Main menu
HOT NEWS
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

ကိုက်တစ်ရာဝန်းကျင် အာဏာရှင်

တစ်ခါတလေ စာမရေးဘဲ အာဏာရှင်လေးဖြစ်ချင်တယ်။ တကယ်ပြောတာပါ။ ဒါပေမဲ့ အထင်မလွဲပါနဲ့။ သမိုင်းမှာ နာမည်ဆိုးတွေ တွင်ကျန်ရစ်မယ့် အာဏာရှင်ကြီးဖြစ်ချင်တာမဟုတ်။ ဒုသမ္မတနေရာ လောက်လား စိတ်ကူးထဲတောင်မရှိ။ ဒါဆို ပြည်နယ်/ တိုင်းဝန်ကြီးချုပ်ဖြစ်ချင်တာလား၊ ဒါလည်းမှားတယ်။ တကယ်လို့ ရများရနိုင်မယ်ဆို မောင်မြတ်နေအိမ် လေးရဲ့ ကိုက် ၁ဝဝ ပတ်လည်စက်ဝန်းလောက်ကို အကြွင်းမဲ့ပိုင်စိုးတဲ့ အာဏာရှင်လေးတော့ ဖြစ်ချင်ပါတယ်။ နေရာလေးအတိအကျပြောပါဆို တောင်ဥက္ကလာ ဆင်ခြေဖုံးက ကေတုမာလာမီးပွိုင့်ကို ဗဟိုပြု တဲ့ ဧရိယာလေးပါ။ ကဲ အဲဒီကိုက် ၁ဝဝ ပတ်လည် အာဏာလေးရပြီဆိုရင် အသင်မောင်မြတ် ဘာလုပ်မလဲ။ ဖြေချင်အားကြီးလို့ ဖြေပါ့မယ်။

Read more...

စစ်ကိုင်းပညာရေးတက္ကသိုလ် မဟာပညာရေးဘွဲ့ဝင်ခွင့် ဧပြီ ၂၅ ရက် နောက်ဆုံးထား လျှောက်ထားရမည်

ရန်ကုန်၊ မတ် ၃ဝ

စစ်ကိုင်းပညာရေး တက္ကသိုလ်မှခေါ်ယူသော မဟာပညာ ရေးဘွဲ့ (M.Ed) ဝင်ခွင့်ကို ဧပြီ ၂၅ ရက် နောက်ဆုံးထားလျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။ စစ်ကိုင်းပညာရေးတက္က သိုလ်တွင်၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်အ တွက် မဟာပညာရေးဘွဲ့(M.Ed)သင်တန်းကို ပညာရေးသဘောတရား၊ ပညာရေးစိတ်ပညာ၊ သင်ပြနည်းဘာ သာရပ်သုံးခုကို သင်တန်းသား ၂၅ ဦးစီဖြင့် ဖွင့်လှစ်မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးပညာရေးမှူးရုံးများနှင့် မြို့နယ်ပညာရေးမှူးရုံးများတွင် သတ် မှတ်လျှောက်လွှာများကိုရယူပြီး ဧပြီ ၂၅ ရက် နောက်ဆုံးထားလျှောက် ထားရမည်ဖြစ်ကြောင်း စစ်ကိုင်း ပညာရေးတက္ကသိုလ်မှ သိရသည်။

Read more...

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ဘုရားဝိဟာရဂိတ် ပြန်ဖွင့်လှစ်ရန်မရှိဟု ကမ္ဘောဒီးယားငြင်းဆို

ဖနွမ်းပင်၊ မတ် ၂၉


ထိုင်းနှင့်ကမ္ဘောဒီးယားနယ် စပ်ရှိ ရှေးဟောင်း Preah Vihear ဘုရားကျောင်းပြန်လည်ဖွင့်လှစ်ရန် ကမ္ဘောဒီးယားဘက်မှ ကြိုးစားနေသည်ဟု ထိုင်း၏စွပ်စွဲချက်မှာမဟုတ် မှန်ကြောင်း ကမ္ဘောဒီးယားကာကွယ် ရေးဝန်ကြီးက ငြင်းဆိုလိုက်သည်။ ပြီးခဲ့သည့် ကြာသပတေးနေ့ ကထိုင်းကာကွယ်ရေးဝန်ကြီးဌာန တွင် ကျင်းပခဲ့သော နယ်စပ်ရေးရာ ကော်မတီ (GBC) ဆွေးနွေးပွဲ တွင် ထိုင်း နှင့်နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေ သော Kantharalak ခရိုင် Si Sa Ket နယ်စပ်ရှိသော ရှေးဟောင်း Preah Vihear ဘုရားကျောင်းအ ရေးနှင့်ပတ်သက်၍ ကမ္ဘောဒီးယား ဘက်မှ မဆွေးနွေးခဲ့ကြောင်း၊ ထိုင်း သတင်းစာတွင် ဖော်ပြခဲ့သော ကမ္ဘော ဒီးယားဘက်မှ ဘုရားကျောင်းပြန် လည်ဖွင့်လှစ်ရန်စီစဉ်နေသော သတင်း မှာမဟုတ်မမှန်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Chhum Socheatကပြောသည်။

Read more...
Subscribe to this RSS feed

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191