Main menu
HOT NEWS
adv
အီးယူ - ဗြိတိန်ဂယက် မြန်မာပြည်အပေါ် ဘာတွေသက်ရောက်နိုင်သလဲ

အီးယူ - ဗြိတိန်ဂယက် မြန်မာပြည်အပေါ် ဘာတွေသက်ရောက်နိုင်သလဲ

အခုရက်သတ္တပတ်အတွင်းမှာ စီးပွားရေးအရ တစ်ကမ္ဘာ့လုံး ကိုကိုင်လှုပ်သွားတဲ့ သတင်းတစ်ခုကတော့ ဥရောပသမဂ္ဂ(အီးယူ) အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဗြိတိန်က အီးယူ အဖွဲ့ဝင်နိုင်ငံတွေထဲကနေ နုတ်ထွက်သွား တာပါပဲဖြစ်ပါတယ်။

အီးယူဆိုတာကတော့ အနောက် ဥရောပ နိုင်ငံတွေကမှ နိုင်ငံပေါင်း ၂၈ နိုင်ငံနဲ့ဖွဲ့စည်း ထားတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းကြီးက နိုင်ငံရေးနဲ့စီးပွား ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် နိုင်ငံ တွေအချင်းချင်းမဟာမိတ်ပေါင်းစပ်ထား တာဖြစ်ပါတယ်။ အီးယူရဲ့မူဝါဒကတော့အဖွဲ့ ဝင်နိုင်ငံတိုင်းမှာရှိတဲ့ နိုင်ငံသားတိုင်းက ပြည်တွင်းရေးကိစ္စတွေမှာ တရားမျှတမှုရရှိရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ငွေကြေး ဖလှယ်ရေးနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ဘုံဝါဒတစ်ခုအနေနဲ့ ပေါင်းစည်းဆောင်ရွက်ဖို့ဖြစ်ပါတယ်။ အီးယူအဖွဲ့ကြီးရဲ့လက်အောက်မှာ အဖွဲ့အစည်းတွေ တော်တော်များများရှိပါတယ်။ ကဏ္ဍအသီးသီးကို ဆောင်ရွက်ကြပါတယ်။ အီးယူနိုင်ငံတွေအကြားမှာတော့ ဘုံငွေကြေးအ ဖြစ် ယူရိုငွေကြေးကိုအသုံးပြုကြပါတယ်။

ဗြိတိန်ဂယက်

---------------

၁၉၇၃ ခုနှစ်ကစပြီး အီးယူအဖွဲ့ဝင်နိုင်ငံ အဖြစ် ဗြိတိန်ကအဖွဲ့ဝင်နိုင်ငံဖြစ်လာပါတယ်။ အခုဇွန် ၂၃ ရက်နေ့မှာတော့ အဖွဲ့ဝင်ဖြစ်တဲ့ ဗြိတိန်အနေနဲ့ အီးယူကနေ နုတ်ထွက်ဖို့အတွက် သူတို့ဆီမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ခဲ့တယ်။ အဲဒီရလဒ်အရ ဗြိတိန်အနေနဲ့ အီးယူကနေ ခွဲထွက်ခဲ့တာပဲဖြစ်ပါတယ်။ ဘာ ကြောင့်ခွဲထွက်တယ်၊ ဘယ်လိုကြောင့်ခွဲထွက် တယ်ဆိုတဲ့အကြောင်း အရင်းတွေကတော့ အများကြီးရှိပါတယ်။ သို့ပေမယ့် အီးယူရဲ့အဖွဲ့ ဝင်နိုင်ငံတွေက စီးပွားရေး၊ ဓနအင်အားကောင်း ကြတဲ့နိုင်ငံတွေပါဝင်ကြတဲ့အတွက် ကမ္ဘာ့ စီးပွားရေးအပေါ် တစ်စုံတစ်ရာလွှမ်းမိုးမှုရှိ တာအမှန်ပါ။

