Main menu
HOT NEWS
adv
စစ်ကိုင်းတိုင်း လယ်ယာမြေနှင့် အခြားမြေ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ၏ ကွင်းဆင်း ကုန်ကျစရိတ်များ တစ်နှစ်ကျော်သည် အထိ မရသေးဟုဆို

စစ်ကိုင်းတိုင်း လယ်ယာမြေနှင့် အခြားမြေ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ၏ ကွင်းဆင်း ကုန်ကျစရိတ်များ တစ်နှစ်ကျော်သည် အထိ မရသေးဟုဆို

မုံရွာ၊ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်း လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများပြန်လည် စိစစ်ရေးကော်မတီ(လယ်ပြန်စစ်)အား ဗဟိုလယ်ပြန်စစ်ကော်မတီမှ တိုင်းဒေသကြီး ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအထိ တရားဝင်ဖွဲ့စည်း ပေးထားပြီး ကော်မတီဖွဲ့စည်းပေး ချိန်မှစ၍ တစ်နှစ်ကျော်ကာလအထိ လယ်ယာမြေအမှုများအတွက် ကွင်းဆင်းစစ်ဆေးမှုတွင် ကော်မတီဝင်များ သွားလာရေးကုန်ကျစရိတ်များ ယနေ့အထိမရရှိသေး ကြောင်း လွှတ်တော်ကိုယ်စား လှယ်များထံမှ သိရသည်။ ၎င်းတို့၏ ကုန်ကျစရိတ်များကို ဗဟိုကော်မတီမှ ချမှတ်ပေးသည့်အတိုင်း တိုင်းဒေသကြီး ရသုံး မှန်းခြေငွေစာရင်းတွင် ထည့်သွင်း ရေးဆွဲပြီး ချီးမြှင့်ပေးရန် လိုအပ် နေကြောင်း ကော်မတီဝင်များက ပြောကြားသည်။


''ကျွန်မတို့ဆို နယ်မှာအခေါက် ၄ဝ လောက် ကွင်းဆင်းစစ်ရတယ်။ ကျွန်မတို့ကိုယ်စားလှယ်က ကိစ္စမရှိဘူး။ လယ်သမားကိုယ်စားလှယ်ကျသူတို့ခမျာ လစာမရဘူးလေ။ ပိုက်ဆံက ရသုံးမှန်းခြေမှာထည့် ပြီးပေးမှာလို့ အာမခံပြီးခေါ်ထားရတာ။ အစ်မတို့နဲ့အမြဲတမ်းလိုက်တာ တောင်သူကိုယ်စားလှယ်တွေပဲ။ ရပ်/ကျေးအနေနဲ့က ကိစ္စမရှိဘူး။ မြို့နယ်အဆင့်ကျ ကွင်းဆင်း စစ်ရတော့ စာရွက်စာတမ်းနဲ့အသုံးစရိတ်၊ ဆိုင်ကယ်ဆီဖိုးတွေ ကုန်ထားတယ်။ အမှန်ကတိုင်း ဒေသကြီး ဘတ်ဂျက်အောက်က နေ ထည့်ဆွဲပေးထားရမှာ။ ဌာနဆိုင်ရာတွေပါပေမယ့် သူတို့က ပူးပေါင်းပါဝင်မှုအားနည်းတယ်''ဟု ဒီပဲယင်းမြို့မှတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ် နှင်းခိုင်စိုးက စက်တင်ဘာ ၁ဝ ရက်တွင်ပြောသည်။ ကုန်ကျစရိတ်များအား ဘတ်ဂျက်ကျခံသုံးစွဲရာတွင် နိုင်ငံတော် ဘတ်ဂျက်မှ လျာထားသုံးစွဲရန် စီစဉ်ထားသော်လည်း ၂ဝ၁၇-၂ဝ၁၈ ဘတ်ဂျက်တွင် ပါဝင်ခြင်းမရှိ၍ အနီးဆုံးဘတ်ဂျက်တွင်ထည့်ပေး နိုင်ရန်ကိုလည်း ပြီးခဲ့သောတိုင်း ဒေသကြီး လွှတ်တော်နဝမပုံမှန်အစည်းအဝေးတွင် ကလေးမြို့မဲဆန္ဒ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က တင်ပြခဲ့ ကြောင်း သိရသည်။


''ကုန်ကျစရိတ်တွေကို ဗဟိုက ချမှတ်ပေးထားတဲ့မူအတိုင်းရ သုံးမှန်းခြေစာရင်းမှာထည့်ရေးဆွဲ ဖို့ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်လယ်ပြန်စစ်ကော်မတီအသီးသီးကနေ စရိတ်တွေတွက်ချက် တင်ပြလာရင် ဗဟိုကော်မတီကို ဆက်လက်တင်ပြပေးသွားမှာပါ။ စားစရိတ်၊ ခရီးသွားလာစရိတ်အတွက် လိုအပ်ရင် ဌာန ခွင့်ပြုရန်ပုံ ငွေကနေ မျှတသုံးစွဲဆောင်ရွက်ပါ တယ်။ စရိတ်စကကောက်ခံတာ တွေလုပ်ရင်တော့ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမှာပါ''ဟု တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံကပြောသည်။ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီအတွက်အသုံး ပြုမည့်ကုန်ကျစရိတ်များကို ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် ထည့် သွင်းဆောင်ရွက်နိုင်ရေးညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


KTS

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191