်တည်ချက်ကို ပြန်လည်သုံးသပ်မယ်''ဟု Rex Tillerson ကပြောသည်။

Read more...

ပြည်တွင်း၊ ပြည်ပဈေးကွက် အခိုင်အမာမရှိသဖြင့် လက်ဖက်များ ပိုလျှံ

ရန်ကုန်၊ ဧပြီ ၂၈

ပြည်တွင်း၊ ပြည်ပဈေးကွက် အခိုင်အမာမရှိသော ကြောင့် လက်ဖက်များ ပိုလျှံနေ ကြောင်း မြန်မာနိုင်ငံလက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုညိုစိန်က ပြောကြားသည်။ ပြည်တွင်းလက်ဖက်ဈေးကွက်တွင် လက်ဖက်နှင့်ပတ်သက်ပြီး ဓာတုဆိုးဆေးများ အသုံးပြုထားသည်ဟူ သော သတင်းများထွက်ပေါ်ခဲ့ခြင်း ကြောင့် ပြည်တွင်းလက်ဖက်စားသုံးမှုအပေါ် ထိခိုက်ခဲ့ပြီး ယင်းအချက် ကြောင့်ပင် ပြည်တွင်းလက်ဖက်စားသုံးမှုမှာ တိုးတက်မလာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ''ပြည်တွင်းမှာကတော့စားသုံးမှုကတော့ တက်မလာသေးဘူးလို့ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ပြည်တွင်း မှာက လက်ဖက်ဆိုရင်ဆိုးဆေးတွေ၊ ဓာတုပစ္စည်းတွေ သုံးထားတယ်ဆိုပြီး တော့ သတင်းတွေထွက်ခဲ့တဲ့အနေ အထားကြောင့် ယုံကြည်မှုမရှိကြဘူး''ဟု ဒေါ်ညိုညိုစိန်က ဧပြီ ၂၈ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

Read more...

ဇူလိုင်လတွင် ဖွင့်လှစ်မည့် အောင်ဘာလေ ထီလက်မှတ်အားလုံးတွင် အကြိမ်မြောက်၊ ဖွင့်လှစ်မည့် ရက်စွဲများ ထည့်သွင်းဖော်ပြမည်

ရန်ကုန်၊ ဧပြီ ၂၈

လာမည့်ဇူလိုင်လတွင်ဖွင့်လှစ်မည့်အောင်ဘာ လေသိန်းဆုထီဖွင့်ပွဲမှစတင်ကာ ထီလက်မှတ်အားလုံးတွင်အကြိမ်မြောက်၊ ဖွင့်လှစ်မည့်ရက်စွဲများထည့်သွင်း ဖော်ပြသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းရရှိသည်။ လက်ရှိရောင်းချပေးလျက်ရှိ သောကျပ် ၅ဝဝ တန်အရန်ထီလက်မှတ်များတွင်အကြိမ်မြောက်၊ ဖွင့်လှစ်မည့်ရက်စွဲဖော်ပြခြင်းမရှိသည့်အတွက် ထီထိုးသူများမှဝေဖန်၊ အကြံ ပြုချက်များပေးခဲ့ခြင်းအပေါ် ယင်းသို့ထည့်သွင်းဖော်ပြရန်စီစဉ်ခြင်းဖြစ် ကြောင်း သိရသည်။

Read more...
Subscribe to this RSS feed
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616