Tuesday, 10 October 2017 16:32

စိုက်ပျိုးရေး မှိုထက် နွယ်ပိတ်ပေါင်းများတွင် ပေါက်လေ့ရှိသည့် သဘာဝ မှိုဈေးနှုန်း မြင့်တက်လျက်ရှိ

Written by KH(No)
Rate this item
(0 votes)

ညောင်ဦး၊ အောက်တိုဘာ ၉

 

မန္တလေးတိုင်းညောင်ဦးမြို့နယ် ကျေး လက်တောရွာများတွင် ယခုရက်ပိုင်း အတွင်းသဘာဝမှိုအများဆုံးတွေ့ရှိ သော်လည်း စိုက်ပျိုးရေးမှိုထက် သဘာဝမှိုဈေးနှုန်းမြင့်တက်လျက်ရှိ ကြောင်း သိရသည်။

 

 

''သဘာဝမှိုဟုဆိုသော်လည်း လွင်တည်းခေါင်မှာ ပေါက်လေ့ ပေါက်ထမရှိဘူး။ နွယ်ပိတ်ပေါင်း တွေ့မှာ ဝင်ရောက်ရှာဖွေရတယ်။ နှစ်စဉ်ပေါက်နေကျနေရာမှာသာ ပေါက်လေ့၊ ပေါက်ထရှိတယ်။ အချို့ ဆိုလျင် မှိုရှာတမင်ထွက်သော်လည်း မတွေ့တတ်ဘဲ တွေ့ချင်ရင်လည်း လွယ်တယ်။ မတွေ့ချင်ရင်လည်း ခက်တယ်။ တွေ့ချင်ရင်လည်း ယာလုပ်သွားရင်း လယ်လုပ်သွားရင်း တွေ့တတ်တယ်။ မှိုတစ်ကျင်းတွေ့ ပြီးဆိုရင် ငါးဆယ်ကျပ်သားမှလေးငါး ပိဿာအထိ ရတတ်တယ်။ မှိုဟင်းချက်စားသူအများစုကလည်း စိုက်ပျိုး ရေးမှိုထက် သဘာဝမှိုကိုလူအများ ဆုံးကြိုက်သူများတယ်''ဟု ဝါရင့်မှို ရှာလုပ်သားများထံမှ သိရသည်။ စိုက်ပျိုးရေးမှိုတစ်ပိဿာလျှင် ကျပ်လေးထောင်ရှိပြီး သဘာဝမှို တစ်ပိဿာလျှင် ကျပ်ရှစ်ထောင်ဈေး နှုန်းပေးဝယ်စားနေရကြောင်း မှိုဝယ်စားသုံးသူများထံမှသိရသည်။

 


''အခုရက်ပိုင်းမှာ ကျွန်တော်တို့ စိုက်ပျိုးရေးမှိုအရောင်းအေး နေတယ်။ သဘာဝမှိုတွေအဝင်များ လာတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မှိုကဟိုတယ်တွေကို နေ့စဉ်ပို့ရတယ်။ ကျွန်တော်တို့ဆီက မှိုတွေကို တစ်ပိဿာကျပ်လေးထောင်နဲ့ဖောက် သယ်ပေးဝယ်တယ်။ ဖောက်သယ်က တစ်ဆင့်ဟိုတယ်နှင့် စားသောက် ဆိုင်တွေကိုပို့တယ်။ မှိုရောင်းဈေး ကွက်ကတော့ အမြဲတမ်းရှိပေမယ့် ဈေးကောင်းတော့မရဘူးဖြစ်နေတယ်။ ဒီရာသီရောက်ရင်ကြားပေါက်ဝယ်စား သူနည်းသွားတယ်။ နှစ်တိုင်းလည်း သဘာဝမှိုပေါတဲ့ရာသီ ဒီသီတင်းကျွတ် တန်ဆောင်မုန်းလတွေဆိုရင် ကြား ပေါက်မှိုဝယ်စားသူနည်းတတ်တယ်။ စားသုံးသူကလည်း ဒီရာသီရောက်ရင် စိုက်ပျိုးရေးမှိုထက် သဘာဝမှိုကိုသာ ဈေးကောင်းပေးဝယ်စားကြတယ်'' ဟု မှိုအမြဲတမ်းစိုက်ပျိုးသူဦးမင်းညွန့် ကပြောသည်။

 

KH(No)

#democracytoday

Read 420 times
Login to post comments