Main menu
HOT NEWS
adv
ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးကွက် ၂ဝ၁၇ ခုနှစ်အတွက် ကောင်းမွန်လာမည့် နှစ်တစ်နှစ် ဟုဆို

ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးကွက် ၂ဝ၁၇ ခုနှစ်အတွက် ကောင်းမွန်လာမည့် နှစ်တစ်နှစ် ဟုဆို

ရန်ကုန် ဧပြီ ၁၉

ရန်ကုန်မြို့ရှိ အိမ်ခြံမြေ အရောင်း၊ အဝယ်၊ အငှားဈေးကွက် အေးစက်လျက်ရှိသော်လည်း ယခုနှစ်အတွင်း ဖြစ်ပေါ်လာမည့် အပြောင်းအလဲများကြောင့် အိမ်ခြံမြေဈေးကွက် ကောင်းမွန်လာမည့် နှစ်တစ်နှစ်ဟုယူဆရကြောင်းဝါရင့် အိမ်ခြံမြေလုပ်ငန်းရှင်များထံမှ သိရသည်။ ပြည်သူများမျှော်လင့်နေကြသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေနှင့် ကွန်ဒိုဥပဒေမှာ ယခုနှစ်အတွင်း ထွက်ပေါ်လာမည်ဟု ယူဆရပြီး နိုင်ငံရေးအပြောင်းအလဲပေါ်မူတည်လျက်ရှိကာ နိုင်ငံအရွေ့ကောင်းမည်ဆိုလျှင် အိမ်ခြံမြေဈေးကွက် မုချဧကန်ကောင်းလာနိုင်စရာ အကြောင်း ရှိကြောင်းဝါရင့် အိမ်ခြံမြေလုပ်ငန်းရှင်များက ဆိုထားကြသည်။

ရန်ကုန်တိုင်းအိမ်ခြံမြေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ''အိမ်ခြံမြေနဲ့ ပတ်သက်ရင်လူ အများစိတ်ဝင်စားတဲ့ စီးပွားရေးလုပ်ငန်းတခုဆိုတော့ ကျွန်တော်တို့နိုင်ငံမှာလည်း အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ဟောပြောပွဲတွေပြုလုပ်သင့်ပါတယ်။ အိမ်ခြံမြေအတွေ့ အကြုံရှိသူများ၊ ပညာရှင်များက ဟောပြောဆွေးနွေးတဲ့ အတွက်ကြောင့် လာရောက်နားထောင်တဲ့သူတွေအတွက် များစွာအကျိုးရှိစေမှာဖြစ်ပါတယ်။ အိမ်ခြံမြေကဏ္ဍကတော့ ဈေးကျလည်းခဏတာပါဘဲ။ သမိုင်းတလျှောက် ကြည့်မယ်ဆိုရင် ဈေးနှုန်းမကျတဲ့ အချိန်မရှိခဲ့တာမဟုတ်ပါဘူး။ ဈေးနှုန်းကျဆင်းခဲ့သလို ဈေးနှုန်းအေးခဲ့တာလည်းရှိပါတယ်။ ဒါပေမယ့်ဈေးနှုန်းမမီလောက်အောင် ပြန်တက်တာတွေကိုသမိုင်းတစ်လျှောက်ပြန်ကြည့် မယ်ဆိုရင်တော့ ထင်ထင်ရှားရှားမြင်နိုင်ပါတယ်။ ခုလည်းဈေးနှုန်းအေးစက် နေတယ်။ ဈေးနှုန်းကျဆင်းနေတယ်။

 

အိမ်ခြံမြေဈေးကွက်ကတော့ နိုင်ငံရဲ့ အရွေ့အပြောင်း၊ ရောင်းလိုအားဝယ်လိုအား၊ အခြားအကြောင်းအရာများအပါအဝင် သူ့ရေစီး ကြောင်းနဲ့သူမူတည်နေတာပါ။ ဒါကြောင့် အိမ်ခြံမြေ ဈေးကိုရေရှည်ကျဆင်းမယ်ဆိုပြီး အမှတ်မှားပြီးကြောက်လန့်ပြီး မဝယ်ဘဲမနေကြပါနဲ့လို့ ဖြည့်စွက်ပြောချင်ပါတယ်။ နိုင်ငံတကာမှာဆိုလည်း ဈေးနှုန်းကျဆင်းလည်းခဏပါဘဲ၊ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ကလည်း ကျတလှည့်တက်တလှည့်ပါ။ နိုင်ငံတကာမှာလည်း အိမ်ခြံမြေဈေးနှုန်းတည်ငြိမ်နေတယ်ဆိုပေမယ့် ကျွန်တော်တို့ နိုင်ငံလိုတခါ တည်းဈေးနှုန်းမတက်ပေမယ် Percentage အလိုက်တက်ပြီး ဈေးနှုန်းအေးတဲ့ ချိန်ကျရင်လည်းအေးသွားတာပါဘဲ။ မည်သည့်ကုန်ပစ္စည်းမဆိုဈေးကွက်တစ်ခုရဲ့ ရေစီးကြောင်းဘဲ အေးလိုက်ပြန်တက်လိုက်ဖြစ်နေအုံးမှာပါဘဲ'' ဟုရှင်းပြသည်။

 

အိမ်ခြံမြေအရောင်း၊ အဝယ်၊ အငှားအခွန်နှုန်းထားများမှာလတ်တလောအခြေအနေအရ ပြောင်းလဲမှုမရှိ သေးဟုကြားသိရကြောင်း၊အရောင်းအဝယ် ငွေကျပ်သိန်း တစ်ထောင်အထက်ဆိုလျှင် အခွန် ၃ဝ ရာခိုင်နှုန်းနှင့် တံဆိပ်ခေါင်း လေးရာခိုင်နှုန်းနှုန်းထားဖြင့် ပြည်တွင်းအခွန်ဦးစီးဌာနမှ ကောက်ခံလျက်ရှိကြောင်း၊ ပြည်တွင်းအိမ်ခြံမြေဈေးကွက်တဖြည်းဖြည်းပြောင်းလဲတိုးတက်လာလျှင် အခြားရင်းနှီးမြှပ်နှံမှုများထွက်ပေါ်လာနိုင်ပြီးအိမ်ခြံမြေအမှန်တကယ်လိုအပ်သည့် ပြည်သူများလက်ဝယ်ရရှိပါက အိမ်ခြံမြေဈေးကွက်တည်ငြိမ်လာနိုင်စရာအကြောင်းရှိ ကြောင်း ဝါရင့်အိမ်ခြံမြေလုပ်ငန်းရှင်များထံမှသိရသည်။ ထို့အပြင် အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာဥပဒေမှာ နိုင်ငံတော်နှင့် အများပြည်သူအတွက်အမှန်တကယ်လိုအပ်လျက်ရှိပြီး ထိုဥပဒေထွက်ပေါ်လာပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းလုပ်ငန်းများပါ ပိုမိုခိုင်မာ အောင်မြင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှသိရသည်။

စိုးဝင်း- MLA

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616