Wednesday, 11 October 2017 12:30

ပြည်တွင်း ပဲစားသုံးမှု မြင့်တက်လာစေမည့် နည်းလမ်းတစ်ခု အဖြစ် ပဲစင်းငုံနှင့် မတ်ပဲ ခွဲခြမ်းများ ပြုလုပ်ကာ ချက်ပြုတ်နည်းပါ တွဲ၍ ပြည်တွင်းဈေးကွက်၌ ဖြန့်ဖြူးရောင်းချပေးနေ

Written by TTMT
Rate this item
(0 votes)

ရန်ကုန်၊ အောက်တိုဘာ ၁ဝ

 

ပြည်တွင်း ပဲစားသုံးမှုမြင့်တက်လာစေရန် ပဲစင်းငုံနှင့်မတ်ပဲကို ခွဲခြမ်းများပြုလုပ်၍ ပြည်တွင်းဈေးကွက်၌ စတင် ဖြန့်ဖြူးရောင်းချပေးနေပြီဖြစ် ကြောင်း သိရသည်။ ပြည်တွင်း ပဲစားသုံးမှုမြင့်လာ စေရန် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းနှင့် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနတို့ ပူးပေါင်းကာ စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းပဲများကို ခွဲခြမ်းများပြုလုပ်၍ ရန်ကုန်ရှိစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးရုံးတွင် ပဲခွဲ ခြမ်းများကို အထုပ်ငယ်များထုပ် ပိုးကာချက်ပြုတ်သည့်နည်းလမ်း စာရွက်များဖြင့် ရောင်းချပေးလျက်ရှိပြီး ကုန်တိုက်အချို့တွင်ရောင်းချ နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ ဥက္ကဋ္ဌဦးထွန်းလွင်က အောက်တိုဘာ ၁ဝ ရက်က ပြောသည်။

 


''ပဲခွဲခြမ်းလုပ်တဲ့စက်ရုံတွေကနေတာဝန်ယူပြီး ချက်ပြုတ်နည်း တွေနဲ့အတူထုပ်ပိုးပြီး ပြည်တွင်းစားသုံးမှုမြင့်လာဖို့ကိုဆောင်ရွက်နေတာ ဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။ လက်ရှိတွင် မတ်ပဲနှင့်ပဲစင်းငုံတို့ ကို နိုင်ငံ ၂ဝခန့်သို့ တင်ပို့နေရသော်လည်း အိန္ဒိယနိုင်ငံဈေးကွက် မရှိ တော့သည့်အတွက် ပဲဈေးကွက်မှာ ထိခိုက်နေဆဲဖြစ်ကြောင်းသိရသည်။ မတ်ပဲနှင့်ပဲစင်းငုံတို့ကို အခြေ ခံနှုန်းတစ်ခုသတ်မှတ်ကာ ဝယ်ယူ နေပြီဖြစ်သော်လည်း လာရောင်းသူ မရှိသေးကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။  စက်တင်ဘာ ၁၁ ရက်မှစ၍ မတ်ပဲ  FAQ  (၂ဝ၁၇  Crop ) တစ်တန်လျှင် ကျပ်ငါးသိန်းနှင့် ပဲစင်းငုံအနီ (၂ဝ၁၇ Crop ) တစ်တန်လျှင် ကျပ်လေးသိန်းနှုန်းဖြင့် သတ်မှတ်ကာဝယ်ယူနေခြင်းဖြစ် ကြောင်း သိရသည်။

 


ပဲဈေး အလွန်အမင်း ကျဆင် မှုမဖြစ်ပေါ်စေရန် အစိုးရကကျပ် ဘီလီယံ ၅ဝ နှင့် ပုဂ္ဂလိကက ကျပ် ဘီလီယံ ၅ဝ တို့ စုပေါင်းပြီး ပဲဈေးနှုန်း သတ်မှတ်ဝယ်ယူမည့် အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပြီး ကျပ်ဘီလီယံ ၁ဝဝ ရန်ပုံငွေ အစီအစဉ်အရ အစိုးရပါဝင်ရမည့် ကျပ်ဘီလီယံ ၅ဝ ကိုမူ တောင်းခံထားဆဲဖြစ်ကြောင်း သိရသည်။ မတ်ပဲ FAQ/RC (၂ဝ၁၇ Crop ) တစ်တန်လျှင် ကျပ်ငါးသိန်း လေးထောင်နှင့် ပဲစင်းငုံအနီ DRC  (၂ဝ၁၇ Crop )တစ်တန်လျှင် ကျပ်သုံးသိန်းရှစ်သောင်းခုနစ် ထောင်ဖြစ်ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်၏ဈေးနှုန်းများအရ သိရသည်။ 

 

TTMT

#democracytoday

Read 618 times
Login to post comments