Main menu
HOT NEWS
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

ကျွန်းလှမြို့နယ်ကို ကန့်ဘလူခရိုင်အစား ရွှေဘိုခရိုင်တွင် ပါဝင်စေလိုသူများ ဆန္ဒထုတ်ဖော်

မုံရွာ၊ မေ ၅

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့ခံများသည် ကန့်ဘလူခရိုင်အတွင်း ကျွန်းလှမြို့ မပါဝင် စေလိုပဲ ရွှေဘိုခရိုင်အတွင်းသာ အတည်ပြုပေးရန် မေ ၅ ရက် နံနက် ၇ နာရီတွင် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြောင်း သိရ သည်။   ''ကျွန်တော်တို့ ကျွန်းလှမြို့က ကန့်ဘလူခရိုင်ထဲမှာပါလာနေတယ်။ ဒါကိုကျွန်တော်တို့က မလိုလားပါဘူး။ ကျွန်တော်တို့က ကန့်ဘလူခရိုင်ထဲမှာ ဆက်လက်ပါနေရင် လူမှုရေး၊  ပညာရေးတွေကအစ ဆုံးရှုံးမှု ရှိနေပါ တယ်။ ဒါကိုမကျေနပ်လို့ ဒီကနေ့ ဆန္ဒပြတာပါ''ဟု ကျွဲတဲကျေးရွာမှ  ဦးဝင်းစိန်က ပြောသည်။ အဆိုပါဆန္ဒထုတ်ဖော်မှုကို တရားဝင်ခွင့်ပြုမိန့်နှင့် ပြုလုပ်ခဲ့ပြီး ကျွန်းလှမြို့နယ် ကျေးရွာပေါင်း ၂၁ ရွာမှ မြို့ခံ များနှင့်ပေါင်း၍ လူအင် အား ၇ဝဝ ကျော်ခန့် ဆန္ဒထုတ်ဖော်ခဲ့ ကြောင်း သိရသည်။  

Read more...

ဆန္ဒပြရန် ခွင့်ပြုမိန့်၊ ခွင့်ပြုချက်တင်ရန် မလိုတော့သည့် ငြိမ်းစုစီ ဥပဒေကြမ်းတင်သွင်း

ရန်ကုန်၊ မေ ၅

ဆန္ဒထုတ်ဖော်ရန်အတွက် ခွင့်ပြုမိန့်၊ ခွင့်ပြုချက်တင်ရန် မလိုတော့သည့် ငြိမ်းချမ်းစွာစုဝေးခြင်း နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခြင်းဆိုင်ရာဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် တင်သွင်းလိုက် ကြောင်းသိရ သည်။ မေ ၅ ရက်ကကျင်းပသည့် ဒုတိယအကြိမ်အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက အဆိုပါဥပဒေကြမ်းကို တင်သွင်းလိုက်ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေနှင့် ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကို ကျင့်သုံးနေပြီး ယခုတင်သွင်းသည့် ဥပဒေကြမ်းမှာ အဆိုပါဥပဒေနှစ်ရပ်စလုံးကို လွှမ်းခြုံပယ် ဖျက်ကာ ဒီမိုကရေစီစံ နှုန်းများနှင့်အညီတင်သွင်းရခြင်း ဖြစ်ကြောင်း ဒေါက်တာမြတ်Óဏစိုး ကလွှတ်တော်သို့ပြောသည်။

Read more...

ချန်ပီယံဆု ရရှိခဲ့သည့်အတွက် လက်စတာ အသင်းသားများအား ဆုကြေးအဖြစ် မာစီဒီးကားချီးမြှင့်

အသင်းသမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ်အဖြစ် ပရီးမီးယားအမှတ်ပေးချန်ပီယံဆုအားရရှိခဲ့သည့် လက်စတာအသင်းသားများသည် အသင်းပိုင်ရှင်ဗီချိုင်း၏ ချီးကျူးခြင်းကိုခံခဲ့ရသည့်အပြင် သီးခြားဆုချီးမြှင့်မှု အဖြစ် ပေါင်သုံးသောင်း  ကျော်တန်မာစီဒီးကားတစ်စီးစီ ချီးမြှင့်ခဲ့ကြောင်းသိရသည်။

Read more...
Subscribe to this RSS feed

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191