Main menu
HOT NEWS
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

၂၉ နှစ်ကြာ ဖြတ်သန်းခဲ့သည့် မန်ယူအသင်းကို ရွိုင်ယန်ဂစ် စွန့်ခွာရန်သေချာခဲ့ပြီ

ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်းနှင့်အတူ ကစားသမားဘဝ၊ နည်းပြဘဝများဖြင့် ၂၉ နှစ်ကြာဖြတ်သန်းခဲ့သည့် ဂန္ထဝင်ကစားသမား ရွိုင်ယန်ဂစ်သည် နည်းပြသစ်မော်ရင်ဟို၏ ဒုတိယဦးစားပေး လက် ထောက် နည်းပြအဖြစ် တာဝန်ယူရမည့်အခြေအနေကြောင့် အသင်းအား သေချာပေါက်စွန့်ခွာတော့မည်ဖြစ် ကြောင်း ဗြိတိန်မီဒီယာများ၏ အတည်ပြုဖော်ပြချက်အရသိရသည်။

Read more...

သမိုင်းဝင် ဖိုလ်ဝင်တောင်သို့ နှစ်ဝက်အတွင်း ပြည်ပခရီးသွား နှစ်သောင်းကျော် လာရောက်လေ့လာခဲ့

မုံရွာ၊ ဇွန် ၃ဝ

မုံရွာမြို့ ချင်းတွင်းမြစ်တစ်ဖက်ကမ်း ယင်းမာပင်ခရိုင်အတွင်းရှိ သမိုင်းဝင်ဖိုလ်ဝင်တောင် ဒေသသို့ လာရောက်လည်ပတ်ကြသည့် ပြည်ပခရီးသွားဧည့်သည်များမှာ ယခုနှစ်ဝက်အတွင်း နှစ်သောင်း ကျော် ဝင်ရောက် ခဲ့ကြောင်း ဖိုလ်ဝင် တောင်ဂေါပကအဖွဲရုံးမှ သိရသည်။ ယခုနှစ်ဝက်ခြောက်လပိုင်းအတွင်း ပြည်ပခရီးသွားဝင်ရောက်မှုသည် ယမန်နှစ်ကထက်နှိုင်းယှဉ်ပါက ၅ ထောင်ကျော်ပိုများခဲ့ပြီး စုစုပေါင်း ၂၅၇၅ဝ ထိ လာရောက်လေ့လာလည်ပတ်ခြင်း ဖြစ်သည်။ ''လာရောက်လေ့လာမှု အများဆုံးကတော့ ပြင်သစ်လူမျိုးတွေပါ။ ဂျာမနီကဒုတိယပေါ့။ အာရှတိုက်ဘက်ကအလာနည်းတယ်၊ ပြင်သစ်က တော့ တစ်လကိုသုံးထောင်ကျော် ခန့် လာတယ်''ဟု ဖိုလ်ဝင်တောင်ဂေါပက အဖွဲ့ရုံးအတွင်းရေးမှူး ဦးအေးမင်းဦး က ပြောသည်။

Read more...

မန္တလေးမြို့ မင်္ဂလာဈေး မီးလောင်မှု တရားခံဖော်ထုတ်ရေးနှင့် မီးဘေးသင့် ဈေးသူဈေးသားများကို မူလအတိုင်း ပြန်လည် နေရာချထားပေးရေး ဆန္ဒထုတ်ဖော်

မန္တလေး၊ ဇွန် ၃ဝ

မန္တလေးမြို့ မင်္ဂလာဈေး မီးလောင်မှု အမှုမှန်ပေါ် ပေါက်၍ တရားခံဖော်ထုတ်ပေးရေး နှင့် မီးဘေးသင့်မင်္ဂလာဈေး (မန္တလေး) ဈေးသူဈေးသားများအား မူလအတိုင်း ပြန်လည်နေရာချထားပေးရေးအတွက် ဇွန် ၃ဝရက် မွန်းလွဲ ၁၂နာရီခွဲက အင်အား ၂ဝဝ ခန့်ဖြင့် လမ်း လျှောက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ ''အစမ်းမဲပေးမယ်ဆိုပြီး ဈေးသူ၊ ဈေးသားအားလုံးကို မဲထည့်ခိုင်းတယ်၊ မဲရလဒ်မှာ အကြီးစားပြုပြင်မှုမဲကနိုင်ခဲ့ပေမယ့် မဲရလဒ် ကိုကြည့်ပြီး ပျံကျဈေးသည်တွေရဲ့ မဲကိုဖြုတ်ပြီးတော့ အသစ်ပြန်ဆောက်ဖို့ သုံးမဲအသာနဲ့ နိုင်တယ်ဆိုပြီး ပြောင်ပြောင်တင်းတင်းလိမ်ခဲ့တယ်၊ ဈေးသူဈေးသားတွေရဲ့ ဆန္ဒသဘောထားအတိုင်း ဆောင်ရွက်ပေးဖို့ အခု လို ဆန္ဒပြ တောင်းဆိုတာပါ''ဟု ဆန္ဒပြတောင်း ဆိုသူကိုကိုမောင်ကပြောသည်။

Read more...
Subscribe to this RSS feed
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616