Main menu
HOT NEWS
adv
H5N1  ကြက်ငှက်တုပ်ကွေးဖြစ်ပွားခဲ့သော မြိတ်မြို့၌ ကြက်သားနှင့်ကြက်ဥ ရောင်းဝယ်ခွင့်ပြန်လည်ခွင့်ပြုခဲ့သော်လည်း အရောင်းအဝယ်ပါးနေ

H5N1 ကြက်ငှက်တုပ်ကွေးဖြစ်ပွားခဲ့သော မြိတ်မြို့၌ ကြက်သားနှင့်ကြက်ဥ ရောင်းဝယ်ခွင့်ပြန်လည်ခွင့်ပြုခဲ့သော်လည်း အရောင်းအဝယ်ပါးနေ

မြိတ်၊ သြဂုတ် ၂၃


တနင်္သာရီတိုင်း ဒေသကြီးတွင်H5N1  ကြက်ငှက် တုပ်ကွေးရောဂါဖြစ်ပွားခဲ့မှုကြောင့်  ကြက်သားနှင့်ကြက်ဥများ ရောင်း၊ ဝယ်ခွင့်ပိတ်ပင်ခဲ့ပြီးနောက် ပြန် လည်ရောင်းချ ခွင့်ပြုလိုက်သော် လည်း အရောင်းအဝယ်နှေးကွေးနေ ကြောင်း သိရသည်။ ကြက်သားနှင့်ကြက်ဥများ ဈေးကွင်းအတွင်း ပြန်လည်ရောင်းချခွင့် ပေးလိုက်သော်လည်း ဝယ်ယူစား သုံးသူအိမ်ရှင်မများအနေဖြင့် ယခု အချိန်အထိ ကြက်ငှက်တုပ်ကွေး ရောဂါနှင့်ပတ်သက်၍ စိုးရိမ်မှုများ ရှိနေသေးခြင်းကြောင့် ဝယ်ယူစား သုံးမှုနှေးကွေးနေခြင်းဖြစ်သည်။


''အခုချိန်ထိ အိမ်ရှင်မအများ စုက ကြက်ငှက်တုပ်ကွေးရောဂါကို ကြောက်နေတုန်းပဲ။ ဒါကြောင့် ဝယ်ယူစားသုံးမှုတွေ အရမ်းကို နည်းပါးသွားတာ။ အခုရေထွက် ပစ္စည်းတွေဖြစ်တဲ့ ငါး၊ ပုစွန်နဲ့ဟင်း ရွက်သီးနှံတွေကိုပဲ အဓိကဝယ်ယူ စားသောက်နေကြတယ်''ဟု ကြက် သားရောင်းချသူ ဒေါ်မော်မော်လွင် ကပြောသည်။


H5N1 ကြက်ငှက်တုပ်ကွေး ရောဂါမဖြစ်ပွားမီက မြိတ်မြို့မှ ကြက်သားရောင်းချသည့် ဈေးသည်  တစ်ဦးသည် တစ်ရက်လျှင် ကြက် ကောင်ရေ ၅ဝ မှ ၁ဝဝ အကြား ရောင်းချရခဲ့ပြီး တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝဝ မှ  ၆ဝဝဝ အကြား ရောင်းချနေရကာ လက်ရှိတွင် တစ်ဦးလျှင် ကြက်ကောင်ရေ ၁ဝ မှ ၂ဝ အထိသာရောင်းရပြီး ဈေးနှုန်း မှာ တစ်ပိဿာလျှင် ကျပ် ၃ဝဝဝ မှ ၃၅ဝဝ ခန့်သာ ရရှိတော့သည်။

Business 1
''ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ကျွန် တော်တို့ တိုင်ပင်ဆွေးနွေးညှိနှိုင်းပြီး တော့ ခရိုင်အုပ်ချုပ်ရေးက မွေးမြူ ရေးသမားတွေ ဒုက္ခရောက်တယ်။ နောက်ပြီးတော့ ကူးစက်ရောဂါ လည်း ဒီဘက်မှာမဖြစ်တော့ပါဘူး ဆိုတဲ့အပေါ်မှာ ခရိုင်အုပ်ချုပ်ရေး မှူးက ဖြေလျှော့ပေးပြီးတော့ ဒီလ  ၈ ရက်ကစပြီး ဖွင့်ပေးခဲ့ပါတယ်''ဟု တိ/မွေးကု မြိတ်ခရိုင်ဦးစီးမှူး ဒေါက်တာအောင်ကျော်ဇော်က ပြောကြားသည်။

တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ မြိတ်ခရိုင်တွင်းဝင်ရောက်  မှုနှင့် ပတ်သက်၍ သြဂုတ် ၇ ရက် တွင် မွေးမြူရေးသမားများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများတွေ့ဆုံ ခဲ့ကြောင်း သိရသည်။           


      
DMT
#democracytoday

Rate this item
(0 votes)
System

ရန်ကုန် မီဒီယာဂရုပ်သည် ရန်ကုန်တိုင်းမ် နှင့် ဖလားဝါးနယူးစ် တို့ကို အပတ်စဉ်ထုတ်ဝေလျက်ရှိပြီး အွန်လိုင်းသတင်းကဏ္ဍများကို အများပြည်သူသိရှိနိုင်စေရန် အစဉ်တစိုက်တင်ဆက်လျက်ရှိပါသည်။ ယခု အခါ ရန်ကုန်မီဒီယာဂရုပ်၏ သတင်းများကို MPT Web Portal ဖြစ်သည့် lotayamm.com တွင်လည်း ဖတ်ရှုနိုင်ပြီဖြစ်သည်။

Logos

Website: www.theyangontimes.com
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191