Monday, 09 October 2017 11:54

တရားမဝင် ရွှေတူးဖော်မှုများ အရေးယူနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် တရားမဝင် ရွှေတူးဖော်မှု စစ်ဆေးရေးအဖွဲ့ ကွင်းဆင်း စစ်ဆေး

Written by TT
Rate this item
(0 votes)

တာချီလိတ်၊ အောက်တိုဘာ ၈

 

ရှမ်း ပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့နယ်အတွင်း တရားမဝင်ရွှေတူး ဖော်မှုများအား မကြာခဏကွင်း ဆင်းစစ်ဆေးအရေးယူနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် တရားမဝင်ရွှေတူး ဖော်မှုမြို့နယ်ကွင်းဆင်းစစ်ဆေး ရေးအဖွဲ့ကိုဖွဲ့စည်းကာ ရွှေလုပ်ကွက်များကို ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

 

 

အဆိုပါစစ်ဆေးရေးအဖွဲ့ကို စက်တင်ဘာလအတွင်းက ဖွဲ့စည်းခဲ့ပြီး အဖွဲ့တွင် မြို့နယ်စီမံခန့်ခွဲမှု အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနုက ခေါင်းဆောင်အဖြစ် ပါဝင်ဖွဲ့စည်းပြီး အဖွဲ့ဝင်များအဖြစ် လွှတ်တော်သုံးရပ်မှ လွှတ် တော်ကိုယ်စားလှယ်များ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် လဝက၊ ဆည်မြောင်း၊ မြို့နယ် သစ်တော၊ မြို့နယ်လယ်အင်း၊ လက် ထောက်အင်ဂျင်နီယာ၊ သတ္တုတွင်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ရွှေသတ္တုတူးဖော်ထုတ်လုပ်သူများ ကော်မတီဥက္ကဋ္ဌတို့က ကော်မတီအဖွဲ့ဝင်များအဖြစ် ပါဝင်၍ စုစု ပေါင်း ၁၃ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

 


''ရွှေသတ္တုလုပ်တဲ့အပေါ်မှာ တရားဝင်ဖြစ်/မဖြစ် လုပ်ကွက် တွေ၊ ကျူးကျော်မှုရှိ/မရှိ၊ ရွှေလုပ် ကွက်တွေမှာ ကျရောက်နေတဲ့ မြေစာကိစ္စတွေ၊ ရွှေသန့်စင်ရာမှာ ဆာရာနိုက်အသုံးပြုတဲ့ကိစ္စတွေကို သွားရောက်စစ်ဆေးတာဖြစ်ပါတယ်။ သတ္တုလုပ်ငန်းတွေမှာ အနီးပတ်ဝန်းကျင်နိုင်ငံက နိုင်ငံ ခြားသားအတတ်ပညာရှင်တွေခေါ်ယူပြီး ဆောင်ရွက်ရတာတွေလည်းရှိပါတယ်။ အဲဒီလိုခေါ်ယူတဲ့အခါ နိုင်ငံခြားသားဖြစ်လို့ လူဝင်မှုကြီး ကြပ်ရေးဥပဒေအရ ဒီနိုင်ငံသား တွေဟာ ခွင့်ပြုမိန့်နဲ့ဝင်တာလား၊ နိုင်ငံကူးလက်မှတ်နဲ့ဝင်တာလား၊ အဲဒီသတ္တုတွင်းမှာ နေထိုင်တာလား၊ လူဝင်မှုကြီးကြပ်ရေးကနေ စီစစ်ဖို့အတွက်လည်းပါဝင်ပါတယ်။ ဘယ်လောက်အထိ ဆောင်ရွက်ထားတယ်ဆိုတဲ့အပေါ်မှာ ကျွန် တော်တို့သုံးသပ်ပြီး အစီရင်ခံစာ လည်းထွက်မှာပါ''ဟု တရား မဝင်ရွှေတူးဖော်မှု မြို့နယ်ကွင်း ဆင်းစစ်ဆေးရေးအဖွဲ့ဝင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းကပြောသည်။

 


စစ်ဆေးရေးအဖွဲ့သည် အောက်တိုဘာ ၆ ရက် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ တာ ချီလိတ်မြို့၊ နားဟိုင်းလုံရွာအနီးရှိ ကုမ္ပဏီသုံးခု၊ လုပ်ကွက်လေးခု၊ မိုင်းပါလျှိုးအုပ်စု၊ နမ့်ခင်းကျေးရွာ နှင့်ပန်ပဲအနီးက ကုမ္ပဏီနှစ်ခုနှင့် လုပ်ကွက်သုံးခုကို ပထမဆုံးအ ကြိမ်အဖြစ် စစ်ဆေးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

 

TT

#democracytoday

Read 536 times
Login to post comments