Main menu
HOT NEWS
adv
ကြက်ဥ၊ ကြက်သားများကို မန္တလေးမြို့ မနော်ရမံကွင်းတွင် အပတ်စဉ် စနေနေ့တိုင်း ဈေးနှုန်းသက်သာစွာ စတင်ရောင်းချနေ

ကြက်ဥ၊ ကြက်သားများကို မန္တလေးမြို့ မနော်ရမံကွင်းတွင် အပတ်စဉ် စနေနေ့တိုင်း ဈေးနှုန်းသက်သာစွာ စတင်ရောင်းချနေ

မန္တလေး၊ စက်တင်ဘာ ၁ဝ

မန္တ လေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ဖြင့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် (၆၂)လမ်း ပေါ်ရှိ မနော်ရမံလူထုဟစ်တိုင်ကွင်းတွင် စက်တင်ဘာ ၉ ရက်နံနက် ၈ နာရီမှစတင်၍ ကြက်ဥ၊ ကြက်သားများကို အပတ်စဉ်စနေနေ့တိုင်း ဈေးနှုန်းသက်သာစွာ ရောင်းချပေး လျက်ရှိကြောင်းသိရသည်။

 

''အစိုးရအဖွဲ့က ခွင့်ပြုချက် ရထားပြီးပါပြီ။ စာတော့ထွက်မလာ သေးပါဘူး။ အပတ်စဉ် စနေနေ့တိုင်းဈေးနှုန်းသက်သာစွာနဲ့မနော်ရမံကွင်းမှာ ရောင်းချပေးသွားမှာပါ။ အပြင်ဈေးကွက်မှာ ရောင်းချနေတဲ့ ဈေးထက်အများကြီးသက်သာမှာပါ''ဟု မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်ကပြောသည်။ အဆိုပါ မနော်ရမံလူထုဟစ်တိုင်ကွင်းတွင် ကြက်သားတစ်ပိဿာ (အမွေးနုတ်၊ အတွင်းကလီစာပါ) ကို ကျပ် ၂၅ဝဝ၊ ကြက်သားတစ် ပိဿာ(အမွေးနုတ်၊ အတွင်းကလီ စာမပါ)ကို ကျပ် ၃ဝဝဝ၊ ကြက်ဥ ၁၅ လုံးကို ကျပ် ၁ဝဝဝ စသည် ဖြင့် ရောင်းချကြောင်း သိရသည်။


မန္တလေးမြို့ မဟာအောင်မြေ မြို့နယ် (၆၂)လမ်းပေါ်ရှိ မနော်ရမံလူထုဟစ်တိုင်ကွင်းတွင် ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၉ ရက်မှစတင်၍ အပတ်စဉ်စနေနေ့တိုင်း နံနက် ၈ နာရီမှ ညနေ ၆ နာရီထိ ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပါနေရာတွင် အပတ်စဉ်မွေးမြူရေးထုတ် ကုန်ရောင်းချသော နေရာတစ်ခု ဖြစ်လာစေရန် စီစဉ်လျက်ရှိရာ ကြက်ဥ၊ ကြက်သားထုတ်ကုန်များအပြင် နို့နှင့်နို့ထွက်ပစ္စည်းများကိုပါ ရောင်းချပေးနိုင်ရန် စီစဉ်လျက်ရှိသည်။ 

 

AXE

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191