Main menu
HOT NEWS
adv
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းက မြန်မာနိုင်ငံအတွက် ကြွေးထူကြွေးပူ ဖြစ်စေမှာလား

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းက မြန်မာနိုင်ငံအတွက် ကြွေးထူကြွေးပူ ဖြစ်စေမှာလား

သီရီလင်္ကာ နဲ့ မြန်မာနိုင်ငံတို့ဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့ဘက် အချက်အချာကျတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ပါတယ်။ ဒါ့အပြင် သီရိလင်္ကာနဲ့ မြန်မာနိုင်ငံတို့ဟာ အိန္ဒိယနိုင်ငံအတွက် အရှေ့တောင်အာရှကို သွားရောက်ရာ အဝင်တံခါးဝတွေလည်း ဖြစ်တယ်။ အခုဆိုရင် မြန်မာနိုင်ငံ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းမှာ တရုတ် နိုင်ငံကနေ တစ်လုံးတစ်ခဲ ရင်းနှီးမြှုပ်နှံမယ့် အရေးကိစ္စဟာ မြန်မာနိုင်ငံကိုြေ<ွကးမြီအကျပ် အတည်း ဆိုက်ရောက်ကောင်း ဆိုက်ရောက် လာဖွယ်ရာ ရှိပါတယ်။

ဆိုရရင် တရုတ်နိုင်ငံက ကျောက်ဖြူရေ နက်ဆိပ်ကမ်းစီမံကိန်းရဲ့ ရင်းနှီးမြှုပ်နှံမှု ၈၅ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်နိုင်ဖို့အတွက် မျှော်လင့်နေတာ ဖြစ်ပါတယ်။ အမှန်တော့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ပတ် သက်ပြီး အစုရှယ်ယာ ၅ဝ စီ ရင်းနှီးမြှုပ်နှံဖို့ ကနဦး သဘောတူညီမှု ပြုထားခဲ့ပြီးဖြစ်တယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက မူလသဘောတူညီမှု ထက်ပိုမိုတဲ့ အခွင့်အလမ်းရရှိရေးကို ကြိုးပမ်း နေတာလည်း ဖြစ်ပါတယ်။ မဟာဗျူဟာမြောက် ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ တရုတ်နိုင်ငံက သာ သူတောင်းဆိုထားတဲ့အတိုင်း ရာခိုင်နှုန်း ၇ဝ ကနေ ၈၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခွင့်ရ မယ်ဆိုရင် တရုတ်နိုင်ငံအနေနဲ့ အမေရိကန် ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံလောက် ငွေကြေး ကူညီထောက်ပံ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေးဟာ တိုးတက် မှု အရှိန်အဟုန် ရပ်တန့်နေတဲ့ အနေအထား မှာ ရှိနေတဲ့အတွက် တရုတ်နိုင်ငံရဲ့ထောက်ပံ့ ငွေ တစ်လုံးတစ်ခဲကို ပြန်လည်ပေးဆပ်ဖို့ အခက်အခဲရှိနေမှာဖြစ်ပါတယ်။

 

တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ငွေကြေး တစ်လုံးတစ်ခဲ ရင်းနှီးမြှုပ်နှံမယ့် အရေးကိစ္စ ဟာ မြန်မာနိုင်ငံအတွက်ြေ<ွကးမြီထပ်မံတိုး ပွားလာမည့် အရေးကိစ္စဖြစ်ပြီး ဒါဟာ အိန္ဒိယ နိုင်ငံနဲ့ပါ တစ်နည်းတစ်လမ်းအားဖြင့် ဆက် စပ်ပတ်သက်နေတယ်လို့ ဆိုရမှာပါ။ တကယ် လို့သာ မြန်မာနိုင်ငံမှာ ငွေကြေးနဲ့ စီးပွားရေး တည်ငြိမ်မှုမရှိဘူးဆိုရင် အိန္ဒိယနိုင်ငံကိုပါ ထိ ခိုက်လာနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ အနေအထား ကိုကြည့်ရင် ကီလိုမီတာ ၁၆ဝဝ ကျော်ရှိတဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေအဖြစ် တွေ့ရမှာဖြစ်တယ်။

 

အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြားမှာ နှစ်နိုင်ငံ ချိတ်ဆက်လုပ်ကိုင်နေတဲ့ စီမံကိန်း တွေရှိနေပြီး အဲဒီစီမံကိန်းတွေမှာ အိန္ဒိယနိုင်ငံ က ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံထား တဲ့အတွက် မြန်မာနိုင်ငံသာြေ<ွကးမြီအကျပ် အတည်း ပေါ်ပေါက်လာ မယ်ဆိုရင် အိန္ဒိယ နိုင်ငံကိုပါ တစ်နည်းတစ်လမ်းအားဖြင့် ထိခိုက်လာနိုင်စရာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ အိန္ဒိယ နိုင်ငံက လုပ်ကိုင်နေတဲ့ စီမံကိန်းတွေထဲက တစ်ခုဆိုရင် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအထိ ရောက်ရှိမယ့် အဝေးပြေးလမ်းတည်ဆောက်မှု စီမံကိန်းပဲဖြစ်ပါတယ်။ အဆိုပါ အဝေးပြေးလမ်းဟာ ဗီယက်နမ်နိုင်ငံအထိ ခရီးပေါက် အောင် ထပ်မံချိတ်ဆက် ဖောက်လုပ်သွားမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်အထိ အဆက်အသွယ် ပြုနိုင်မယ့် စစ်တွေဆိပ်ကမ်းစီမံကိန်းကို တည် ဆောက် အကောင်အထည်ဖော်နေပြီး ဒီစီမံ ကိန်းဟာ ဘက်ပေါင်းစုံ သယ်ယူပို့ဆောင်ရေး ပုံစံအဖြစ် ပုံဖော်တည်ဆောက်နေတဲ့ စီမံကိန်း လည်း ဖြစ်ပါတယ်။ 

 

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှာ နောက် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုပြုနေတာကတော့ လုံခြုံရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။ အဆိုပါရင်းနှီးမြှုပ်နှံမှုဟာ အရှေ့မြောက်ပိုင်း နဲ့ ဘင်းစတက်(BIMSTEC)မှာရှိတဲ့ သောင်းကျန်းသူတွေကို တန်ပြန်ချေမှုန်းရေး အစီအ စဉ်လည်း ဖြစ်တယ်။ ဒီစီမံကိန်းဟာ လုံခြုံရေး၊ ဆက်သွယ်ရေးနဲ့ ကုန်သွယ်ရေးအပါအဝင် ကဏ္ဍအတော်များများမှာ အိန္ဒိယနဲ့ မြန်မာ နိုင်ငံတို့ကို ပိုမိုအနီးကပ် ပူးပေါင်းဆောင်ရွက် လာစေမှာ ဖြစ်ပါတယ်။

 

ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ တရုတ် နိုင်ငံရဲ့ ကြီးကျယ်လှတဲ့ One Belt, One Road ရည်မှန်းချက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ပမာဏကြီးမားတဲ့ ငွေကြေးရင်းနှီးမြှုပ် နှံမှု ပြုရမှာဖြစ်ပြီး အဆိုပါ ပမာဏကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုကနေ မြန်မာနိုင်ငံအတွက် အတိုး နှုန်းကြီးမားတဲ့ြေ<ွကးမြီအဖြစ် ပေါ်ထွက်လာ ဖွယ်ရာ ရှိပါတယ်။ ငွေကြေးအဖွဲ့အစည်းတွေ ကနေ ချေးငှားပေးတဲ့ နိုင်ငံတကြာေ<ွကးမြီနဲ့ ပတ်သက်လို့ သုည ဒသမ ၁ ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းလောက်သာ နည်းပါးတဲ့ အတိုး နှုန်းနဲ့ ပြန်လည်ပေးဆပ်ရမှာဖြစ်ပေမယ့် တရုတ် ကုမ္ပဏီတွေကတော့ ဘယ်နည်းနဲ့မဆို ခြောက် ရာခိုင်နှုန်းလောက် အတိုးနှုန်းသတ်မှတ်သွား ဖွယ်ရာ ရှိပါတယ်။

 

