Wednesday, 11 October 2017 12:00

မိုးဖျက်၍ ကြက်သွန်စိုက်ခင်း အချို့ပျက်၊ ရန်ကုန်တွင် ကြက်သွန်ဈေးပြန်တက်

Written by TTMT
Rate this item
(0 votes)

ရန်ကုန်၊ အောက်တိုဘာ ၁ဝ

 

မိုးရွာသွန်းမှုများကြောင့် ကြက်သွန်စိုက်ခင်းအချို့ ပျက်စီးမှုများရှိသည့်အတွက် ရန်ကုန်တွင်ကြက်သွန်နီဈေး အနည်းငယ်ပြန်မြင့်တက်နေကြောင်း ရန်ကုန်ကြက်သွန်နီဈေးကွက်အတွင်းမှ သိရသည်။ လက်ရှိကြက်သွန်နီလက်ကား ဈေးကွက်အတွင်း ပထမတန်းစား ကြက်သွန်နီတစ်ပိဿာလျှင် ၇၅ကျပ် ခန့်တက်နေပြီး လတ်ကြီးနှင့်လတ် သန့်အမျိုးအစားတို့သည် တစ်ပိဿာလျှင် ကျပ်၅ဝနှုန်း မြင့်တက်နေ ကြောင်း ကြက်သွန်နီဈေးကွက်မှ သိရသည်။

 


ကြက်သွန်သစ်ပေါ်ချိန်ဖြစ် သော်လည်း ကြက်သွန်စိုက်ဒေသတချို့တွင် မိုးရွာသွန်းမှုကြောင့်ကြက် သွန်ဥတူးဖော်၍ မရနိုင်သေးခြင်းနှင့် စိုက်ခင်းတချို့ပျက်စီးမှုများကြောင့် ကြက်သွန်နီဈေးမှာ အနည်းငယ်ပြန်တက်နေခြင်းဖြစ်ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ ဥက္ကဋ္ဌ ဦးခင်ဟန်က အောက်တိုဘာ ၁ဝရက်တွင် ဒီမို ကရေစီတူဒေးသို့ ပြောသည်။ ''မိုးရွာနေတော့ စိုက်ခင်းတွေ ပျက်တယ်။ အကုန်လုံးတော့မဟုတ် ဘူး။ စိုက်ခင်းတချို့ပေါ့လေ။ မြစ်သား ကနေခုပဲပြန်ရောက်တယ်။ ဟိုမှာ မိုးရွာနေတော့ ဥတွေဖော်လို့မရသေးဘူး။ လက်ရှိမှာတော့ကြက်သွန်နီ ဈေးအနည်းငယ်ပြန်တက်တယ်''ဟု ၎င်းကပြောသည်။ ကြက်သွန်အသစ်မပေါ်မီ ကြက်သွန်အဟောင်းများကုန်ချိန် နီးကပ်လာသည့်အတွက် မြန်မာကြက်သွန် နီဈေးမှာ မြင့်တက်နေခြင်းဖြစ်ပြီး ကြက်သွန်နီသစ်များပေါ်ချိန်တွင် ရန်ကုန်ကြက်သွန်နီ လက်ကားဈေးကွက်အတွင်း ဈေးပြန်ကျနိုင်ဖွယ်ရှိ ကြောင်း ကြက်သွန်နီရောင်းဝယ်ရေး အသိုင်းအဝိုင်းမှ ခန့်မှန်းထားခဲ့ဖူး သည်။  လက်ရှိတွင် ပြည်တွင်း၌ ကြက်သွန်နီဈေးကွက်ကောင်းနေသည့်အတွက် ကြက်သွန်စိုက်တောင်သူ များပိုမိုများလာကြောင်း သိရသည်။

 


ထို့ပြင် ပြည်တွင်း၌မြန်မာကြက်သွန်နီဈေးကောင်းနေသည့်အချိန် မှသာ တရုတ်ကြက်သွန်နီကို ကုန် သည်များက တင်သွင်းလေ့ရှိကြောင်း သိရသည်။ ယခုစက်တင်ဘာလဆန်းပိုင်းက မြန်မာကြက်သွန်နီဈေးလက်ကား ဈေးကွက်တွင် တစ်ပိဿာလျှင် ကျပ် ၂၂ဝဝအထိမြင့်တက်ခဲ့ရာမှ စက်တင်ဘာ၃ဝရက်တွင် တစ်ပိဿာလျှင် အနိမ့်ဆုံး ကျပ်၁၇ဝဝ၊ အမြင့်ဆုံး ကျပ်၂ဝဝဝဖြင့် ဈေးကွက်အတွင်း ပြန်ကျဆင်းခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ကြက်သွန်နီဈေး ကွက်အတွင်း ဈေးအနည်းငယ်ပြန် ကျခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ဈေးကွက်အတွင်းဝယ်လိုအားများပြီး ရောင်းလိုအားနည်းနေသည့် အတွက် ဈေးအနည်းငယ်ပြန်မြင့်တက်လာခြင်းဖြစ်ကြောင်း စိန်ဘရား သားကြက်သွန်ပွဲရုံပိုင်ရှင် ဦးအောင် အောင်က သုံးသပ်ပြောသည်။

 


''ပိတ်ရက်ရှည်မှာ ကြက်သွန် တွေကို အများကြီးရောင်းပေးလိုက်တယ်။ ပိတ်ရက်တွေပြီးတော့ပြန်ဖွင့် တော့ ကြက်သွန်ကနည်းနည်းပဲရှိ တော့တယ်။ အဝယ်ကလည်းပြန်လိုက်လာတယ်။ ရောင်းဝယ်လိုအား နည်းသွားတော့ ဈေးတက်တယ်။ ကြက်သွန်သစ်တွေကလည်း မိုးရွာ နေတော့ အချို့စိုက်ခင်းတွေ ပျက် တယ်ကြားတယ်ဆိုတော့ ရန်ကုန်ကို မရောက်သေးဘူး။ ဈေးတွေအရမ်း မတက်အောင် ထိန်းပြီးရောင်းနေ ကြပါတယ်''ဟု ၎င်းကပြောသည်။ အောက်တိုဘာ ၁ဝရက်တွင် ဆိပ်ဖြူရှယ်တစ်ပိဿာလျှင် ၂၂၂၅ ကျပ်၊ ဆိပ်ဖြူလတ်ကြီး တစ်ပိဿာလျှင် ၂၁၂၅ကျပ်၊ ဆိပ်ဖြူလတ်သန့် တစ်ပိဿာလျှင် ၂ဝ၂၅ကျပ်၊ ဆိပ်ဖြူ လတ်ချောတစ်ပိဿာလျှင် ၁၇၇၅ ကျပ်၊ မြင်းခြံရှယ် တစ်ပိဿာလျှင် ၂၁၇၅ ကျပ်၊ မြင်းခြံလတ်ကြီးတစ် ပိဿာလျှင် ၂ဝ၇၅ကျပ်၊ မြင်းခြံလတ် သန့်တစ်ပိဿာလျှင် ၁၉၇၅ကျပ်နှင့် မြင်းခြံလတ်ချော တစ်ပိဿာလျှင် ၁၇၂၅ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ဘုရင့်နောင်ကုန် စည်ဒိုင်က ထုတ်ပြန်ထားသောစာ ရင်းများအရသိရသည်။ မြန်မာနိုင်ငံတွင် ကြက်သွန်ကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးလျှက်ရှိ ကြောင်း သိရသည်။ 

 

TTMT

#democracytoday

Read 1399 times
Login to post comments