Main menu
HOT NEWS
adv
တောင်ဒဂုံ မီးလောင်မှုကြောင့် ကျပ်သိန်း ၆ဝဝ ကျော်ဆုံးရှုံးခဲ့ဟုဆို

တောင်ဒဂုံ မီးလောင်မှုကြောင့် ကျပ်သိန်း ၆ဝဝ ကျော်ဆုံးရှုံးခဲ့ဟုဆို

ရန်ကုန်၊ သြဂုတ် ၂၃


တောင်ဒဂုံမြို့ နယ်တွင် ကွန်တိန်နာယာဉ်မှ ဆီ ဘောက်ယာဉ်အား ဝင်ရောက်တိုက် မိရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး အမှုဖွင့်ခံထားရသည့် ယာဉ်မောင်းနှစ်ဦးမှ တစ်ဦးမှာ ရဲစခန်း သို့ လာရောက်အဖမ်းခံခဲ့သည်။ ဖြစ်စဉ်မှာ သြဂုတ်၂၂ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် တောင်ဒဂုံမြို့နယ် (၂၆) ရပ်ကွက် ပြည်ထောင်စုလမ်းမကြီး တောင် မြောက်လမ်းဆုံအနီး၌ ယာဉ်မောင်း ဦး----(စုံစမ်းဆဲ) မောင်းနှင်လာသော 92Ron ဆီတင်ဆောင်လာသည့် ဂါလန် ၄ဝဝဝ ဆံ့ဆီသယ်ယာဉ် မီး လောင်နေကြောင်း သတင်းအရမီး သတ်တပ်ဖွဲ့မှ စုစုပေါင်းမီးငြှိမ်းသတ် ယာဉ် ၅၃ စီး၊ ရေသယ်ယာဉ်ရှစ်စီး၊  အထောက်အကူပြုယာဉ် ၁၁ စီး၊ မိတ် ဖက်ယာဉ်ငါးစီး၊ ကွပ်ကဲမှုယာဉ်ခုနစ် စီးဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး ၁ဝ နာရီ ၂၂ မိနစ်တွင် မီးထိန်းနိုင်ကာ ၁ဝ နာရီ မိနစ် ၅ဝ တွင် မီးငြိမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနထံမှ စုံစမ်းသိရသည်။ (ကနဦး သတင်းဖော်ပြပြီး) ယင်းမီးလောင်မှုကြောင့် 92Ron ဆီသယ်ယာဉ်အပါအဝင် စုစု ပေါင်းယာဉ်ခုနစ်စီးနှင့် အိမ်ခြောက် လုံးတို့ မီးလောင်ခံရ၍ ဆုံးရှုံးမှုတန် ဖိုးငွေကျပ် သိန်း ၆ဝဝ ကျော် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။


မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ မှ Level 4  အဆင့်သတ်မှတ်ကာ လူ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ မီးသတ်အရာရှိတစ်ဦးက ''မီးလောင်မှုဖြစ်ရတာကတော့ ဆီ ဘောက်ဆာယာဉ်တိုက်လိုက်တော့ နောက်ပိုင်းပေါက်ထွက်သွားပြီး ဆီ တွေကဒလဟောကျလာပြီး အိမ်တွေ ဘက်ကိုစီးကျသွားတာပါ။ အဲဒီမှာ အိမ်တွေပါမီးလောင်ကုန်ရော။ မီးဘေး သင့်ပြည်သူကတော့မရှိပါဘူး။ မီး လောင်မှုမှာတော့ ဆီဘောက်ဆာ ယာဉ်ရော၊ အခြားယာဉ်တွေရော အိမ်တွေပါ မီးလောင်ကျွမ်းခဲ့ပါ တယ်။ ပေါက်ကွဲမှုကတော့ အိမ်တွေ ထဲမှာ ဂတ်စ်အိုးတွေ အဲကွန်းတွေ ကြောင့်ပေါ့'' ဟု သြဂုတ် ၂၃ ရက် က ဒီမိုကရေစီတူဒေးသို့ပြောသည်။
မီးလောင်မှုအကြောင်းရင်းမှာ 92Ron ဆီသယ်ယာဉ်အား ယာဉ် မောင်း လှမျိုးသန်းမောင်းနှင်လာ သောကွန်တိန်နာယာဉ်က နောက်မှ ဝင်တိုက်မိသဖြင့် ဆီးသယ်ယာဉ်မှာ ဆီများယိုစိမ့်လာပြီး မီးစတင်လောင် ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း တောင်ဒဂုံ မြို့မရဲစခန်းမှ သိရသည်။