လက်ရှိအခြေအနေအရတော့ အီးယူ အဖွဲ့ဝင်အဖြစ်ကနေ ဗြိတိန်နုတ်ထွက်သွား တဲ့အတွက်ကြောင့် ကမ္ဘာ့ငွေကြေးဈေးကွက် မှာတော့ ကမောက်ကမ ဖြစ်ခဲ့ပါတယ်။ ဗြိတိန် နုတ်ထွက်သွားတဲ့ဂယက်ကြောင့် လန်ဒန်နဲ့ နယူးယောက်ဈေးကွက်အညွှန်းကိန်းတွေ အရ ကမ္ဘာ့ဈေးကွက်အတွင်းမှာ အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၁ ထရီလီယံထိခိုက်ခဲ့ တယ်လို့ဆိုပါတယ်။

ကမ္ဘာ့ရှယ်ယာဈေးကွက်မှာလည်း ရှယ်ယာ ဈေးနှုန်းတွေက အကျဘက်ကိုရောက်သွားပါတယ်။ လန်ဒန်ရှယ်ယာဈေးက သုံးရာခိုင် နှုန်းလောက်ကျသွားသလို အမေရိကန်ရဲ့အဓိက ရှယ်ယာအညွှန်း ကိန်းတွေကလည်း ၃ ဒသမ ၃ ရာခိုင်နှုန်းလောက်ကျခဲ့တယ်လို့ဆိုပါတယ်။

ဗြိတိန်ဂယက်က အဲဒီလောက်နဲ့မပြီး သေးပါဘူး။ စတာလင်ပေါင်ဈေးနှုန်းတွေက ကန်ဒေါ်လာ ၁ ဒသမ ၃၃ အထိ ၉ ရာခိုင် နှုန်းကျဆင်းခဲ့ပြီး ကမ္ဘာ့ရေနံဈေးတွေကတော့ ခြောက်ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ သို့ပေ မယ့် ကမ္ဘာ့ရွှေဈေးကတော့ တက်လာခဲ့ပါ တယ်။ ဗြိတိန်ဂယက်ကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေက စိတ်ချရတဲ့ ရွှေနဲ့အာ မခံချက်ရှိတဲ့ အစိုးရငွေတိုက်စာချုပ်တွေ ဘက်ကိုလှည့်လာတဲ့အတွက် ကမ္ဘာ့ရွှေဈေး နှုန်းကလည်း အတက်ဘက်ကိုရောက်ခဲ့တာဖြစ်ပါတယ်။


မြန်မာနိုင်ငံအတွက်ဘယ်လိုအကျိုးသက်ရောက်မလဲ

-----------------------------------------------------------

မြန်မာနိုင်ငံအနေနဲ့ကတော့ ဗြိတိန်ဂယက် ကြောင့် လက်ရှိမှာတော့ ကြီးမားတဲ့အကျိုး သက်ရောက်မှု မရှိသေးပါဘူး။ သို့ပေမယ့် လက် ရှိအခြေအနေမှာ ပြည်တွင်းရဲ့ရွှေဈေးနှုန်းအ ပြောင်းအလဲက ကမ္ဘာ့ရွှေဈေးနှုန်းအပြောင်းအလဲပေါ်မှာတည်မှီနေတဲ့အတွက်လက်တလော မှာတော့ ကမ္ဘာ့ရွှေဈေးကအပြောင်းအလဲ ကြီးမားနေတဲ့အတွက် မြန်မာ့ရွှေဈေးအပြောင်း အလဲကလည်းကြီးမားခဲ့တယ်။ အခုဇွန်လ နောက်ဆုံးပတ်မှာဆိုရင်တော့ မြန်မာ့ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၈၂၁ဝဝဝ ကျော်အထိ ကို မြင့်တက်ခဲ့တယ်။

ရန်ကုန်မြို့ ၁၆ လမ်းနေ ရွှေဈေးကွက် လေ့လာသူ ဦးဝင်းထိုက်က ''မြန်မာ့ရွှေဈေး က ကမ္ဘာ့ရွှေဈေးအပေါ်မှီပြီးတော့ ဈေးသတ် မှတ်နေတဲ့အတွက် ကမ္ဘာ့ရွှေဈေးနှုန်းအပြောင်း အလဲဖြစ်ရင် မြန်မာ့ရွှေဈေးကတော့ ပြောင်း လဲမယ်။ ဗြိတိန်ဂယက်က မြန်မာပြည်ကိုထိ ခိုက်နိုင်သလားဆိုပြီးမေးရင်တော့ ရွှေဈေး ကွက်အမြင်နဲ့ပြောရရင် ထိခိုက်တယ်။ အခု ရွှေဈေးတက်တော့ အရောင်းများနေတယ်''လို့ မှတ်ချက်ပေးပါတယ်။

