Main menu
HOT NEWS
adv
ယခုဘဏ္ဍာနှစ် သုံးလတာကာလ အတွင်း  ရေထွက်ကုန် တင်ပို့မှုမှ ကန်ဒေါ်လာ ၁၃၂ သန်းကျော် ရရှိ

ယခုဘဏ္ဍာနှစ် သုံးလတာကာလ အတွင်း ရေထွက်ကုန် တင်ပို့မှုမှ ကန်ဒေါ်လာ ၁၃၂ သန်းကျော် ရရှိ

ရန်ကုန်၊ ဇူလိုင် ၁၄

ယခုဘဏ္ဍာ နှစ်သုံးလတာကာလအတွင်း ရေထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁၃၂ သန်းကျော်ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှသတင်းရရှိသည်။ ယမန်ဘဏ္ဍာနှစ်သုံးလတာ ကာလအတွင်း ရေထွက်ကုန်တင်ပို့ မှုမှ ကန်ဒေါ်လာသန်း ၁၃ဝ ကျော်သာရရှိခဲ့ပြီး ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ရေထွက်ကုန် တင်ပို့မှုမှ ကန်ဒေါ်လာ ၁၃၂ သန်း ကျော်ရရှိခြင်းကြောင့် ကန်ဒေါ်လာ နှစ်သန်းနီးပါးခန့်ပိုမိုရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။


ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးထွန်းဝင်းမြင့်က ''မနှစ်ကထက် ရေထွက် ပို့ကုန်တင်ပို့မှုပမာဏတက်လာပေမယ့် တန်ချိန်တင်ပို့မှုမှာတော့လျော့ကျပါတယ်။ မနှစ်က ဧပြီ၊ မေ၊ ဇွန်သုံးလအတွင်းမှာ တန်ချိန် ၉၈၅ဝဝ ကျော်တင်ပို့ထားတယ်။ ဒီနှစ်မှာ တန်ချိန် ၉၄၆ဝဝ ကျော်သာတင်ပို့ ထားတဲ့အတွက် တန်ချိန် ၄ဝဝဝ နီးပါး လောက်လျော့ပါတယ်''ဟု ဇူလိုင် ၁၄ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။ ယင်းသို့ရေထွက်ကုန်တင်ပို့မှု တန်ချိန်ပမာဏလျော့ကျသော်လည်း တင်ပို့သည့်တန်ဖိုးပမာဏ ပိုမိုလာရခြင်းမှာ တန်ဖိုးမြင့်ငါးများ ပြည်ပနိုင်ငံများသို့ပိုမိုတင်ပို့လာ နိုင်ခြင်းကြောင့်ဖြစ်သည်။ ဦးထွန်းဝင်းမြင့်က ''တန်ဖိုး မြင့်ငါးဖြစ်တဲ့ ငါးသလောက်အထိအမည်ကတော်တော်များခဲ့တယ်။ ဒီငါးတွေကိုသိုလှောင်ပြီး အခုဘဏ္ဍာ နှစ်အတွင်းမှာ ပြည်ပတင်ပို့ရောင်း ချလာတာတွေကြောင့် တင်ပို့တဲ့ တန်ချိန်လျော့ပေမယ့်လည်း တန်ဖိုးပမာဏမှာပိုမိုလာတာဖြစ်ပါတယ်'' ဟု ပြောသည်။


လက်ရှိပြည်ပနိုင်ငံသို့ငါးတင်ပို့ရာတွင် ငါးမြစ်ချင်းကိုသာအဓိက ထားတင်ပို့နေပြီး ပြည်ပနိုင်ငံများသို့ ရေထွက်ပစ္စည်းများပိုမိုတင်ပို့လာနိုင်ရန် မွေးမြူရေးကိုအဓိကဦးစား ပေးလုပ်ကိုင်ရမည်ဖြစ်ကြောင်းနှင့် ငါးမွေးမြူရေးတွင်လည်းကာလတို ဖြင့် ဈေးကွက်သို့ဝင်ရောက်နိုင်သော ငါးများ၊ တန်ဖိုးမြင့်ငါးများမွေးမြူ ရန်လိုအပ်ကြောင်းသိရသည်။ မြန်မာနိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ''ထုတ်လုပ်မှုတိုးတက်အောင်မွေးမြူရေးကို အဓိကထားလုပ်ဆောင်ရမယ်။ နောက်ပြီးစားသုံးသူလက်ထဲကို တိုက်ရိုက်မပို့နိုင်ဘဲ တစ်ဆင့်ခံအနေနဲ့လုပ်ကိုင်နေရတာဖြစ်တဲ့အတွက် အကျိုးအမြတ်မှာလျော့နည်းတာလည်းရှိတယ်။ တိုက်ရိုက်တင်ပို့နိုင်ရင်ပိုအကျိုးအမြတ်များနိုင်ပါတယ်'' ဟုပြောသည်။


TEEP
#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191