Business 3
ယင်းနှင့်ပတ်သက်ပြီး တောင် ဒဂုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက '' တစ်ယောက်ကတော့လာရောက် အဖမ်းခံပါတယ်။ ဆီဘောက်ဆာ ယာဉ်မောင်းပါ။ ယာဉ်မောင်းနှစ်ဦး စလုံးကိုအရေးယူထားပါတယ်'' ဟု ဒီမိုကရေစီတူဒေးသို့ သြဂုတ် ၂၃ ရက် နေ့လယ်ပိုင်းကပြောသည်။ ယင်းမီးလောင်မှုနှင့်ပတ်သက် ပြီး တောင်ဒဂုံမြို့မရဲစခန်း မှ(ပ) ၁၅၉၄/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ- ၂၇၉/၂၈၅ဖြင့် 92Ron  ဆီသယ် ယာဉ်မောင်းနှင့် ကွန်တိန်နာယာဉ် မောင်းတို့ကို အမှုဖွင့်အရေးယူထား ပြီး မီးလောင်မှုဖြစ်ရာနေရာသို့ ရန် ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့ လာ ရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။ တောင်ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦးညီညီက ''ဒီက နေ့ မနက်မှာဆိုရင်လည်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးက ဖြစ်ပွားတဲ့နေရာကို ရောက်ရှိလာပါတယ်။ ဖြစ်ပွားတဲ့ အိမ်ခြောက်အိမ်နဲ့ဆိုင်ခန်းလေးခန်း နဲ့ဆိုရင် ဆယ်အိမ်ပေါ့။ ဆိုင်ခန်း လေးခန်းကမပါဘူးဆိုတော့ လေး ခန်းစာအတွက်ကို လွှတ်တော်ဥက္ကဋ္ဌ ကကူညီလှူဒါန်းသွားပါတယ်။ ကျန် တဲ့ဟာတွေကိုလည်း အစိုးရကနေ ငွေသားနဲ့ပစ္စည်းတို့ကို လှူဒါန်းသွား ပါတယ်'' ဟု ဒီမိုကရေစီတူဒေးသို့ သြဂုတ် ၂၃ ရက်ကပြောသည်။


ယင်းမီးလောင်မှုနှင့်ပတ်သက် ပြီး ဆီဘောက်ဆာယာဉ်မောင်း ဦးစန်း လှိုင်သည်မူးယစ်ဆေးဝါးတစ်စုံတစ် ရာသုံးစွဲထားခြင်းမရှိကြောင်း တွေ့ ရသည့်အပြင် ယာဉ်မောင်းနှင်သည့် အရှိန်နှုန်းအား ကုမ္ပဏီရုံးချုပ်က GPS  စနစ်ဖြင့် စစ်ဆေးခဲ့ရာ ယာဉ် တိုက်မှုဖြစ်ချိန်တွင် ဆီဘောက်ဆာ ယာဉ်၏ မောင်းနှင်နှုန်းမှာ ၁၆ ကီလို မီတာနှုန်းသာရှိသည်ဟုတွေ့ရှိရ ကြောင်း၊ ယာဉ်မောင်းဦးစန်းလှိုင် သည်ထွက်ပြေးတိမ်းရှောင်ခြင်းမပြု ဘဲ သက်ဆိုင်ရာတာဝန်ရှိ ယာဉ် ထိန်းရဲတပ်ဖွဲ့နှင့် ဒဂုံမြို့သစ် (တောင် ပိုင်း)မြို့မရဲစခန်းသို့ သတင်းပေးပို့ လျက် ရဲစခန်းတွင်သွားရောက်ရှင်း လင်းအစစ်ခံခဲ့ကြောင်း Pongrawe Cargo Link Logistic Co., Ltd   ၏ ဥပဒေအကြံပေးပုဂ္ဂိုလ် တရားလွှတ် တော်ရှေ့နေဦးနေလ၏ သတင်းထုတ် ပြန်ချက်အရသိရသည်။
တရားလွှတ်တော်ရှေ့နေဦးနေ လက ''သတင်းထုတ်ပြန်ထားတာ ဟုတ်ပါတယ်။ မနေ့ညကတည်းက ရဲစခန်းကို ကုမ္ပဏီဘက်ကနေ Contact  လုပ်တယ်။ လိုအပ်တဲ့စစ်ဆေးမှု တွေလုပ်ပြီးတော့ ဒီနေ့မှာပဲရဲစခန်း ကိုသွားရောက်အဖမ်းခံခဲ့ပါတယ်'' ဟု  သြဂုတ် ၂၃ ရက်ကပြောသည်။


၂ဝ၁၇ ခုနှစ် ခုနှစ်လတာအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ပေါ့ဆမီး ၇၈ ကြိမ်၊ လျှပ်စစ်မီး ၄၈ ကြိမ်၊ မီးဖို မီး ၁ဝ ကြိမ်၊ အလိုအလျောက်မီးနှစ် ကြိမ်၊ မသမာသူရှို့မီးလေးကြိမ် စုစု ပေါင်းမီးလောင်မှု ၁၄၂ ကြိမ်ဖြစ်ပွား ခဲ့ပြီး လူ ၁၈ ဦးသေဆုံးကာ ကျပ် သိန်းပေါင်း ၂၃ဝဝ ကျော် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးမီးသတ်ဦးစီးဌာနမှ သိရသည်။

WYHW
#democracytoday

Rate this item
(0 votes)
System

ရန်ကုန် မီဒီယာဂရုပ်သည် ရန်ကုန်တိုင်းမ် နှင့် ဖလားဝါးနယူးစ် တို့ကို အပတ်စဉ်ထုတ်ဝေလျက်ရှိပြီး အွန်လိုင်းသတင်းကဏ္ဍများကို အများပြည်သူသိရှိနိုင်စေရန် အစဉ်တစိုက်တင်ဆက်လျက်ရှိပါသည်။ ယခု အခါ ရန်ကုန်မီဒီယာဂရုပ်၏ သတင်းများကို MPT Web Portal ဖြစ်သည့် lotayamm.com တွင်လည်း ဖတ်ရှုနိုင်ပြီဖြစ်သည်။

Logos

Website: www.theyangontimes.com
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191