အဲဒီလိုပဲ လက်ရှိအခြေအနေမှာတော့ ပြည်တွင်းနဲ့ချိတ်ဆက်မှုရှိတဲ့ အီးယူနိုင်ငံတွေ နဲ့ပို့ကုန်သွင်းကုန်လုပ်ငန်းပိုင်းတွေမှာတော့ ထိခိုက်မှုကအတိုင်းအတာတစ်ခုလောက်အထိ တော့ရှိပါတယ်။ ပြည်တွင်းကနေ အီးယူနိုင်ငံ တွေကို တင်ပို့နေတဲ့ ပို့ကုန်တွေရှိပါတယ်။ အဲဒါ တွေကတော့ လယ်ယာထွက်ကုန်စည်တွေနဲ့ ရေထွက်ကုန်စည်တွေကို အဓိကထားတင် ပို့နေတာဖြစ်ပါတယ်။ သို့ပေမယ့် အီးယူက နေ မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးနဲ့ ပတ်သက် ပြီးအခွင့်အရေးပေးတဲ့ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး ဂျီအက်စ်ပီကိုပေးထား ပေမယ့် ပြည်တွင်းကနေ တင်ပို့တဲ့ ရေထွက် ကုန်တွေမှာတော့ အီးယူနိုင်ငံတွေရဲ့သတ် မှတ်ချက်မပြည့်မီတဲ့အတွက် အနည်းငယ်သာ တင်ပို့နိုင်သေးတယ်လို့ ရေထွက်ပို့ကုန်လုပ် ငန်းရှင်အသိုင်းအဝိုင်းက ဆိုပါတယ်။

ရေထွက်ပို့ကုန်လုပ်ငန်းရှင်ဦးကြည်က ''EU ကိုအဓိကတော့ ရေထွက်ကုန်အများ ဆုံးပို့တာ။ သူ့ဆီကကုန်သွယ်ရေးအထူးအ ခွင့်အရေးလည်းရတဲ့အတွက်ပို့တယ်။ သိပ်အ များကြီးတော့ မဟုတ်ဘူး။ အခုအီးယူဈေး ကွက်ကလှုပ်လှုပ်ဖြစ်နေတဲ့အတွက် ပြည် တွင်းကိုထိခိုက်မယ်ဆိုလည်း သိပ်အများကြီး တော့ထိခိုက်မှုမရှိဘူး။ အဓိကတော့ငွေကြေး ပေါ့။ ငွေကြေးဈေးကွက်ကြီးကြီးမားမား မပြောင်း ဘူးဆိုရင်သိပ်မထိဘူးပေါ့။ အရင်တုန်းက ဆိုရင် မြန်မာပြည်က ပြည်ပနိုင်ငံတွေနဲ့ ချိတ် ဆက်မှုအားနည်းတဲ့အတွက် အကျိုးသက် ရောက်မှုနည်းတာတော့အမှန်ပဲ။ သို့ပေမယ့် အခုအခြေအနေက မြန်မာပြည်ရဲ့ အခြေအ နေက သိပ်အကောင်းကြီးမဟုတ်ပေမယ့် နိုင်ငံ တကာနဲ့ချိတ်ဆက်မှုတွေရှိနေတဲ့အတွက် ကမ္ဘာ့ စီးပွားရေးဂယက်ကလည်း မြန်မာကို ထိတာ ပဲ။ တိုက်ရိုက်ထိတာနည်းပေမယ့် ကြားခံ တတိယနိုင်ငံအနေနဲ့တော့ထိတယ်''လို့ သုံး သပ်ပြောပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းကနေ အီးယူ နိုင်ငံတွေကို ပို့နေတဲ့ရေထွက်ကုန်စည်တွေက တော့ ပြည်ပကိုပို့နေတဲ့ ရေထွက်ကုန်စည်ပိုတဲ့ ကုန်စည်တွေရဲ့ ၁ဝ ရာခိုင်နှုန်းခန့်သာရှိပါတယ်။

