Main menu
HOT NEWS
adv
ပင်လယ် ငါးဖမ်းလှေများ ပြန်လည်ဝင်ရောက်မှု နည်းပါးသဖြင့် ငါးလိုအပ်ချက် မြင့်တက်ပြီး ဈေးနှုန်း ခုန်တက်

ပင်လယ် ငါးဖမ်းလှေများ ပြန်လည်ဝင်ရောက်မှု နည်းပါးသဖြင့် ငါးလိုအပ်ချက် မြင့်တက်ပြီး ဈေးနှုန်း ခုန်တက်

ရန်ကုန်၊ သြဂုတ် ၁၁

ပင်လယ်ငါးဖမ်းရေယာဉ်များ ပြန်လည်ဝင်ရောက်မှု နည်းပါးနေခြင်းကြောင့်ဈေးကွက်တွင် ငါးလိုအပ်ချက်မြင့်တက်နေပြီး ဈေးနှုန်း ကြီးမြင့်မှု ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

ပင်လယ်ငါးဖမ်းလုပ်ငန်းရှင် ဦးသီဟက''Close Season ကြောင့် အမှန်တကယ် ဖမ်းဆီးနိုင်တဲ့ ပင်လယ်ငါးဖမ်းသင်္ဘောအားလုံးရဲ့ ၇ဝ ရာခိုင် နှုန်းဟာ မေ၊ ဇွန်၊ ဇူလိုင်သုံးလ ပင်လယ်ပြင်ထွက်ခွာခွင့် မရရှိခဲ့ဘူး။ ဒီလ ၁ ရက်မှသာ ပင်လယ်ပြင်ထွက်ခွာခွင့် ပြန်ရခဲ့တာဖြစ်တဲ့အတွက် အခုရက်ပိုင်း ဝင်ရောက်မှုက နည်းနေသေးတယ်။ ပင်လယ်ငါးအဝင်လည်း နည်းနေချိန်မှာ ကြက်ငှက်တုပ်ကွေးကြောင့် ငါးစားသုံးမှုတွေများလာတော့ ငါးဈေးက တစ်ပိဿာကို ပျမ်းမျှ ၅ဝဝ ကျော်လောက်အထိ မြင့်တက်လာပါတယ်''ဟု သြဂုတ် ၁၁ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။ ယင်းပင်လယ်ပြင်ထွက်ခွာ ငါးဖမ်းဆီးလျက်ရှိသည့် ငါးဖမ်းရေယာဉ်များသည် ယခု သြဂုတ်လကုန်ပိုင်းအတွင်း ပြန်လည်ဝင်ရောက်လာနိုင်ပြီး ပင်လယ် ငါးဈေးကွက်တွင် ငါးဝင်ရောက်မှု ပြန်လည်များလာနိုင်ကြောင်း သိရသည်။


မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်း၏ အထွေထွေ အတွင်းရေးမှူးဦးကျော်နိုင်က ''Close Season မှာ ပင်လယ်ပြင်ထွက်ခွာခဲ့တဲ့ ငါးဖမ်းသင်္ဘော ၃ဝ ရာခိုင်နှုန်းက ပြန်ဝင်လာပေမယ့် ငါးတွေအများကြီး ပါမလာတော့ ဈေးကွက်မှာ အလုအယက်တွေဖြစ်နေတယ်။ သားငါးဈေးမှာလည်း ကြက်သားစားဖို့ လူတွေကြောက်ကြတော့ ပင်လယ်ငါးက အရောင်းအ ဝယ်တော်တော်တက်ပြီး ဈေးလည်းမြင့်တက်လာပါ''ဟုပြောသည်။ 

 

TEEP

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191