Main menu
HOT NEWS
adv
တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ သင်္ကြန်ကာလတွင် တစ်ရက်လျှင် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည် တစ်သိန်းနီးပါး ဝင်ရောက်

တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ သင်္ကြန်ကာလတွင် တစ်ရက်လျှင် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည် တစ်သိန်းနီးပါး ဝင်ရောက်

မန္တလေး၊ ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ သင်္ကြန်ကာလတွင် တစ်ရက်လျှင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ခန့်မှန်းခြေတစ်သိန်းနီးပါး ဝင်ရောက်ခဲ့ကြောင်း တောင်သမန်အင်း ငှက်လှေအသင်းမှ သိရှိရသည်။ ပြည်ပခရီးသွားများသည် ဦးပိန်တံတားသို့ နေဝင်ဆည်းဆာအချိန်မျိုးတွင် လာရောက်သူများပြားပြီး  အမေရိကန်၊ ပြင်သစ်၊ စပိန်၊ အီတလီနှင့် အာရှတွင် ထိုင်း၊ ကိုရီးယား၊ တရုတ်စသည့်နိုင်ငံများမှ လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

“ဒီနှစ်သင်္ကြန် ဦးပိန်တံတားကိုလာတဲ့ ပြည်တွင်းခရီးသွား မနှစ်ကသင်္ကြန်ထက်နည်းသွားတာက လမ်းလျှောက်သင်္ကြန်တို့ ၇ မိုင်တို့ဘက်ကိုသွားရောက်ကြလို့ သုံးသပ်လို့ရပါတယ်။ လာရောက်တဲ့ လူဦးရေနှုန်းကတော့ မနှစ်ကထက်မလျှော့ပါဘူး။ ပြည်တွင်းခရီးသွားပဲ အရင်နှစ်လူဦးရေထက် နည်းသွားတာတွေ့ရတယ်။ အင်းရေကျချိန်ဆိုတော့ ငှက်လှေသမားတွေအတွက်တော့ ရေရှိတဲ့နေရာလေးတွေ လိုက်ပို့တာမျိုးလေးတွေ လုပ်ကြရတာပါ” ဟု တောင်သမန်အင်း ငှက်လှေအသင်းဥက္ကဌ ဦးစိုးဝင်းက ပြောသည်။ ၂၀၁၇ ခုနှစ် သင်္ကြန်ကာလတွင် တောင်သမန်အင်းရေကျသွားသဖြင့် ငှက်လှေစီးသူ အနည်းငယ်သာရှိပြီး အင်း ရေရှိသည့်နေရာများသို့ လိုက်လံပို့ဆောင်ပေးရကာ နိုင်ငံခြားသားခရီးသွားအများစု အဓိကငှားရမ်းကြကြောင်း သိရသည်။ “ဒီနှစ်သင်္ကြန်မှာ ဦးပိန်တံတားမှာ ခိုက်ရန်ဖြစ်ပွားတာမျိုး သိပ်မရှိဘူး။ လွတ်လွတ်လပ်လပ်နဲ့ သွားလာကြတယ်။ အမှိုက်တွေ ရှုပ်ပွနေတာမျိုးလည်မရှိဘူး။ စည်ပင်ကနေလည်း အမှိုက်တွေအမြဲလာသိမ်းတယ်။ အဓိက လူစည်တဲ့အချိန်တွေကတော့ မနက်ပိုင်းနဲ့ ညနေ နေဝင်ဆည်းဆာအချိန်တွေကို ပိုစည်ပါတယ်။”ဟု တောင်သမန်အင်း ငှက်လှေအသင်းဥက္ကဌ ဦးစိုးဝင်းကပြောသည်။

 

တောင်သမန်အင်း ဦးပိန်တံတားတွင်  နေဝင်ချိန်လှည့်လည်ကြည့်ရှုရန် ငှက်လှေဌားရမ်းပါက ပြည်ပခရီးသွားများမှာ တစ်စီးလျှင်ကျပ်(၁၂၀၀၀)ဖြစ်ကာ နံနက်ပိုင်းတွင် ငှားရမ်းပါက တစ်စီးလျှင်(၁၀၀၀၀)ကျပ်ဖြင့် ငှားရမ်း ပေးကြောင်းသိရသည်။ ပြည်တွင်းခရီးသွားများအား သတ်မှတ်နှုန်းထားထက် (၂၀၀၀)ကျပ်ဈေးလျှော့ပေးထားကြောင်း လူတစ်ဦးချင်းစီးပါက အသွား/အပြန် ၁၀၀၀ ကျပ်ဖြင့် ပို့ဆောင်ပေးကာ ယင်းတံတားတွင် ငှက်လှေ(၄၆)စီးရှိပြီး အရန်လှေ (၂၀) စီးရှိကြောင်း သိရသည်။ ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံခြားခရီးသွားဧည့်သည်ဦးရေ(၂၅၀)ကျော် ဝင်ရောက်ခဲ့ပြီး နိုဝင်ဘာလတွင် (၁၀၀၀)နီးပါးရှိခဲ့ကြောင်း သိရသည်။

ကျော်မျိုးထွဋ် (မြစ်မခ)

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616