Main menu
HOT NEWS
adv
အိန္ဒိယနိုင်ငံ မဏိပူရ်မှ ကသည်း လူမျိုးများအကြိုက် ငါးကျပ်တင်ခြောက်များ တင်ပို့ရာတွင် ကလေးဒေသထွက် မွေး ငါးကျပ်တင်ခြောက်များသာ တင်ပို့နေ

အိန္ဒိယနိုင်ငံ မဏိပူရ်မှ ကသည်း လူမျိုးများအကြိုက် ငါးကျပ်တင်ခြောက်များ တင်ပို့ရာတွင် ကလေးဒေသထွက် မွေး ငါးကျပ်တင်ခြောက်များသာ တင်ပို့နေ

မဏိပူရ်၊ စက်တင်ဘာ ၁ဝ

မြန်မာ-အိန္ဒိယနယ်စပ်တွင် နှစ်စဉ်အရောင်းအဝယ်တွင်ကျယ်မှုရှိခဲ့သည့် ချင်းတွင်းအထက်ပိုင်း ဟုမ္မလင်းနယ်ထွက် နန်းသညက်ငါးကျပ်တင် ခြောက်မှာ ယခုအခါတင်ပို့ရောင်းချမှုနည်းပါးလာသည့်အတွက် ကလေးဒေသထွက် မွေးငါးကျပ် တင်ခြောက်များသာ အများဆုံး အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

 

''လွန်ခဲ့တဲ့နှစ် တော်တော်ကြာကြာက ချင်းတွင်းအထက်ပိုင်း နန်းသညက်ငါးကျပ်တင်ခြောက်ကို တစ်ဖက်နိုင်ငံက ဈေးကောင်း ပေးဝယ်တယ်။ ကျန်တဲ့ အင်းငါး မြစ်ငါးကျပ်တင်ခြောက်တွေက ဒုတိယတန်းစားအနေနဲ့ အရောင်း အဝယ်ဖြစ်တယ်၊ မွေးငါးကျပ်တင် ခြောက်က ဝယ်မယ့်သူရှားခဲ့တယ်၊ အခုတော့ ချင်းတွင်းမြစ်ငါးကျပ် တင်ခြောက်အဝင်နည်းတော့ မွေးငါး ကျပ်တင်ခြောက်တွေကို ဆိုင်တင် ရောင်းနေရတယ်''ဟု နန်းဖာလုံ ဈေး ငါးကျပ်တင်ခြောက်ဆိုင်မှ ဒေါ်တုတ်က ပြောကြားသည်။


အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၌ သီတင်းကျွတ်ရာသီတွင် နှစ်စဉ်ကျင်းပသည့် ရိုးရာပွဲတစ်ခုဖြစ်သည့် ငါးစားပွဲတော်နီး ကပ်လာချိန် တမူးနယ်စပ် နန်းဖာလုံဈေးတွင် ငါးကျပ်တင်ခြောက် ဝယ်ယူသူများ ပြားလျက်ရှိပြီး၊ ကလေး ဒေသထွက် မွေးငါးကျပ်တင်ခြောက်မှာလည်း ပိဿာချိန်ထောင်ချီ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။


ကလေးဒေသထွက် မွေးငါး ကျပ်တင်ခြောက်မှာ နယ်စပ်နန်း ဖာလုံဈေးအရောက်တွင် တစ်ပိ ဿာ ကျပ် ၁၂ဝဝဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကလေး မြို့တွင် ငါးကျပ်တင်ခြောက် တစ်ပိဿာမှာ ကျပ် ၆ဝဝဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကာ ကလေးမြို့ဒေသထွက် ငါးကျပ်တင်ခြောက်ကို တမူးမြို့နယ်စပ်မှ အများဆုံးဝယ်ယူပြီး၊ ချင်းပြည် နယ်မြို့ကြီးများနှင့် ရိဒ်နယ်စပ် မီဇိုရမ်သို့လည်း တင်ပို့ရောင်းချ ကြောင်း သိရသည်။ 

 

MOS

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191