Main menu
HOT NEWS
adv
မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းထားသလောက် ဝင်ရောက်ခြင်း မရှိသေး

မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းထားသလောက် ဝင်ရောက်ခြင်း မရှိသေး

ရန်ကုန်၊ သြဂုတ် ၁၁


မြန်မာနိုင်ငံကိုအမေရိကန်နိုင်ငံကစီးပွားရေးပိတ်ဆို့မှု ဖွင့်လှစ်ပေးခဲ့သော်လည်းအမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ် နှံမှုသည် မျှော်မှန်းထားသလောက် ဝင်ရောက်လာခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။ အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအားစီးပွားရေးအရေးယူပိတ်ဆို့ထားခဲ့ရာ ၂၀၁၆ ခုနှစ်အတွင်း ပြန်လည် ဖွင့်လှစ်ပေးခဲ့သော်လည်း မြန်မာနိုင်ငံအတွင်းအမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာသန်း(၂၅၀)ဝန်းကျင်သာဝင်ရောက်လာသေးကြောင်းသိရသည်။


“မလာသေးဘူးလားဆိုတော့ လာတော့လာနေတယ်။ ဒါပေမဲ့လည်းအမေရိကန်ဆိုရင် ကိုကာကိုလာ၊ သီလဝါ စက်မှုဇုန်မှာဝင်တယ်။ ဒါပေမဲ့ သူကအမေရိကန်အနေနဲ့ တိုက်ရိုက်လာတာမဟုတ်ဘဲနဲ့ စင်္ကာပူကတစ်ဆင့် ခံပြီးလာတယ်။ ကျွန်တော်တို့ မျှော်မှန်းတာထက် အမေရိကန်လုပ်ငန်းရှင်ကအခုမှ အမေရိကန် ဒေါ်လာသန်း (၂၅၀)ပဲဝင်ရောက်သေးတယ်။ စီးပွားရေးပိတ်ဆို့မှုလည်းဖွင့်ထားပြီးပြီ။ (၃)နှစ်အတွင်း (၂)ဆလောက် ဖြစ်အောင် ဝင်လာမယ်လို့မှန်းထားတယ်။ အစိုးရကအာမခံလုပ်ငန်းတွေ နိုင်ငံခြားသားဖွင့်ပေးလိုက်ပြီဆိုရင် သေချာပေါက်လာမယ်။ အမေရိကန်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုလာမယ်။”ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကပြောသည်။  အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၌ အာမခံလုပ်ငန်းကဏ္ဍ၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းကဏ္ဍ၊ နည်းပညာလုပ်ငန်းကဏ္ဍ၊ ကျောက်မျက်ရတနာလုပ်ငန်းကဏ္ဍစသည်တို့၌ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လုပ်ကိုင်ရန် စိတ်ဝင်စားနေကြောင်းသိရသည်။


“ကျောက်မျက်ကဏ္ဍနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့ အချို့အမေရိကန်ကုမ္ပဏီတွေရှိတယ်။ အဲဒါမျိုးကလည်း အ စိုးရရဲ့မူဝါဒနဲ့ ဆိုင်တယ်။ အစိုးရကကျောက်မျက်ကဏ္ဍကိုဘယ်လောက်ထပ်ပြီးတော့ဖွင့်မလဲ။ အခုလည်း MIC ဥက္ကဌ ပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီးကျောက်မျက်ကဏ္ဍနဲ့ပတ်သက်ပြီးတော့ ပိုပြီးဖွင့်ဖို့၊ ကျောက်မျက်က ဏ္ဍကိုပိုပြီးချဲ့ထွင်လုပ်နိုင်ဖို့ ညှိနှိုင်းဆွေးနွေးပြင်ဆင်နေတာတော့ ရှိတယ်။ အဲဒါတွေပြီးရင်တော့ သူတို့ အင် အားကောင်းကောင်းနဲ့ဝင်လာမယ်လို့ မျှော်မှန်းပါတယ်။ ဒါပေမဲ့ အမေရိကန်ရင်းနှီးမြှုပ်နှံမှုကစီးပွားရေးအရေးယူပိတ်ဆို့မှု ဖွင့်လိုက်ပေမယ့်လည်းဝုန်းကနဲဝင်လာတာမရှိဘူး။”ဟုဦးအောင်နိုင်ဦးကဆက်ပြောသည်။


မြန်မာနိုင်ငံတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သြဂုတ်လပထမပါတ်အထိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းပေါင်း(၁၁၂)ခုနှင့် ထပ်တိုးရင်းနှီးမြှုပ်နှံမှုအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ(၃၄၈၇.၇၃၂) သန်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း(၄၀)ခုနှင့် ထပ်တိုးရင်းနှီးမြှုပ်နှံမှုအပါအဝင် အမေရိကန်ဒေါ် လာ(၄၈၅.၇၇၆)သန်းဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ယမုံ (မြစ်မခ)
#theyangontimes

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191