Main menu
HOT NEWS
adv
မြန်မာ့စီးပွားရေး လာမည့်သုံးနှစ်အတွင်း တစ်နှစ်လျှင် ၇ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

မြန်မာ့စီးပွားရေး လာမည့်သုံးနှစ်အတွင်း တစ်နှစ်လျှင် ၇ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

ရန်ကုန်၊ စက်တင်ဘာ ၁၂- မြန်မာ နိုင်ငံ၏ စီးပွားရေးသည် လာမည့်သုံးနှစ်အတွင်း တစ်နှစ်လျှင် ၇ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ်ကခန့်မှန်းထား ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

စက်တင်ဘာ ၁၂ ရက်က နေပြည်တော်ရှိ MICC-2 တွင်    မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ဟောင်ကောင်အခြေစိုက် Euromoney Instituional Inverstor(Asia) တို့ပူးပေါင်း ကျင်းပပြုလုပ်သည့် Myanmar Global Investment Forum ဖွင့်ပွဲ အခမ်းအနား၌ပြောကြားခဲ့ ခြင်းဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ''Asian Development Bank ရဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ အချိန်တိုအတွင်းတိုးတက်လာပြီး ၂ဝ၁၇ ရဲ့ GDP က ၇ ဒသမ ၇ ရာခိုင် နှုန်း၊ ၂ဝ၁၈ မှာ ၈ ရာခိုင်နှုန်းဖြစ် လာမယ်လို့သိရပါတယ်။ ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံရဲ့စီး ပွားရေးဟာ လာမယ့်သုံးနှစ်အတွင်း မှာ တစ်နှစ်ကို ၇ ဒသမ ၁ ရာခိုင် နှုန်းတိုးတက်လိမ့်မယ်လို့ခန့်မှန်း ထားပါတယ်''ဟုပြောသည်။

လက်ရှိစီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနအနေဖြင့် JICA ၏အကူအညီဖြင့် FDIPP (Foreign Direct Investment Promotion Plan) ကိုဆောင်ရွက်လျက်ရှိပြီး ယင်းအစီအစဉ်အရ ၂ဝ၁၆-၂ဝ၂ဝ နှစ်လယ်တွင် FDI အမေရိကန်ဒေါ်လာလေးဘီလီယံ ရရှိရန်၊ စီးပွားရေးဦးမော့လာရန် နှင့် ဆင်းရဲမှုလျှော့ချနိုင်ရေးတို့ အတွက် နှစ်စဉ် FDI အမေရိ ကန်ဒေါ်လာခြောက်ဘီလီယံရရှိ ရန်ရည်မှန်းထားကြောင်း သိရသည်။

ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက''FDIPP စီမံကိန်းရဲ့ ပထမပိုင်းကို ၂ဝ၂၁-၂ဝ၂၅ မှာ ဆက်လက်ဆောင်ရွက်သွားတဲ့အခါ တစ်နှစ်ကို အမေရိကန်ဒေါ်လာရှစ်ဘီလီယံရဖို့ ရည်မှန်းထားပါတယ်။ ဒုတိယပိုင်းကို ၂ဝ၂၆- ၂ဝ၃ဝ မှာ ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး ပြည်တွင်းထုတ်လုပ်မှု တွေမြင့်မားလာရေးကို အခြေခံထားပါတယ်။ အဲဒီကာလမှာ FDI ပမာဏတစ်နှစ်ကို ဒေါ်လာ ၁၁ ဘီလီယံရဖို့ရည်မှန်းထားပါတယ်။ FDIPP ကို မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်နဲ့ နည်းဥပဒေတွေ အရ မကြာတော့တဲ့ကာလမှာ ဆက်လက်ပြီး Update လုပ်သွား ပါမယ်''ဟု ပြောသည်။

MP, DemocracyToday

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191