Main menu
HOT NEWS
adv
မုံရွာမြို့သို့ ကုန်စိမ်းသီးနှံ တင်ပို့ရာဒေသများရှိ စိုက်ခင်းများ ရေမြုပ်နေသဖြင့် ကုန်စိမ်းဈေးများ ခုန်တက်

မုံရွာမြို့သို့ ကုန်စိမ်းသီးနှံ တင်ပို့ရာဒေသများရှိ စိုက်ခင်းများ ရေမြုပ်နေသဖြင့် ကုန်စိမ်းဈေးများ ခုန်တက်

မုံရွာ၊ ဇူလိုင် ၁၆

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့သို့ ကုန်စိမ်းသီးနှံများနေ့စဉ်အဓိကတင်ပို့ရာ ကျေးရွာ များရှိ စိုက်ခင်းများတွင် ချင်းတွင်းမြစ် ရေဖုံးလွှမ်းနေမှုကြောင့် ကုန်စိမ်းဈေး များခုန်တက်လျက်ရှိကြောင်း ကုန်စိမ်း ဈေးသည်များထံမှသိရသည်။ ရေနစ်မြုပ်မှုဖြစ်ပွားနေသော မုံရွာမြို့ တောင်ဘက်ကျေးရွာများသည် ချင်းတွင်းမြစ်ရေဝင်နုန်းတင် မြေနုကျွန်းဒေသများဖြစ်ပြီး ကုန်စိမ်းသီးနှံများကို တစ်နှစ်ပတ်လုံးစိုက်ပျိုးကာ မုံရွာနှင့် ချောင်းဦးမြို့များသို့ ကုန်စိမ်းသီးနှံလက်လီလက်ကားတင်ပို့လျက်ရှိသည်။


''ဘူးသီး၊ ငရုတ်၊ တရုတ်နံနံ၊ ဖြူပင်၊ ဖြူထုပ်၊ ဆူးပုပ်ရွက်တွေ အကုန်ဈေးတက်တယ်။ မုန်လာထုပ်၊ မုန်လာပွင့်၊ ဂေါ်ရခါးသီးတွေက မန္တလေး၊ မေမြို့တို့ဘက်ကလာတော့ ဈေးမတက်ဘူး။ တောင်ကျွန်းထဲက ဈေးသည်တွေကသာ မြစ်ရေဝင်လို့လာမရောင်းနိုင်ဘူး၊ ရေမဝင်သေးတဲ့ဆီက မြန်မြန်ခူးဆွတ်ပြီးလာရောင်း ကြတယ်၊ တစ်ချို့ဟာတွေကျ ရေနဲ့ စိုစိုစွတ်စွတ်ဆိုတော့ ရက်ကြာကြာ အထားမခံဘူး''ဟု မုံရွာမြို့ရှိလက် ကားဈေးဖြစ်သော မင်္ဂလာဈေးမှ ကုန်စိမ်းသည်တစ်ဦးက ပြောသည်။


မုံရွာမြို့သို့ ကုန်စိမ်းများအဓိ ကတင်ပို့ရာ ဒေသအချို့နှင့် ကျွန်းထဲ ကျေးရွာပေါင်း ၂ဝ ကျော်၌ မြစ်ရေ ဝင်ရောက်လျက်ရှိပြီး တိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာနစာရင်းအရ ယင်းကျေး ရွာရှိ လူပေါင်း ၆ဝဝဝ ကျော် ရေဘေး လွတ်ရာ မုံရွာ-အမြင့် ချင်းတွင်းမြစ် တာရိုးလမ်းဘေးနှင့် ဘုန်းတော်ကြီး ကျောင်းများသို့ ပြောင်းရွှေ့နေထိုင် နေကြရကြောင်း သိရသည်။ 

 

KTS

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191