Main menu
HOT NEWS
adv
နှစ်သက်ရာ ဂဏန်းကို ကံစမ်းနိုင်သည့် အီလက်ထရွန်နစ် ထီစနစ် ဖော်ဆောင်မည့် အောင်ဘာလေ ထီဥပဒေကြမ်း လွှတ်တော်သို့ တင်သွင်း

နှစ်သက်ရာ ဂဏန်းကို ကံစမ်းနိုင်သည့် အီလက်ထရွန်နစ် ထီစနစ် ဖော်ဆောင်မည့် အောင်ဘာလေ ထီဥပဒေကြမ်း လွှတ်တော်သို့ တင်သွင်း

ရန်ကုန်၊ ဇူလိုင် ၁၄

မိမိကြိုက်နှစ် သက်ရာထီဂဏန်းကိုဝယ်ယူကံစမ်းနိုင်သည့် အီလက်ထရွန်နစ်ထီ (E- lottery)စနစ်ကို ဖော်ဆောင်မည့် အောင်ဘာလေထီဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင် သွင်းလိုက်ကြောင်းသိရသည်။ ဇူလိုင် ၁၄ ရက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အစိုးရအောင်ဘာလေ ထီဥပဒေကြမ်းကို ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက တင်သွင်းခဲ့ခြင်း ဖြစ်သည်။


''အီလက်ထရွန်နစ်စနစ် E- lottery စနစ်ကိုအကောင်အထည် ဖော်ခြင်းဖြင့် ထီကံစမ်းလိုသူများ အနေဖြင့် မိမိတို့ကြိုက်နှစ်သက်ရာနံပါတ်ကို မိမိတို့တတ်နိုင်သည့် ပမာဏဖြင့် ဝယ်ယူကံစမ်းနိုင်ခြင်း၊ ထီလက်မှတ်ရောင်းဈေးကို သတ်မှတ် ရောင်းဈေးဖြင့် ဝယ်ယူကံစမ်းနိုင် ခြင်း၊ ထီရောင်းချမှုကျယ်ပြန့်လာနိုင်ခြင်း၊ အောင်ဘာလေထီသိန်းဆု ခွန်ခေါင်းစဉ်မှနိုင်ငံတော်အခွန် ဘဏ္ဍာငွေသိသာစွာပိုမိုတိုးတက်ရ ရှိလာစေခြင်းစသည့်အကျိုးရလဒ်များရရှိစေမှာဖြစ်ပါတယ်''ဟု ပြည် ထောင်စုဝန်ကြီးဦးကျော်ဝင်းက ထပ်လောင်းပြောသည်။ လွှတ်တော်သို့တင်သွင်းခဲ့သည့် အစိုးရအောင်ဘာလေထီဥပဒေကြမ်းတွင် အခန်း(၇)ခန်းနှင့်ပုဒ်မ (၂၂)ခုပါဝင်ပြီး အစိုးရအောင်ဘာ လေထီဥပဒေကြမ်းအပါအဝင် ဥပ ဒေကြမ်းနှင့်သက်ဆိုင်သည့်ကျိုး ကြောင်း ဖော်ပြချက်များကို လွှတ် တော်ကိုယ်စားလှယ်များထံဖြန့်ဝေထားပြီးလွှတ်တော်ဥပဒေ၊ နည်းဥပဒေ များနှင့်အညီဆက်လက်ဆောင်ရွက်မည်ဟု လွှတ်တော်နာယကမှ ကြေညာခဲ့သည်။


