Main menu
HOT NEWS
adv
ပြည်ကြီးငါး အဝင်နည်းပါးလာခြင်းကြောင့် ပိဿာချိန် ဈေးနှုန်းမြင့်တက်နေ

ပြည်ကြီးငါး အဝင်နည်းပါးလာခြင်းကြောင့် ပိဿာချိန် ဈေးနှုန်းမြင့်တက်နေ

ရန်ကုန်၊ ဇူလိုင် ၁၆

ဇူလိုင်လအတွင်း ရေငံပင်လယ်ငါးဖြစ်သည့် ပြည်ကြီးငါးအမျိုးစားမှာ ဈေးကွက်သို့အဝင်နည်းပါးလာခြင်းကြောင့် ပိဿာချိန်ဈေးနှုန်းမြင့်တက်နေကြောင်း ငါးတင်ပို့သည့်လုပ်ငန်းများထံမှ သိရှိရသည်။ ရေထွက်ကုန်ဈေးကွက်သို့ ပင်လယ်ငါးအဝင်ရှားပါးသည့် ကာလဖြစ်သောကြောင့် ပြည်ကြီးငါးများမှာလည်း အ ဝင်နည်းလာကာ ပြည်ကြီးငါးပိဿာချိန်ဈေးနှုန်းမှာလည်း တစ်ပိဿလျှင် (၁၅၀၀၀)ကျပ်အထိ မှာယူဈေးရှိနေ ပြီး ပြန်လည်ရောင်းဈေးမှာ (၂)သောင်းကျပ်ဖြစ်ကြောင်း သိရသည်။

“ဒီလပိုင်းမှာ ပြည်ကြီးငါးကို Export ရော၊ Import အတွက်ပါ အဝယ်ရှိနေပေမယ့် ပင်လယ်ဝလိုဘက်တွေက ငါးအဝင်နှုန်းကတော့ တစ်ရက်ကိုပိဿာချိန် နှစ်ထောင်၊ သုံးထောင်လောက်ဘဲရှိတော့ ဈေးကမြင့်နေပါတယ်။” ဟု ရေထွက်ကုန်လုပ်ငန်းရှင် ကိုကျော်ထက်ကပြောသည်။ ပြည်ကြီးငါးကို ပြည်ပတင်ပို့မှုအဖြစ် တရုတ်နိုင်ငံသို့အဓိကရောင်းချနေရပြီး ပြည်တွင်းတင်ပို့မှုအနေဖြင့် မန္တ လေးသို့တင်ပို့ပေးနေရပြီး လက်ရှိတွင်လည်း ရာသီဥတုအခြေနေကြောင့် တရုတ်နိုင်ငံသို့တင်ပို့မှုရပ်နားထား သည့် ရေထွက်ကုန်လုပ်ငန်းများရှိနေကြောင်း သိရသည်။

 

ဇူလိုလတွင် ပင်လယ်ရေငန်ငါးရှားပါးနေသောကြောင့် ပြည်ကြီးငါးအပြင် ပလာတူးငါး၊ ငါးတံခွန်ငါးမျိုးအစားများ မှာလည်း ဈေးကွက်သို့အဝင်နည်းနေကြောင်းသိရသည်။ “အခုချိန်ကတော့ ရေငံပင်လယ်ငါးရှားနေပေမယ့် စက်တင်ဘာလလောက်ဆိုရင်တော့ မှာယူတဲ့ဈေးက (၅၀၀၀) ကျပ်လောက် ပြန်ကျသွားနိုင်ပါတယ်။ လက်ရှိမြို့တွင်းမှာ ဟိုတယ်တွေကိုပို့နေရပါတယ်။ ဒါပေမဲ့ လိုသလောက် တော့ မပိုနိုင်သေးပါဘူး။”ဟု ငါးဝယ်ရောင်းလုပ်ကိုင် မေသူတစ်ဦးကပြောသည်။ ရေငံပင်လယ်ငါးရာသီချိန်ဖြစ်သည့် နှစ်စဉ်စက်တင်ဘာလပိုင်း၌ ဗဟိုစံပြငါးဈေး ရေထွက်ကုန်ဈေးကွက်သို့ နေ့စဉ်ငါးအဝင်ပိဿာချိန်မှာ နှစ်သောင်းမှ သုံးသောင်းအထိရှိကြောင်း သိရသည်။ လက်ရှိ ရန်ကုန်မြို့တွင်း ရေချိုလက်လီ၊ လက်ကားငါးဈေးကွက်တွင်လည်း ငါးမြစ်ချင်း၊ ငါးတန်၊၊ ငါးကြင်းအစရှိ သည့် ငါးအမျိုးအစားများမှာ အရောင်းဝယ်ပြုကောင်းနေကြောင်း သိရသည်။

သူရ (မြစ်မခ)
#theyangontimes

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191