Main menu
HOT NEWS
adv
အိန္ဒိယပဲတင်သွင်းမှုကန့်သတ်ချက်ဂယက် နယ်မြို့များကိုပါရိုက်ခတ်၊ ပခုက္ကူနှင့် မြင်းခြံကုန်စည်ဒိုင်များတွင် ပဲအရောင်း အဝယ်ယာယီပိတ်

အိန္ဒိယပဲတင်သွင်းမှုကန့်သတ်ချက်ဂယက် နယ်မြို့များကိုပါရိုက်ခတ်၊ ပခုက္ကူနှင့် မြင်းခြံကုန်စည်ဒိုင်များတွင် ပဲအရောင်း အဝယ်ယာယီပိတ်

ရန်ကုန်၊ သြဂုတ် ၂၃


အိန္ဒိယ၏ ပဲ ဝယ်ယူမှုမူဝါဒအပြောင်းအလဲကြောင့် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်၏အရောင်းအဝယ်ကို ယာယီပိတ်ထား သည့်နည်းတူ ပခုက္ကူ၊ မြင်းခြံကုန်စည် ဒိုင်များတွင်လည်း ပဲစင်းငုံ၊ မတ်ပဲ အရောင်းအဝယ်ကို အကန့်အသတ် မရှိ ယာယီပိတ်ထားရန် ဆုံးဖြတ် လိုက်ကြောင်း သိရသည်။ အဆိုပါဆုံးဖြတ်ချက်ကို သြဂုတ် ၂၃ ရက်က ပခုက္ကူကုန်စည်ဒိုင်နှင့် မြင်းခြံကုန်စည်ဒိုင်တို့တွင် ကျင်းပခဲ့ သည့် အရေးပေါ်အစည်းအဝေးဆုံး ဖြတ်ချက်များအရ ယင်းကဲ့သို့ယာယီ ပိတ်ထားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ် ကြောင်း သိရသည်။


ပခုက္ကူကုန်သည်ပွဲစားများအသင်း ၏ အလုပ်အမှုဆောင် ကိုဇင်မင်းထွန်း က ''မနေ့က ရန်ကုန် ကုန်စည်ဒိုင်က ပဲစင်းငုံ၊ မတ်ပဲကို အရောင်းအဝယ်ရပ် လိုက်တယ်။ အဲဒီသတင်းက ဒီကို ရောက်လာတယ်။ ဒါကြောင့် အစ်ကို တို့အမှုဆောင်အသင်းကလည်း လက်ရှိ ဈေးကွက် အနေအထားအရ ဘာလုပ် သင့်လဲဆိုတာ ပခုက္ကူကုန်စည်ဒိုင်မှာ ကုန်သည်ပွဲစားများအသင်း အလုပ် အမှုဆောင်တွေရယ် ပဲစင်းငုံ၊ မတ်ပဲ၊ အရောင်းအဝယ်လုပ်နေကြတဲ့ ကုန် သည်ပွဲစားတွေရယ် အထူးအရေးပေါ် အစည်းအဝေး တစ်ရပ်ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ပဲစင်း ငုံ၊ မတ်ပဲအရောင်းအဝယ် ရပ်နားခဲ့ ဖြစ်ပါတယ်''ဟု သြဂုတ် ၂၃ ရက် က ပြောသည်။


အိန္ဒိယနိုင်ငံတွင် ပဲအထွက် စံချိန်တင်မြင့်တက်လာခြင်းကြောင့် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းများကို ကန့်သတ်ကုန်စည်အဖြစ်သတ်မှတ် ထုတ်ပြန်ခဲ့သည့်အပေါ် ဘုရင့်နောင် ကုန်စည်ဒိုင်က သြဂုတ် ၂၂ ရက်တွင် အရေးပေါ်အစည်းအဝေး ကျင်းပ ခဲ့ပြီး မတ်ပဲ၊ ပဲစင်းငုံ အရောင်းအဝယ် ကို အကန့်အသတ်မရှိ ယာယီပိတ် ထားခဲ့ကြောင်း သိရသည်။