၂ဝ၁၅ ခုနှစ်က အိန္ဒိယနိုင်ငံရဲ့ မွမ်ဘိုင်း အာမီဒါဘတ် ကျည်ဆန်ရထားလမ်း တည် ဆောက်ရေးအတွက် နှစ် ၅ဝ အြေ<ွကးပြန်ဆပ် ရမယ့်ကာလ သတ်မှတ်ပေးတဲ့အပြင် အတိုး နှုန်း သုည ဒသမ ၁ ရာခိုင်နှုန်းနဲ့အတူြေ<ွကး မြီပမာဏ အမေရိကန်ဒေါ်လာ ၅ဝ ဘီလီယံ ကို ဂျပန်နိုင်ငံက သဘောတူ ခွင့်ပြုပေးခဲ့ပါ တယ်။ မြန်မာနိုင်ငံ တရုတ်ကုမ္ပဏီတွေကို လုပ် ပိုင်ခွင့်ပေးထားတဲ့ မြစ်ဆုံစီမံကိန်းဆိုရင် ကြီး မားတဲ့ အဟန့်အတားတွေနဲ့ ရင်ဆိုင်နေရတဲ့ စီမံကိန်းဖြစ်ပြီး မြစ်ဆုံစီမံကိန်းမှာ တရုတ်နိုင်ငံ က အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ မ,တည်ရင်းနှီးမြှုပ်နှံခဲ့တယ်။ ၂ဝ၁၁ ခုနှစ် စက် တင်ဘာလမှာ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းခဲ့ တယ်။ အမှန်တော့ မြန်မာပြည်သူလူထုက ဧရာဝတီမြစ်မှာ တည်ဆောက်မယ့် ဘယ်လို ဆည်မျိုးကိုမဆို ဆန့်ကျင်နေကြတာဖြစ်တယ်။

 

မြစ်ဆုံစီမံကိန်းကနေထုတ်လုပ်မယ့် လျှပ် စစ်ဓာတ်အား ရာခိုင်နှုန်း ၉ဝ ကို တရုတ် နိုင်ငံကို ရောင်းချပေးရမှာဖြစ်ပြီး ကျန်တဲ့ ၁ဝ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံက ရရှိမှာဖြစ်ပါ တယ်။ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ဖိအား ပေးမှုတွေ ပေါ်ပေါက်လာပြီးတဲ့နောက် မြန်မာ နိုင်ငံသာ အဓိကဦးစားပေးဈေးကွက်ဖြစ်ပြီး ကျန်တဲ့လျှပ်စစ်ဓာတ်အားတွေကို တင်ပို့မယ် လို့ တရုတ်နိုင်ငံက ဆိုလာခဲ့တယ်။ မြန်မာ နိုင်ငံရဲ့ လူဦးရေ ၃၃ ရာခိုင်နှုန်းသာ လျှပ်စစ် ဓာတ်အား ရရှိသုံးစွဲနိုင်နေတာ ဖြစ်ပါတယ်။ တကယ်လို့ မြန်မာနိုင်ငံကသာ မြစ်ဆုံစီမံကိန်း ကို ဖျက်သိမ်းလိုက်မယ်ဆိုရင် မြန်မာနိုင်ငံ အနေနဲ့ တရုတ်နိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၈ဝဝ ပြန်လည်ပေးဆပ်ရမှာဖြစ်တယ်။

 

ဒီအနေအထားဟာ မြန်မာနိုင်ငံအတွက် တော့ အလွန်ဆိုးရွားတဲ့ အနေအထားဖြစ်ပြီး ကျွမ်းကျင်သူတွေကတော့ လက်ရှိအနေအ ထားအရ မြန်မာနိုင်ငံအနေနဲ့ တရုတ်တို့ထံ ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ကိုင်ခွင့်ကို ပေးဖို့ သဘောတူညီဖွယ်ရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံက လုပ်ဆောင်ဖို့ ရည်မှန်းနေတဲ့ နောက်ထပ်စီမံကိန်းတစ်ခုက တော့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ပဲဖြစ် ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက နောက်ထပ် ရင်းနှီးမြှုပ်နှံမယ့်စီမံကိန်းကတော့ စက်မှုလုပ် ငန်းဇုန် စီမံကိန်းဖြစ်ပါတယ်။          

The Economic Times

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Latest from မိုးဆက်ကို

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191