ရေထွက်ပို့ကုန်တွေအတွက် ဗြိတိန်ဂ ယက်ကအကျိုးသက်ရောက်မှုရှိသလို အီးယူ အဖွဲ့ဝင်နိုင်ငံတွေကို တင်ပို့နေတဲ့ လယ်ယာ ထွက်ကုန်တွေအတွက်လည်း ထိခိုက်မှုအနည်း အကျဉ်းတော့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အီးယူအဖွဲ့ဝင် နိုင်ငံတချို့ကိုပြည်တွင်းက ဆန် နဲ့ဆန်ထွက်ပစ္စည်း(ဆန်ကွဲ)ကိုတင်ပို့နေတာ ကြောင့် ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တွဲ ဖက်အတွင်းရေးမှူးဦးနေလင်းဇင်က ''အီးယူ က ပြည်တွင်းကဆန်နဲ့ဆန်ကွဲကိုဝယ်တဲ့ နိုင်ငံ တွေအထဲမှာ ဗြိတိန်မပါတဲ့အတွက် ကြီးကြီး မားမားရိုက်ခတ်မှုတော့မရှိဘူး။ ဒါပေမဲ့ ငွေ ကြေးတန်ဖိုးနဲ့ငွေကြေးဈေးကွက်ပိုင်းဆိုင် ရာရိုက်ခတ်မှုကတော့ အနည်းနဲ့အများရှိလာ နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အများ သိတဲ့အတိုင်း အီးယူရဲ့ငွေကြေး၊ ဗြိတိန်ရဲ့ ငွေကြေးနဲ့ အီးယူရဲ့ နိုင်ငံရေးအခင်းအကျင်း ကြောင့် နောက်ဆက်တွဲ ဖြစ်လာတဲ့အခါမှာ ဗြိတိန်အပြင် နောက်ထပ်ဘယ်နိုင်ငံက ထပ် ပြီးတော့ အခုလိုမျိုးထွက်သွားမလဲဆိုတာ ကိုလည်းမသိရသေးတဲ့အတွက် အဲဒါကလည်း နိုင်ငံရေးတည်ငြိမ်ရေးနဲ့အတူ ကမ္ဘာ့ငွေကြေး ဈေးကွက်အတွက် ရိုက်ခတ်မှုတွေဖြစ်လာနိုင် တယ်။ အဲဒီငွေကြေးဈေးကွက်ရဲ့ တန်ဖိုးအ ပေါ်မူတည်ပြီးမှ ကျွန်တော်တို့ပြည်တွင်းရဲ့ ဈေးကွက်အပေါ်မှာ အီးယူရဲ့ဝယ်လိုအားအ ပေါ်အနည်းငယ်တော့သက်ရောက်မှုရှိလာ နိုင်ပေမယ့် အများကြီးတော့မရှိနိုင်ပါဘူး ''လို့ သုံးသပ်ပြောပါတယ်။


ငွေကြေးဈေးကွက် ကမောက်ကမ

---------------------------------------

ဗြိတိန်ဂယက်က ကမ္ဘာ့ငွေကြေးဈေးကွက်ကို လှုပ်လှုပ်ခတ်ခတ်ဖြစ်ပေါ်စေခဲ့တဲ့ အတွက် အဲဒီရဲ့ရလဒ်ဖြစ်တဲ့ ပြည်တွင်းရဲ့ ငွေကြေးဈေးကွက်မှာလည်း လှုပ်လှုပ်ရှားရှား လေးဖြစ်ခဲ့ပါ တယ်။ ပြည်တွင်းရဲ့ ငွေကြေးဈေး ကွက်မှာတော့ သိသာကြီးမားတဲ့အပြောင်း အလဲမျိုးမဖြစ်ခဲ့ပေမယ့် ဈေးကွက်အတွင်း မှာတော့ ဂယက်ထသွားခဲ့ပါတယ်။

ငွေကြေးဈေးကွက်လုပ်ကိုင်သူ မကြည် ပြာက ''ပြည်တွင်းရဲ့ငွေကြေးဈေးကွက်ကို တော့လာလှုပ်တယ်။ အပြောင်းအလဲကသိပ် မဖြစ်ပေမယ့် ပုံမှန်ထက်တော့ နည်းနည်းတန့် သွားတာမျိုးရှိတယ်။ ဒါပေမဲ့ အခုလကုန်ပိုင်း ရောက်တော့ပုံမှန်အတိုင်းပါပဲ''လို့ ပြောပါတယ်။

