Main menu
HOT NEWS
adv
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ရန်ကုန်ဆိပ်ကမ်းမှ အဓိက တင်ပို့မည်ဖြစ်သော်လည်း ကုန်ကျစရိတ် လျှော့ချနိုင်ရန် ပုသိမ်နှင့် စစ်တွေဆိပ်ကမ်းများမှ တိုက်ရိုက် တင်ပို့မည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ရန်ကုန်ဆိပ်ကမ်းမှ အဓိက တင်ပို့မည်ဖြစ်သော်လည်း ကုန်ကျစရိတ် လျှော့ချနိုင်ရန် ပုသိမ်နှင့် စစ်တွေဆိပ်ကမ်းများမှ တိုက်ရိုက် တင်ပို့မည်

ရန်ကုန်၊ စက်တင်ဘာ ၁၁

မြန်မာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်နိုင်ငံ အစိုးရချင်း G to G  စနစ်ဖြင့် ဆန်တင်ပို့ရာတွင် ရန်ကုန်ဆိပ်ကမ်းမှ အဓိကတင်ပို့မည်ဖြစ်သော်လည်း ပုသိမ်နှင့်စစ်တွေဆိပ်ကမ်းတို့မှ တိုက်ရိုက်တင်ပို့နိုင်ရန်လည်း စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှသိရသည်။ ယင်းကဲ့သို့ ပုသိမ်ဆိပ်ကမ်း နှင့်စစ်တွေဆိပ်ကမ်းတို့မှ ဘင်္ဂလား ဒေ့ရှ်သို့သင်္ဘောဖြင့် တိုက်ရိုက်ဆန် တင်ပို့ခြင်းဖြင့် Logistics cost သက်သာမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယ ဥက္ကဋ္ဌဒေါက်တာစိုးထွန်းကပြော သည်။


''G to G အစီအစဉ်နဲ့ဘင်္ဂလားဒေ့ရှ်ကို ဆန်တင်ပို့တာကို ရန် ကုန်ဆိပ်ကမ်းကပဲအဓိကထားပို့မှာ ပါ။ ပုသိမ်နဲ့စစ်တွေဆိပ်ကမ်းကနေလည်း ဘင်္ဂလားဒေ့ရှ်ကိုဆန်တိုက် ရိုက်ပို့နိုင်အောင်စီစဉ်နေတယ်။ လက်ရှိမှာတော့ ဈေးနှုန်းဘယ် လောက်၊ ဆိပ်ကမ်းတစ်ခုကနေ တန်ချိန်ဘယ်လောက်ပို့မယ်ဆိုတာတော့ မတွက်ရသေးဘူး။ အရင်က ပုသိမ်တို့ စစ်တွေဆိပ်ကမ်းတို့က တင်ပို့တာလုပ်ဖူးပေမယ့်တန်ချိန် နည်းပါတယ်''ဟု ၎င်းကပြောသည်။  ရန်ကုန်ဆိပ်ကမ်းအပြင် ပုသိမ်ဆိပ်ကမ်းနှင့် စစ်တွေဆိပ်ကမ်းများကိုပါ ထည့်သွင်းအသုံးပြုပြီးသင်္ဘော တင်လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့၏ ဆန်စက်လုပ်ငန်း၊ ဆန်စပါးတင်ပို့ရောင်းချသည့် လုပ်ငန်းများဖွံ့ဖြိုးရေးကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ ၇ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိ Ministry of Food တို့ G to G  စနစ်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန် ဖြူတန်ချိန်နှစ်သိန်းခွဲနှင့် ပေါင်းဆန် တန်ချိန်ငါးသောင်း၊ စုစုပေါင်းဆန် တန်ချိန်သုံးသိန်းကို ပေါက်ဈေးဖြင့် အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုရန် MoU ရေးထိုးခဲ့ကြခြင်းဖြစ်သည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာ့ဆန်တင်ပို့ရေးကို မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်နှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံဆန်ကုန်သည်တို့က(B to B) အစီအစဉ်ဖြင့် ဆက်လက်တင်ပို့ ရောင်းချကြမည်ဖြစ်သည်။ ယခင်ကဘင်္ဂလားဒေ့ရှ်ဈေး ကွက်သို့ တန်းနိမ့်ဆန်များတင်ပို့နေရာမှ ယခုအခါ G to G အစီအစဉ် ဖြင့် ဆန်အရောင်းအဝယ်ပြုလုပ် နိုင်ခြင်းကြောင့် တန်းလတ်၊တန်း မြင့်ဆန်များကိုပါစနစ်တကျတင် ပို့ရောင်းချနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။ မြန်မာ့ဆန်ကို ပြည်ပသို့တင် ပို့ရောင်းချရာတွင် ယခု၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်းဆန်တန် ချိန် နှစ်သန်းတင်ပို့နိုင်ရန်မျှော်မှန်းထားပြီး ယခုဘဏ္ဍာနှစ်အစမှ သြဂုတ် ၃၁ ရက်အထိ ဆန်တန်ချိန် ၁ ဒသမ ၂ သန်းကျော်တင်ပို့ထား ပြီးဖြစ်ကြောင်း သိရသည်။


TTMT

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191