india pae
ကိုဇင်မင်းထွန်းက ''အိန္ဒိယက ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းတင်သွင်းမှု ကန့်သတ်လိုက်တာဟာ မြန်မာနိုင်ငံ ရဲ့ပဲလောကကိုလာထိခိုက်ပြီး ပဲ ဈေးနှုန်းတွေ ကမောက်ကမဖြစ်စေ တယ်။ ဈေးနှုန်းအတက်အကျဖြစ် တာတင်မဟုတ်ဘဲ ဈေးကွက်က ပျက်စီးနေတယ်။ လောလောဆယ် ပျက်စီးနေတဲ့ဈေးကွက်ကို ရပ်တန့်ပစ် လိုက်တဲ့ကိစ္စက အကောင်းဆုံးနည်း လမ်းတစ်ခုပါ''ဟု သုံးသပ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် ပြည်ပသို့တင်သွင်းရန် ပဲစင်းငုံတန် ချိန်တစ်သိန်းခန့်၊ မတ်ပဲတန်ချိန် သုံးသိန်းခန့်ကျန်ရှိနေပြီး လာမည့် နှစ်တွင် ဈေးကွက်ဝင်ရောက်မည့် ပဲစင်းငုံစိုက်ပျိုးပြီးသား တန်ချိန် သုံးသိန်းခန့်ရှိကြောင်းသိရသည်။


မြင်းခြံပဲကုန်သည် ဦးမြင့်ဝေက ''ဒီနေ့အစည်းအဝေးမှာ ပဲစင်းငုံ၊ မတ်ပဲ တင်မကဘူး။ ပဲတီစိမ်းပါ အရောင်း အဝယ်ပိတ်ထားမယ်လို့ အားလုံး သဘောတူညီချက်နဲ့ ဆုံးဖြတ်ခဲ့ကြ တာပါ။ ဘယ်တော့ပြန်ဖွင့်ဖြစ်မယ်ဆို တာလည်း မပြောနိုင်သေးဘူး။ ထွက် လာမယ့်အဖြေကို စောင့်ကြည့်ပြီး ပြန်ဖွင့်ဖြစ်မှာပါ''ဟု ပြောသည်။ ယင်းသို့ ပခုက္ကူ၊ မြင်းခြံကုန် စည်ဒိုင်များတွင် ပဲစင်းငုံ၊ မတ်ပဲ အရောင်းအဝယ်များပိတ်ထားသော် လည်း မန္တလေးကုန်စည်ဒိုင်တွင်မူ အရောင်းအဝယ်ပိတ်ထားခြင်းမရှိ ကြောင်းသိရသည်။ 

မန္တလေးကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌဦးညွန့်ဝေက ''ကုန်စည်ဒိုင်အနေ နဲ့ ဘယ်ပဲမှ အရောင်းအဝယ်ပိတ် ထားတာမရှိပါဘူး။ ပိတ်ထားတာမရှိ ပေမယ့် ဈေးကွက်ထဲမှာ ပဲစင်းငုံက အရောင်းအဝယ်မဖြစ်ဘူး။ ဝယ်သူရှိ ပေမယ့် ရောင်းသူမရှိလို့သာအရောင်း အဝယ်မဖြစ် တာပါ''ဟု ပြောသည်။ အဆိုပါပဲတင်သွင်းမှုကန့်သတ် ချက်များနှင့်ပတ်သက်၍ စက်တင် ဘာလအတွင်း အိန္ဒိယဝန်ကြီးချုပ် မြန်မာနိုင်ငံသို့လာရောက်မည့်ခရီး စဉ်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာန မှ ဆွေးနွေးညှိနှိုင်းရန်စီစဉ်ထားရှိ ကြောင်းလည်း သိရသည်။  

 TEEP
#democracytoday

Rate this item
(0 votes)
System

ရန်ကုန် မီဒီယာဂရုပ်သည် ရန်ကုန်တိုင်းမ် နှင့် ဖလားဝါးနယူးစ် တို့ကို အပတ်စဉ်ထုတ်ဝေလျက်ရှိပြီး အွန်လိုင်းသတင်းကဏ္ဍများကို အများပြည်သူသိရှိနိုင်စေရန် အစဉ်တစိုက်တင်ဆက်လျက်ရှိပါသည်။ ယခု အခါ ရန်ကုန်မီဒီယာဂရုပ်၏ သတင်းများကို MPT Web Portal ဖြစ်သည့် lotayamm.com တွင်လည်း ဖတ်ရှုနိုင်ပြီဖြစ်သည်။

Logos

Website: www.theyangontimes.com
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191