အဲဒါတွေအပြင် ဗြိတိန်ရဲ့ဂယက်အသံ တွေကြောင့် ပြည်တွင်းကစတော့အိတ်ချိန်း မှာလည်းအဖျားခတ်သွားပါသေးတယ်။ ပြီးခဲ့တဲ့ အပတ်ကဆိုရင် ဗြိတိန်ဂယက်ကြောင့် ရန်ကုန် စတော့အိတ်ချိန်းမှာ FMI ရှယ်ယာဈေးတွေ က အနိမ့်ဆုံးဈေးကို ကျဆင်းခဲ့တယ်လို့ ရန် ကုန်စတော့အိတ်ချိန်းဈေးကွက်လေ့လာသူ ဦးမျိုးမင်းက ဆိုပါတယ်။

၎င်းက''ဘာမှတော့မဆိုင်ပေမယ့် အဲဒီ ဗြိတိန်ဂယက်အသံထွက်တဲ့နေ့က FMI ရှယ်ယာက အနိမ့်ဆုံးအထိကျသွားခဲ့တယ်။ အခု ရက်ပိုင်းမှာပဲ င်္FMI ရဲ့ဘဏ္ဍာရေး စာရင်း ထွက်တယ်။ ရှယ်ယာရှင်တွေအတွက် အမြတ် ဝေစုပေးမယ်လို့ပြောတယ်။ ဒါပေမဲ့ ဈေးက ကျတယ်။ အခု သီလဝါကလည်း အမြတ်ဝေစု ပေးမယ်လို့ ကြေညာချက်ထွက်တော့မှ ဈေး ကပြန်တက်လာတယ်။ မြန်မာပြည်မှာက ထစ် ခနဲအသံကြားတာနဲ့ဈေးကွက်ကလှုပ်တာပဲ။ အရင်တုန်းကဆိုရင်တော့ ရွှေဈေးလှုပ်တယ်။ ဒေါ်လာဈေးလှုပ်တယ်။ အခုကျတော့ စတော့ ဈေးပါလာလှုပ်တယ်''လို့ သုံးသပ်ပြောပါတယ်။


ကမ္ဘာ့စီးပွားရေးနဲ့ မြန်မာ့စီးပွားရေး

--------------------------------------

ကမ္ဘာ့ဈေးကွက်အတွင်းမှာတော့ ဗြိတိန် ဂယက်ကြောင့် စီးပွားရေးနှေးကွေးနေတဲ့ အတွက် တောင်ကိုရီးယားနိုင်ငံ အစိုးရကတော့ သူ့နိုင်ငံရဲ့စီးပွားရေးကိုပြန်လည်မြှင့်တင်ဖို့ အတွက် ကိုရီးယားဝမ် ၂ဝ ထရီလီယံ(ကန် ဒေါ်လာ ၁၇ ဘီလီယံ)အသုံးပြုသွားမယ်လို့ တောင်ကိုရီးယားနိုင်ငံအစိုးရအဖွဲ့ရဲ့ဘဏ္ဍာ ရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအကြံပေးက ဆိုပါတယ်။

ဥရောပကနေ ဗြိတိန်ခွဲထွက်တဲ့သတင်း ကြောင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်လာနိုင် တဲ့အတွက် တောင်ကိုရီးယားအစိုးရကနေ ပြီးတော့ သူ့နိုင်ငံရဲ့စီးပွားရေးနှောင့်နှေးမှုမ ဖြစ်စေဖို့အတွက် ဘဏ္ဍာငွေကို စိုက်ထုတ်သုံး စွဲခြင်းဖြစ်တယ်လို့ အဲဒီအကြီးတန်းအကြံပေး က ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတကာသတင်း ဌာနတစ်ခုဖြစ်တဲ့ AFP မှာဖော်ပြထားပါ တယ်။ ဆိုလိုတာကအီးယူနဲ့ ဗြိတိန်ဂယက် ကတော့ ကမ္ဘာ့စီးပွားရေးကို တစ်မျိုးတစ်ဖုံ ဖြစ်လာနိုင်စရာအကြောင်းတွေအများကြီးရှိ ပါတယ်။ ကမ္ဘာ့စီးပွားရေးက နှေးကွေးတာ မျိုးဖြစ်လာရင်တော့ မြန်မာနိုင်ငံလိုမျိုးဖွံ့ဖြိုး ဆဲနိုင်ငံအတွက် ကောင်းမွန်တဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ တစ်နည်းတစ်ဖုံထိခိုက်မှုတွေ ဆုံးရှုံးမှုတွေကတော့ ရှိလာနိုင်ပါတယ်။

