Main menu
HOT NEWS
adv
စံပယ်တောင်၊ ကြေးစင်တောင်၊ ကြေးနီစီမံကိန်း ကျောက်မှုန်များ လွင့်ပါ၍  ဒေသခံရွာများမှ ကွမ်းရွက်များ ပျက်စီးပြီး ရောင်းမရဖြစ်နေ ဟုဆို

စံပယ်တောင်၊ ကြေးစင်တောင်၊ ကြေးနီစီမံကိန်း ကျောက်မှုန်များ လွင့်ပါ၍ ဒေသခံရွာများမှ ကွမ်းရွက်များ ပျက်စီးပြီး ရောင်းမရဖြစ်နေ ဟုဆို

စစ်ကိုင်း၊ ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ရှိ စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီတူးဖော်ရေးလုပ်ကွက်မှ  ကျောက်မှုန်များလွင့်လာခြင်းကြောင့် စီမံကိန်းအနီးရှိရွာများ၌ စိုက်ပျိုးထားသည့် ကွမ်းခြံများပျက်စီး၍ ကွမ်းရွက်များရောင်းတန်းမဝင်ဖြစ်နေ ကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။ စီမံကိန်းအနီးရှိ ဂုဏ်တောရွာသာ၊ ဒုန်းတောတို့မှ ကွမ်းခြံ ၄ဝဝ ခန့်ရှိ ကွမ်းရွက်များမှာ ညိုမှိုင်းမှိုင်း အရောင်များပြောင်းနေသဖြင့် ၎င်းဒေသထွက်ကွမ်းများကို မုံရွာကွမ်း အဝယ်ဒိုင်များမှ မဝယ်ဘဲပြန်ပို့နေသည်မှာ တစ်လခန့်ကြာပြီဖြစ်ကြောင်း ဒေသခံများကပြောဆိုကြသည်။


''အခုချိန်က မုတ်သုံရာသီဆို တော့ တောင်လေတိုက်တယ်။ စီမံကိန်းက အက်စစ်ငွေ့တွေ ကျောက် မှုန်တွေကတင်တာ၊ ရွာမှာဆို သစ်ပင်တွေနဲ့ အိမ်ခေါင်မိုးတွေက တောင်ဘက်ခြမ်းတွေက ဝါနေတာ။ ဒါကြောင့် တစ်လတစ်ကြိမ်ကုမ္ပဏီကလူတွေ ဒေသခံတွေနဲ့လာတွေ့ပါပြောတယ်။ မရဘူး။ နောက်ပြီး ကျွန်တော်တို့ ရွာက အက်စစ်ဆဲလ်လိုင်းတွေနဲ့နီး လို့ အကာအရံလုပ်ပေးပါပြောတာလည်းမရဘူး''ဟု ဒုန်းတောကျေးရွာ အုပ်စုဥက္ကဋ္ဌ ဦးမြင့်စိန်က ပြောသည်။ ယမန်နှစ်ကလည်း စီမံကိန်းအနီးကျေးရွာအချို့တွင် ယခုကဲ့သို့ ကွမ်းပင်များပျက်စီးခဲ့၍ ကုမ္ပဏီမှ ကွမ်းပင်လျော်ကြေးများပေးခဲ့ဖူး ကြောင်း သိရသည်။


''ကုမ္ပဏီကထွက်တဲ့အမှုန်တွေရဲ့ ဒိုင်ရာမီတာက နိုင်ငံတကာအဆင့်နဲ့ညီတယ်လို့ စစ်ကိုင်းတိုင်း အစိုးရကို ကုမ္ပဏီက တင်ပြထားတယ်။ အန္တရာယ်မဖြစ်ဘူးပေါ့။ ယမ်း ဖောက်ခွဲလို့ အမိုနီယမ်းဓာတ်တွေက အရွက်ပေါ်ကျပြီး ရေနဲ့ထိတွေ့ အရောင်ပြောင်းသွားသလားပေါ့။ ကျွန်တော်လည်း ကုမ္ပဏီကိုတော့ တင်ပြပေးထားပါတယ်''ဟု ကုမ္ပဏီ နှင့်ဒေသခံများအကြား ဆက်ဆံရေးတာဝန်ခံ ဂုဏ်တောရွာ CSD ကိုမျိုး ကျော်ကပြောသည်။ စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီတူးဖော်ရေးစီမံကိန်းကို မြန်မာ-ယန်စီကုမ္ပဏီမှ ဆောင်ရွက် နေခြင်းဖြစ်ပြီး ဇူလိုင် ၁၂ ရက်က စိုက်ပျိုးရေး၊ မြေစာရင်းနှင့် ကုမ္ပဏီက တာဝန်ရှိသူများက ကွမ်းခြံပျက်စီးခဲ့သော ကျေးရွာများကို ကွင်းဆင်း စစ်ဆေး၍ စက်ရုံထွက်အငွေ့များ ကျောက်မှုန့်များကြောင့် ဟုတ်၊ မဟုတ် ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်၍ ကွမ်းရွက်နမူနာများယူဆောင်သွားကြောင်း သိရသည်။


KTS
#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191