Main menu
HOT NEWS
adv
ကျောက်မျက် ရတနာပြပွဲတွင် ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲ ၅၁၉၇ တွဲ အတွက် စုစုပေါင်း ယူရိုသန်း ၅၁၈ ဒသမ ၈၂၄ သန်းဖိုး ရောင်းချနိုင်ခဲ့

ကျောက်မျက် ရတနာပြပွဲတွင် ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲ ၅၁၉၇ တွဲ အတွက် စုစုပေါင်း ယူရိုသန်း ၅၁၈ ဒသမ ၈၂၄ သန်းဖိုး ရောင်းချနိုင်ခဲ့

နေပြည်တော်၊ သြဂုတ် ၁၁

နေပြည် တော် မဏိရတနာကျောက်စိမ်းခန်းမ တွင် ပြုလုပ်ခဲ့သည့် ၂ဝ၁၇ ခုနှစ် (၅၄) ကြိမ်မြောက် ကျောက်မျက်ရတနာပြ ပွဲတွင် ကျောက်စိမ်းအတွဲ ၅ဝ၉၂ တွဲ၊ ကျောက်မျက်တွဲ ၁ဝ၅ တွဲ၊ စုစုပေါင်း ၅၁၉၇ တွဲ၊ ယူရိုသန်း ၅၁၈ ဒသမ ၈၂၄ သန်းဖိုး ရောင်းချနိုင်ခဲ့ကြောင်း၊ သြဂုတ် ၁၁ ရက် ညနေပိုင်းက ကျောက် စိမ်းခန်းမ ရှေ့မျက်နှာစာရှိ အဆောင် တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲ၌ စီမံရေးရာ လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးမှ ပြောကြားခဲ့သည်။

 

''ကျောက်မျက် ၃၂၆ တွဲကို တင်ပြရောင်းချတယ်။ ၁ဝ၅ တွဲ ရောင်း ရတယ်။ ရောင်းရတဲ့တန်ဖိုးက ယူရို ၃ ဒသမ ဝ၆၈ သန်းဖြစ်ပါတယ်။ ကျောက်စိမ်းတွဲကတော့ ခြောက်ရက် ရောင်းခဲ့ပါတယ်။ စုစုပေါင်း ၆၅၆၁ တွဲ တင်ပြတဲ့အခါမှာ ဒီနေ့ညနေ ၃ နာရီထိ(၁၁.၈.၂ဝ၁၇ ရက်အထိ) အရောင်းစာရင်းတွေ ပြီးပြတ်သွားပါ ပြီ။ အားလုံး ၅ဝ၉၂ တွဲ ရောင်းခဲ့ပါတယ်။ စုစုပေါင်းတန်ဖိုးငွေ အနေနဲ့ ယူရို ၅၁၅ ဒသမ ၇၅၆ သန်းရပါတယ်။ ပြပွဲကြီးတစ်ခုလုံးအနေနဲ့ ကျောက်စိမ်းကျောက်မျက် အတွဲပေါင်း ကတော့ ၅၁၉၇ တွဲ ရောင်းချခဲ့ရပြီး တော့ တန်ဖိုးငွေအနေနဲ့တော့ ယူရို ၅၁၈ ဒသမ ၈၂၄ သန်း ရရှိပါကြောင်း တင်ပြလိုပါတယ်။ ဒီနေရာမှာ ပြပွဲရဲ့ လုပ်နေရတဲ့ လုပ်ငန်းစဉ်ကို ရှင်းလင်းတင်ပြရရင်တော့ ကျွန်တော်တို့ ကန ဦးရတဲ့ စာရင်းတွေဟာ စာရင်းများ သာ ရှိပါတယ်။ ဒီရောင်းရတယ်ဆို တဲ့ငွေကိုက အခုမရသေးပါဘူး။

 

ဒီ ကျောက်ဖိုးငွေ ပေးချေဖို့အတွက် ရက် ပေါင်း ၆ဝ၊ အရင် ကျောက်မျက်ပွဲ တွေမှာတော့ ရက်ပေါင်း ၉ဝ ပေးပါ တယ်။ ဒီပြပွဲမှာတော့ ဒီငွေတွေကို ပေး ချေဖို့အတွက် ရက်ပေါင်း ၆ဝ သတ် မှတ်ထားပါတယ်။ ဒီရက်ပေါင်း ၆ဝ အတွင်း ငွေချေရမှာဖြစ်ပါတယ်။ အခုကတော့ ဘာရသလဲဆိုရင် အာမခံ စပေါ်ငွေတွေသွင်းပြီးတော့ ဝယ်/ ရောင်းတာ ဖြစ်တဲ့အတွက် ဒီတန်ဖိုး ရဲ့ ငါးရာခိုင်နှုန်းက သေချာတယ်။ ကျွန်တော်တို့လက်ထဲမှာ ရှိပါပြီ။ ငါး ရာခိုင်နှုန်းတန်ဖိုးကို သူတို့ကျောက် တွဲတန်ဖိုး ပေးချေရင်တော့ ငါးရာခိုင် နှုန်းတန်ဖိုးကို ခုနှိမ်ပြီး သူတို့ငွေချေ တဲ့အထဲကို ထည့်ပေးပါတယ်။ ကျွန် တော်တို့ သတ်မှတ်တဲ့ရက် ကျော်လွန် သွားရင်တော့ ငါးရာခိုင်နှုန်းတန်ဖိုး ကို သိမ်းရပါမယ်။ ပြီးတော့ သတ် မှတ် စည်းကမ်းတွေနဲ့ ဆောင်ရွက်ပါ မယ်''ဟု ကျောက်မျက်ပြပွဲ စီမံရေးရာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော် ဦးက ကျောက်မျက်ပြပွဲအပြီး သတင်း မီဒီယာများသို့ ပြောသည်။