စက်မှုဇုန်လုပ်ငန်းရှင်ဦးသာအေးက'' အ ရင်တုန်းကဆိုရင် မြန်မာနိုင်ငံက ကမ္ဘာနဲ့ချိတ် ဆက်မှုတွေမရှိခဲ့တဲ့အတွက် ကမ္ဘာ့စီးပွားရေး တက်ခြင်းကျခြင်းနဲ့ အဲဒီအကျိုးအဆက်က မြန်မာပြည်အပေါ် အကျိုးသက်ရောက်မှု ကြီး ကြီးမားမားမရှိခဲ့ဘူး။ အခုကျတော့ မြန်မာ နိုင်ငံက ဒေသတွင်းအာဆီယံမှာ ဝင်ဆံ့လာ နိုင်သလို ကမ္ဘာ့စီးပွားရေးတွေနဲ့ချိတ်ဆက်မှု တွေ ရင်းနှီးမြှုပ်နှံတွေရှိလာတဲ့အတွက်၊ ကမ္ဘာ့ စီးပွားရေးနဲ့ချိတ်ဆက်လာနိုင်တဲ့အတွက် ဗြိတိန် ဂယက်ကိုတော့ မြန်မာပြည်က တတိယနိုင်ငံ အနေနဲ့ထိခိုက်မှုရှိတယ်လို့ယူဆတယ်။ အခု လည်း အီးယူကနေပဲ မြန်မာနိုင်ငံကိုကုန်သွယ် ရေးနဲ့ပတ်သက်ပြီး အခွင့်အရေးပေးထားတာ ဖြစ်တဲ့ အီးယူရဲ့အခြေအနေအပြောင်းအလဲ တစ်စုံတစ်ရာဖြစ်ရင် မြန်မာပြည်ကိုလည်း အ နည်းဆုံးအနေနဲ့အသေးအမွှားလေးကတော့ ထိခိုက်တယ်''လို့ သုံးသပ်ပြောပါတယ်။


ငြိမ်းချမ်းရေးအတွက် အကျိုးသက်ရောက်မှု

-----------------------------------------------

မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ကို အနောက်ဥရောပနိုင်ငံတွေကနေပြီး တော့ ငွေကြေးပိုင်းဆိုင်ရာတွေမှာ အကူအညီ အထောက်အပံ့တွေပေးတာဖြစ်ပါတယ်။ အ နောက်ဥရောပနိုင်ငံတွေလို့ဆိုတဲ့နေရာမှာ အီးယူ အဖွဲ့ဝင်နိုင်ငံတွေက အဓိကကူညီထောက်ပံ့ တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အစိုးရသက်တမ်းမှာ တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အများဆုံးကူညီထောက်ပံ့ခဲ့သလို လက်ရှိမှာ လည်းအကူအညီတွေပေးနေတာရှိပါတယ်။