အစိုးရအောင်ဘာလေထီဥပ ဒေကြမ်းသည် ပြည်ထောင်စုအခွန်ကောက်ဆိုင်ရာဥပဒေတစ်ခုဖြစ် သဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ကသာတင်သွင်းခွင့်ရှိပြီး ပြည်ထောင် စုလွှတ်တော်တွင်သာ ဆွေးနွေး ဆောင်ရွက်ရမည့်ဥပဒေဖြစ်ကြောင်း သိရသည်။ အစိုးရအောင်ဘာလေထီကို ၁၉၃၈ ခုနှစ်ကထုတ်ဝေရောင်းချ ခဲ့ပြီး အောင်ဘာလေသိန်းဆုခွန် ရောင်းချခြင်းဆိုင်ရာ၊ ထီလက်မှတ် ရောင်းချခြင်း၊ ထီဆုငွေထုတ်ပေး ခြင်းများကို အမိန့်ညွှန်ကြားချက်ဖြင့် သာထုတ်ပြန်ဆောင်ရွက်ခဲ့ခြင်း၊ ထီလက်မှတ်ရောင်းချခြင်းစနစ်ဖြင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယင်းအစိုးရအောင်ဘာလေထီဥပဒေကြမ်းတွင် အခန်း(၇)ခန်း နှင့် ပုဒ်မပေါင်း(၂၂)ခုပါဝင်ပြီး အခန်း (၅)တွင် တားမြစ်ချက်ပုဒ်မ(၅)ခု ပါဝင်သည်။ ယင်းတားမြစ်ချက် ပုဒ်မ (၅)ခုမှာ(၁)ပုဒ်မ-၁၃-ထီလက်မှတ်များထုတ်ဝေခြင်းကို ဝန်ကြီးဌာနကခွင့်ပြုထားသည့်အစိုးရထီရုံနှင့်ထီလုပ်ငန်းရှင်တို့မှအပ မည်သူမှဆောင် ရွက်ခွင့်မရှိစေရ၊ (၂)ပုဒ်မ-၁၄၊မည် သူမျှထီလက်မှတ်များကို ဆင်တူရိုးမှားပြုလုပ်ခြင်း၊ အတုအပပြုလုပ်ခြင်း၊ ပြင်ဆင်ခြင်း(သို့မဟုတ်)ဖြည့်စွက် ခြင်းမပြုရ၊ (၃)ပုဒ်မ-၁၅၊ မည်သူမှဝန်ကြီးဌာနကခွင့်ပြုသတ်မှတ်ထား သည့်ထီလက်မှတ်များမှအပ အခြားထီလက်မှတ်များကို နိုင်ငံတော်အတွင်းတွင် ထုတ်ဝေခြင်းရောင်းချခြင်း၊ မပြု ရ၊ (၄)ပုဒ်မ(၁၆)အစိုးရထီရုံမှ တာဝန် ရှိသူ(သို့မဟုတ်)ထီလုပ်ငန်းရှင်(သို့ မဟုတ်)ထီရောင်းချသူမည်သူမျှထီ လက်မှတ်ကို သတ်မှတ်ထားသည့် ဈေးနှုန်းထက် ပိုမိုရောင်းချခြင်း မပြုရ၊ (၅)ပုဒ်မ-၁၇၊ အစိုးရထီရုံမှအပမည်သူမျှထီဖွင့်ပွဲကို ကျင်းပခြင်းမပြု ရတို့ဖြစ်သည်။


ယင်းပုဒ်မ-(၅)ခု တွင် ပုဒ်မ-၁၃နှင့် ၁၄၊ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ် မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူ ကို အနည်းဆုံးထောင်ဒဏ် ငါးနှစ်မှ အများဆုံး(၁ဝ)နှစ်အထိဖြစ်စေ၊ ထိုထောင်ဒဏ်အပြင်ငွေဒဏ်ကျပ်သိန်း (၅ဝ)မှ ကျပ်သိန်း(၁ဝဝ)အထိ ချမှတ်ခြင်းခံရမည်ဖြစ်သည်။ ပုဒ်မ- ၁၅၊ ၁၆၊ ၁၇ပါတာမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခံရလျှင် ထိုသူသည် အနည်းဆုံးထောင်ဒဏ် ခြောက်လမှ အများဆုံးတစ်နှစ်အထိဖြစ်စေ၊ ထောင်ဒဏ်အပြင်ငွေဒဏ်ကျပ်သိန်း ၃ဝမှ သိန်း ၅ဝအထိချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

YM, MP
#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191