Main menu
HOT NEWS
adv
ရွှေဘို စပါးဈေးကွက်တွင် ယမန်နှစ်ကထက် နွေစပါးဈေးကောင်းရပြီး အရောင်းအဝယ် သွက်နေ

ရွှေဘို စပါးဈေးကွက်တွင် ယမန်နှစ်ကထက် နွေစပါးဈေးကောင်းရပြီး အရောင်းအဝယ် သွက်နေ

ရွှေဘို၊ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၌ ယခင်နှစ်ကာလတူ အချိန်ထက်နွေစပါးများဈေးကောင်းရပြီး အရောင်းအဝယ်သွက်နေကြောင်း ဒေသခံ တောင်သူများထံမှသိရသည်။ ယခင်နှစ်က နွေစပါးတင်း ၁ဝဝ လျှင်ကျပ်လေးသိန်းခွဲဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယနေ့အချိန်တွင် နွေစပါးဈေးနှုန်း မြင့်မား၍နွေစပါးအမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်၍စပါးတင်း ၁ဝဝ လျှင်ကျပ် ၅ဝဝဝဝဝ မှ ကျပ် ၅၇ဝဝဝဝ အထိ အရောင်း အဝယ်ဖြစ်နေကြသည်။


''ရွှေဘိုဒေသနွေစပါးကတော့ ယခင်နှစ်ကာလတူထက် စပါးတင်း ၁ဝဝ မှာ ကျပ်တစ်သိန်းကျော် ပိုမို မြင့်မားနေပါတယ်။ အိန္ဒိယမှာဆန် ဈေးမြင့်တက်လာပြီး ဘင်္ဂလားဒေ့ရှ်က မြန်မာ့ဆန်ဝယ်ယူဖို့ ပြင်ဆင်နေတာကြောင့် ပြည်တွင်းဆန်ဈေးမြင့်တက်လာနိုင်တယ်လို့ ရွှေဘိုဆန်ဈေးကွက်က ဝေဖန်သုံးသပ်နေကြတယ်'' ဟု ရွှေဘိုမြို့နယ်ကျားကျေးရွာမှ တောင်သူဦးဖိုးပြားကပြောကြားသည်။  ရွှေဘိုဆန်ဈေးကွက်တွင် ပေါ်ဆန်းဆန် ၂၄ ပြည်ဝင် တစ်အိတ်လျှင် ကျပ် ၄၈ဝဝဝ ဝန်းကျင်၊ မိုး သုခရှယ် ၂၄ ပြည်ဝင်တစ်အိတ် လျှင်ကျပ် ၂၆၅ဝဝ ဝန်းကျင်၊ ပေါ် ဆန်းနယ်စုံ၂၄ ပြည်ဝင်တစ်အိတ်လျှင် ကျပ် ၃၃ဝဝဝ-၄၅ဝဝဝ ဝန်း ကျင်၊ နွေစပါးဆန်မျိုးစုံ ၂၄ ပြည် ဝင်တစ်အိတ်လျှင်ကျပ် ၂၁၅ဝဝ ဝန်း ကျင်ဈေးရှိနေသည်။ အဆိုပါ ဒေသအတွင်း ၂ဝ၁၇ ခုနှစ်နွေစပါးကို သဖန်းဆိပ်ဆည် ရေဖြင့် လယ်မြေဧကပေါင်းနှစ်သိန်း ခွဲကျော်ခန့်စိုက်ပျိုးခဲ့ရာ ယခုအခါ စပါးအထွက်နှုန်းကောင်း၍ နွေစပါး ဈေးကောင်းရနေခြင်းဖြစ်ကြောင်းသိရသည်။ 

 

YNTW

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191