အီးယူအရေးဗြိတိန်ဂယက်ကြောင့် သူတို့ရဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွေအပေါ် မှာတော့ ပေးနေတဲ့အကူအညီတွေနဲ့ပတ်သက်ပြီး အကျိုးတစ်စုံတစ်ရာကိုတော့ အနည်းနဲ့ အများထိခိုက်မှုရှိနိုင်ပါ တယ်။ ငွေကြေးပိုင်း ဆိုင်ရာ ကူညီထောက်ပံ့မှုတွေပိုင်းတွေကို ရည် ညွှန်းတာဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသူဦးရန်ကျော်က'' အီးယူကနေဗြိတိန်နုတ်ထွက်သွားတဲ့အ တွက် အနည်းနဲ့အများတော့ထိခိုက်တယ်။ အီးယူမှာ ဗြိတိန်ကအဓိကဆိုတော့ ကိုယ့်နိုင်ငံ သာမက နိုင်ငံတော်တော် များများစီးပွားရေး အရတော့ထိမယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက် လို့ကတော့ ငြိမ်းချမ်းရေးဖော်ဆောင်လိုတဲ့ ဆန္ဒက ၂၅ ရာခိုင်နှုန်း၊ ဖော်ဆောင်လိုမှုကို ငွေနဲ့ပံ့ပိုးပေးမှုက ၂၅ ရာခိုင်နှုန်း၊ အကောင် အထည်ဖော်မှုအပိုင်းကို ၂၅ ရာခိုင်နှုန်း သတ် မှတ်ပြီးတော့ အောင်မြင်အောင် ဆောင်ရွက် တာက နောက်ထပ် ၂၅ ရာခိုင်နှုန်းဆိုပြီး သီအိုရီ တွေမှာတော့ရှိတယ်။ အဲဒီလေးခုကဆက်စပ် နေတဲ့အတွက် ထိတော့ထိနိုင်တယ်လို့ ယေဘု ယျပြောရမယ်''လို့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် တွေမှာ အီးယူရဲ့အကူအညီတွေနဲ့ပတ်သက် ပြီး ရည်ညွှန်းပြောကြားတာဖြစ်ပါတယ်။

သတိချပ်ဖို့

--------------

အစိုးရသစ်လက်ထက်အစပိုင်းမှာတော့ ရက် ၁ဝဝ စီမံကိန်းဆိုပြီးလုပ်ဆောင်ပါတယ်။ သို့ပေမယ့် ပြည်တွင်းစီးပွားရေးအတွက် လုပ် ဆောင်တဲ့လုပ်ငန်းစဉ်တွေကိုတော့ မည်မည် ရရမတွေ့ရသေးပါဘူး။ ပြီးခဲ့နှစ် ရွေးကောက် ပွဲကာလတွေ မတိုင်ခင်ကတည်းက နှေးကွေး နေတဲ့ မြန်မာ့စီးပွားရေးက အစိုးရသစ်လက် ထက်ပျားရည်ဆမ်းကာလတွေမှာလည်း မည် မည်ရရမရှိသေးပါဘူး။ အခုအစိုးရသစ်အနေ နဲ့နိုင်ငံရေးတည်ငြိမ်မှုကိုပဲ ဦးစားပေးနေ ပါတယ်။

စောစောကပြောသလိုပါပဲ။ မြန်မာနိုင်ငံ က အရင်တုန်းကလိုမျိုး အထီးကျန်နိုင်ငံ တစ်နိုင်ငံမဟုတ်တော့ပါဘူး။ ကမ္ဘာ့အဝန်းအ ဝိုင်းထဲမှာ ပါဝင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေပါပြီ။ မြန်မာကအခုဆိုရင် Global အဆင့်ကို ရောက် နေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကမ္ဘာ့စီးပွားရေးအလှုပ်အခတ်က မြန်မာပြည် ကို ထိခိုက်ပါလိမ့်မယ်။ သေးတာနဲ့ ကြီးတာပဲ ကွာပါတယ်။ အဲဒါကို လက်ရှိအစိုးရအနေနဲ့ သတိချပ်ဖို့လိုပါလိမ့်မယ်။

နိုင်ငံရေးနဲ့စီးပွားရေးဆိုတာက ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်းပါပဲ။ ကပ်လျက်အတူ ရှိနေတာပါ။ နိုင်ငံရေးအခြေအနေကောင်း မှ စီးပွားရေးကောင်းပါမယ်။ စီးပွားရေး အ ခြေအနေကောင်း မှ နိုင်ငံရေးတည်ငြိမ်ပါမယ်။

အချုပ်ဆိုရရင် အစိုးရသစ်အနေနဲ့ နိုင်ငံတော်တည်ငြိမ်ရေးအတွက် လုပ်ဆောင် နေသလို ပြည်တွင်းစီးပွားရေးအတွက်ကိုလည်း ကမ္ဘာ့အခြေအနေ မြန်မာ့အခြေအနေကို သုံး သပ်ပြီးတော့ လုပ်ဆောင်ဖို့လို အပ်နေပြီဖြစ်ပါ ကြောင်း ရေးသားတင်ပြလိုက်ပါတယ်။ ။


စီးပွားရေးသတင်းအဖွဲ့ ၊ #Democracytoday

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191