 

ယခုပြပွဲတွင် တင်ပြရောင်းချခဲ့ သည့် ကျောက်မျက်အတွဲပေါင်းမှာ ၃၂၆ တွဲ၊ ကျောက်စိမ်းအတွဲပေါင်းမှာ ၆၅၆၁ တွဲဖြစ်ပြီး ကျောက်စိမ်းအတွဲပေါင်း ၅ဝ၉၂ တွဲရောင်းချနိုင် ကြောင်း၊ ကျောက်မျက်အတွဲပေါင်း ၃၂၆ တွဲတွင် နိုင်ငံတော်၏ အကျိုးတူ ကုမ္ပဏီ ၁၈ ခုမှတင်ပြသည့် ကျောက်မျက်အတွဲ ၇၈ တွဲ၊ ပုဂ္ဂလိကကုမ္ပဏီ ၃၁ ခုမှ တင်ပြသည့် ကျောက်မျက် တွဲ ၁၇၁ တွဲ၊ ရတနာဆိုင် သုံးဆိုင်မှ တင်ပြသည့် ကျောက်မျက်အတွဲ ၄၇တွဲ၊ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ တင်ပြသည့် ၂၉ တွဲနှင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ တင်ပြသည့် လက်ဝတ်ရတနာ တစ် တွဲတို့အား တင်ပြရောင်းချခဲ့ရာတွင် အခြေခံဈေး ယူရို ၅ဝဝ နှင့်အထက် ကျောက်မျက်အတွဲ ၃၂၆ တွဲအား ရောင်းချခဲ့ရာ ယင်းတို့အနက်မှ ကျောက်မျက်အတွဲ ၁ဝ၅ တွဲ ရောင်း ချနိုင်ခဲ့ကြောင်း သိရသည်။

 


ကျောက်မျက်အတွဲများကို သြ ဂုတ် ၂ ရက်မှ ၄ ရက်အထိ ခင်းကျင်း ပြသကာ အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် မဏိရတနာကျောက်စိမ်းခန်းမတွင် ရောင်းချခဲ့ပြီး စုစုပေါင်း ကျောက်စိမ်း အရိုင်း ၆၅၆၁ တွဲတွင် နိုင်ငံပိုင် ကျောက်စိမ်းအချောထည် အတွဲ ၂ဝ၊ နိုင်ငံပိုင် ကျောက်စိမ်းအရိုင်း အတွဲ ၂ဝ၊ နိုင်ငံတ်ာနှင့် အကျိုးတူကုမ္ပဏီ ၈ဝ ခုမှ တင်ပြသည့် ကျောက်စိမ်းအရိုင်း ၂၉ဝဝ၊ ပုဂ္ဂလိကကုမ္ပဏီ ကျောက်စိမ်းအရိုင်း ၃၅၄၅ တွဲ၊ ကျောက်စိမ်း မဟုတ်သည့် အခြားတွင်းထွက် အ ရိုင်း ၁၆ တွဲ၊ ပုဂ္ဂလိက ကျောက်စိမ်း အချောထည် ၂၅ တွဲ၊ ကျောက်စိမ်းနှင့် ဆင်ယင်ထားသည့် ခုတင်သုံးလုံး၊ ကျောက်စိမ်းမဟုတ်သည့် အခြားတွင်း ထွက်အချောထည် ၃၂ တွဲဖြစ်ပြီး သြဂုတ် ၂ ရက်မှ ၅ ရက်အထိ ခင်းကျင်း ပြသသွားခဲ့သည်။

 


အခု(၅၄)ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲကို ပြည်ပရတနာ ကုန်သည်များ တက်ရောက်နိုင်ရန် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ရတနာကုန် သည် ၄၃၂၈ ဦးအား ဖိတ်ကြားခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကုမ္ပဏီ ၁ဝ၉ဝ ခုမှ ရတနာကုန်သည် ၃၄၄၁ ဦး လာရောက်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံမှ ကုမ္ပဏီ ၁ဝ ခုမှ ရတနာကုန်သည် ၂၄ ဦး၊ ပြင်သစ်မှ ရတနာကုန်သည် တစ်ဦး၊ ပြည်တွင်းရတနာကုမ္ပဏီ ၇၉၃ ခုမှ ရတနာကုန်သည် ၁၈၄၅ ဦး လာ ရောက်ကြောင်းသိရသည်။ 

 

MP, MO

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191