Main menu
HOT NEWS
adv
မြန်မာ - တရုတ် ရေနံပိုက်လိုင်း စီမံကိန်း စတင်လည်ပတ်၊ မြန်မာပြည်အတွက် နှစ်စဉ်ရေနံစိမ်း တန်ချိန်ပေါင်း သိန်း ၂ဝ ပို့မည်

မြန်မာ - တရုတ် ရေနံပိုက်လိုင်း စီမံကိန်း စတင်လည်ပတ်၊ မြန်မာပြည်အတွက် နှစ်စဉ်ရေနံစိမ်း တန်ချိန်ပေါင်း သိန်း ၂ဝ ပို့မည်

နမ့်ခမ်း၊ မေ ၁၉

မြန်မာ-တရုတ် ရေနံပိုက်လိုင်းစီမံကိန်း စတင်လည်ပတ်နေပြီး နှစ်နိုင်ငံသဘောတူစာချုပ်အရ ပိုက်လိုင်းမှ မြန်မာပြည်တွင်းအတွက် နှစ်စဉ်ရေနံစိမ်းတန်ချိန်ပေါင်း သိန်း၂ဝ ပို့လွှတ်မည်ဖြစ်သည်။ မြန်မာ-တရုတ်ရေနံပိုက်လိုင်းစီမံ ကိန်း နမ့်ခမ်းတိုင်းတာရေး Station မှ သတင်းအချက်အလက်များအရ မေ ၁၉ ရက် နံနက် ၁ဝ နာရီ ၁ဝ မိနစ်တွင် မေ ၂ ရက်က မဒဲကျွန်းမှ စတင်ပို့လွှတ်ခဲ့သည့် ရေနံစိမ်းသည် အဆိုပါ Station သို့ ရောက်ရှိခဲ့သည်။


မြန်မာ-တရုတ်ရေနံပိုက်လိုင်းစီမံကိန်းစတင်လည်ပတ်ခဲ့ပြီးနောက် နှစ်နိုင်ငံသဘောတူစာချုပ်အရ ပိုက်လိုင်းစီမံကိန်း စတင်လည်ပတ်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံသဘောတူစာချုပ်အရ ပိုက်လိုင်းမှ မြန်မာပြည်တွင်းအတွက် နှစ်စဉ်ရေနံစိမ်းတန်ချိန်ပေါင်း သိန်း ၂ဝ ပို့လွှတ်မည်ဖြစ်၍ မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ခြင်းကြောင့် ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

bb

အဆိုပါပိုက်လိုင်း မူဆယ် Operation Center Manager  မစ္စတာလီ ကွမ်းပူးက ''ရေနံပိုက်လိုင်းကရရှိလာတဲ့အကျိုးအမြတ်တွေကိုတော့ မြန်မာ- တရုတ်နှစ်နိုင်ငံသဘာတူထားရှိတဲ့ စာချုပ်ပါအချက်တွေအတိုင်း ခွဲဝေသွားမှဖြစ်သလို ကျွန်တော်တို့ ရေနံပိုက်လိုင်းတည်ဆောက်ကတည်းက ပိုက်လိုင်းဖြတ်သန်းတဲ့နေရာဒေသက မြို့တွေ၊ ကျေးရွာတွေမှာလိုအပ်တဲ့ ဆေးပေးခန်းတွေ၊ စာသင်ကျောင်း တွေအပါအဝင် လမ်းတွေကိုပါတည် ဆောက်ခဲ့ပါတယ်။ ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ညှိနှိုင်းပြီးတော့လည်း ဒေသအတွက် လိုအပ်တာတွေဆောင်ရွက်ပေးခဲ့ပါတယ်''ဟုပြောသည်။


မြန်မာနိုင်ငံသည် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ ရရှိနိုင်သည့်အကျိုးအမြတ်မှာ နိုင်ငံတော် အခွန်ဝင်ငွေ၊ နှစ်စဉ် Rightway fee ကန်ဒေါ်လာ သန်းပေါင်း ၁၃ ဒသမ ၈၁ တို့ဖြစ်၍ စီမံကိန်းအစုရှယ်ရာဝင်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုမှအမြတ်ဝင် ငွေ၊ Training  ရန်ပုံငွေနှင့် လူမှုစီးပွား ရေးပံ့ပိုးငွေတို့ကိုလည်း နှစ် ၃ဝ ကြာ ခံစားရမည်ဖြစ်ကြောင်း SEAOP/SEAGP ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

CRH

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616