Main menu
HOT NEWS
adv
ရန်ကုန်တိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၁၅ဝဝ ကျော်အတွက် လျှောက်ထားသူ တစ်ထောင်ကျော်ရှိ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၁၅ဝဝ ကျော်အတွက် လျှောက်ထားသူ တစ်ထောင်ကျော်ရှိ

ရန်ကုန်၊ သြဂုတ် ၁ဝ

ရန်ကုန်တိုင်း ဒေသကြီးအစိုးရအစီအစဉ်ဖြင့် ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၁၅ဝဝ ကျော်အတွက် လျှောက်ထားသူ တစ်ထောင်ကျော်ရှိကြောင်းသိရသည်။ လျှောက်ထားသူများကို စိစစ်၍ ယခုလကုန်ပိုင်းတွင် ယုဇနတန်ဖိုး နည်းအိမ်ရာ၊ ရွှေလင်ပန်းတန်ဖိုးနည်း အိမ်ရာအပိုင်း ၂၊ ၃ နှင့် ကနောင် တန်ဖိုးမျှ အိမ်ရာတို့ရှိ တိုက်ခန်းများ လျှောက်ထားလိုသူများကို အခန်း ပေါင်း ၁၅၅၂ ခန်းအား ရောင်းချပေး သွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သြဂုတ် ၉ ရက်ကသိရသည်။


''အိမ်ရာဝယ်လိုတဲ့သူက ဃီံ ဘဏ်မှာ ငွေစုပြီး အခန်းတန်ဖိုးရဲ့ ၃ဝ ရာခိုင်နှုန်းပြည့်ရင် အခန်းဝယ်ဖို့ လျှောက်ထားနိုင်တယ်။ အခုရောင်း ပေးမှာက တိုက်ခန်းပေါင်း ၁၅၅၂ ခန်းကို ရောင်းပေးမှာ ဖြစ်ပါတယ်။ ရောင်းချတာက ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ အစီအစဉ်နဲ့ပါ။ အဲဒီအခန်းတွေအတွက် လျှောက်ထား သူက ၁ဝဝဝ ကျော်ရှိပါတယ်။ ကျွန် တော်တို့ စိစစ်နေပါပြီ''ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဝယ်ယူလိုသူများသည် နေအိမ်အမှန်တကယ် မရှိသူများဖြစ်ရမည် ဖြစ်ပြီး တိုက်ခန်းများဝယ်ယူပြီးနောက် နေထိုင်ခွင့် ပေးသည်နှင့် တစ်ပြိုင်နက် နေထိုင်ရမည်ဖြစ်ကာ လက် လွှဲရောင်းချခြင်း၊ အငှားချခြင်း လုံးဝ ပြုလုပ်ခွင့် မရှိပေ။


အဆိုပါတိုက်ခန်းများသည် ဆောက်လုပ်ပြီးစီးသည့် တိုက်ခန်း ပေါင်း ၂ဝဝဝ ကျော်အနက်မှ ၁၅၅၂ ခန်းကို ရောင်းချခြင်းဖြစ်ပြီး ထပ်မံ ဆောက်လုပ်နေကြောင်းသိရသည်။ လျှောက်ထားလိုသူများကို ဇူလိုင် ၁ဝ ရက်မှ ဇူလိုင် ၂၁ ရက် အတွင်း သက်ဆိုင်ရာ CHD ဘဏ်မှတစ်ဆင့် လျှောက်ထားနိုင်ကြောင်းကို ကြေညာထားခဲ့ပြီးနောက် လျှောက်ထားသူ တစ်ထောင်ကျော်ရှိကြောင်း သိရသည်။ 

 

ZCH

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191