Main menu
HOT NEWS
adv
ပြည်ပမှ ဝက်သား တရားဝင် တင်သွင်းရန် လျှောက်ထားသူများရှိလာ၊ အကူအညီပေးသွားမည်ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချု ဆို

ပြည်ပမှ ဝက်သား တရားဝင် တင်သွင်းရန် လျှောက်ထားသူများရှိလာ၊ အကူအညီပေးသွားမည်ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချု ဆို

ရန်ကုန်၊ စက်တင်ဘာ ၁၃

ပြည်တွင်း၌ ဝက်သားစားသုံးမှုမြင့် တက်လာခြင်းကြောင့် ပြည်ပမှ ဝက်သားတရားဝင်တင်သွင်းနိုင်ရန် လာရောက်လျှောက်ထားသူများရှိလာကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သတင်းရရှိသည်။ ကြက်ငှက်တုပ်ကွေး(ံ၅ြ၁)ရောဂါဖြစ်ပွားခဲ့ချိန်တွင် ကြက်သားစားသုံးမှုလျော့ကျလာပြီး ငါးအပြင် ဝက်သားစားသုံးမှုမြင့်တက် လာခြင်းဖြစ်သည်ဟုသိရသည်။

မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ဒုတိယဥက္ကဋ္ဌ ဦးဝင်းစိန်က ''ကြက်ငှက်တုပ်ကွေး (ံ၅ြ၁)ကြောင့် ကြက်သားမစား သုံးတဲ့အချိန်မှာ ငါးအပြင် ဝက်သားပါစားလာတဲ့အတွက် ဈေး ကွက်လိုအပ်ချက် ပိုများလာပါတယ်။ ဈေးကွက်လိုအပ်ချက်ပိုများ လာတာကြောင့် နိုင်ငံခြားကနေ ဝက်သားတင်သွင်းချင်တဲ့ပုဂ္ဂိုလ် တွေက တင်သွင်းနိုင်ဖို့လာရောက် လျှောက်ထားကြပါတယ်။ နိုင်ငံ ခြားကနေ တရားဝင်ကွန်တိန်နာ နဲ့တင်သွင်းမယ်ဆိုရင်တော့ ရေ ရှည်ကိုယ့်နိုင်ငံတွင်း ဝက်သားဈေး တည်ငြိမ်ရေးအတွက် လှိုက်လှိုက်လှဲလှဲပံ့ပိုးကူညီသွားမှာပါ''ဟု စက်တင်ဘာ ၁၂ ရက်ကပြောသည်။


လက်ရှိပြည်တွင်းဝက်မွေး မြူရေးလုပ်ငန်းများသည် မျိုးဝက်ရှားပါးခြင်းကြောင့် မွေးမြူရေးလုပ် ငန်းများတွင်အခက်အခဲများတွေ့ လျက်ရှိပြီး ဝက်သားထုတ်လုပ်မှု ကျဆင်းကာ အသားဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း၊ ဝက်မွေး မြူရေးလုပ်ငန်းများဖွံ့ဖြိုးခြင်းဖြင့် ဝက်သားဈေးနှုန်းကျဆင်းလာစေရန် မျိုးဗီဇမြင့်ဝက်များကို ပြည်ပမှ တင်သွင်းရန်လိုအပ်ကြောင်း သိရသည်။ ပဲခူးမြို့ရှိ ဝက်မွေးမြူရေးလုပ် ငန်းရှင် ဦးလှမြင့်က ''ဝက်တွေက ၂ဝ၁၄ ခုနှစ်လောက်က ဝက်ရောဂါကျပြီးအများကြီးသေခဲ့တယ်။ သေတဲ့ထဲမှာမျိုးဝက်မတွေလည်းပါသွားတယ်။ အဲဒီတုန်းကဝက်သားပေါက်ထုတ်လုပ်မှုကတော် တော်ကျပြီး အခုထိဝက်သားပေါက် ရှားပါးလာတာဖြစ်လာတယ်။ ဒါ ကြောင့် ပြည်ပကမျိုးဗီဇမြင့်ဝက် တွေသာတင်သွင်းနိုင်မယ်ဆိုရင် ဝက်မွေးမြူရေးသမားတွေအတွက် အကောင်းဆုံးဖြစ်မှာပါ''ဟု ပြောသည်။


TEEP

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191