Thursday, 12 October 2017 12:55

ကချင်ပြည်နယ်မှ ပေါက်သီးယို လုပ်ကိုင်သူများ ကုန်ကြမ်းရရှိမှု အဆင်မပြေသဖြင့် ထုတ်လုပ်မှု သိသာစွာလျော့ကျ

Written by လှိုင်ထွေးအောင်
Rate this item
(0 votes)

မိုးညှင်း

 

ကချင်ပြည်နယ်မှ အောင်မြင်ဖြစ်ထွန်းသည့် ငါးပေါက်သီးပင်များ တောပြုန်း တောင်ပြုန်း ပျောက်ကွယ်လာသည့်အပြင် နယ်မြေအေးချမ်းမှုမရှိသောဒေသများမှာသာ အထွက်များသဖြင့် ငါးပေါက်သီးယိုလုပ်ငန်းလုပ်ကိုင်သူများ ကုန်ကြမ်းခက်ခဲမှုရှိလာ၍ ထုတ်လုပ်မှု သိသာစွာကျဆင်းကြောင်း သိရသည်။  ငါးပေါက်သီးပင်များကို ကချင်ပြည်နယ် မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်များမှာ အများဆုံးထွက်ရှိရာ ငါးပေါက်သီးကောက်သူများက အပင်အောက်ြေ<ွကကျသည့်အသီးများကို ကောက်ယူကြရသည်။ ငါးပေါက်သီးမှ ထွက်ရှိသည့်အဆန်များနှင့် ငါးပေါက်သီးဖြင့် ပြုလုပ်သည့်ယိုများကို ရာသီချိန်တွင်ဆိုင်များ၌ အများဆုံးတွေ့ရသည်။ မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်များမှ မော်ဟန် ကာဒူ တောင်နီဆားမှော်မရမ်းရွာများတွင် ရထားလမ်း၊ ကားလမ်းတစ်လျှောက် ငါးပေါက်သီး ငါးပေါက်ဆန် ငါးပေါက်ယို ရောင်းချသည့် ဈေးဆိုင်အများအပြားရှိသည်။

 


''ဒီနှစ် ငါးပေါက်သီးထွက်တဲ့တောတွေ မှာ တောပြုန်းနေတာတွေရှိလာတယ်။ ရာသီဥတု မမှန်တော့ အထွက်နှုန်းလဲကျသွားတယ်။ ငါးပေါက်သီး အများဆုံးထွက်တဲ့တောတွေ ကျပြန်တော့ 'မိုင်း'တွေ့မှာ အလွန်စိုးရိမ်ရလို့ အသီးကောက်သူတွေ အရဲစွန့်မသွားရဲကြဘူး။ အသီးကောက်တာက သုံးနှစ်မှ တစ်ကြိမ် သီးတာဆိုတော့ တောပြောင်းကောက်ရတာရှိတယ်။ အရင်က ငါးပေါက်သီးကောက်ချိန်ဆိုရင် ဒီအရပ်က လက်လုပ်လက်စားတွေ ငွေ ရွှင်ကြတယ်။ ဒီနှစ် ဘီလူးမြို့မှာလဲ ရွာအနီးနားမှာသာ ကောက်ကြပြီး ငါးပေါက်သီးအထွက် များတဲ့ အဝေးတောတွေဆီသွားကောက်တဲ့သူ နည်းသွားတယ်။ ဈေးနှုန်းကလဲ မနှစ်ကထက် နှစ်ဆနီးပါးတက်သွားတယ်''ဟု မိုးညှင်းမြို့နယ် ဘီလူးမြို့မှကိုစန်းဦးက ပြောသည်။

 


ငါးပေါက်သီးမှာ နှစ်စဉ် တော်သလင်း၊ သီတင်းကျွတ်လများ၌ အများအပြားထွက်ရှိရာ ယခုနှစ်တွင် ငါးပေါက်သီးယိုလုပ်ငန်း လုပ်ကိုင်နေသူတို့ ကုန်ကြမ်းအရနည်းသဖြင့် ယိုထုတ်လုပ်မှုပါ ကျဆင်းသွားသည်။ ငါးပေါက်သီးအဆန်မှာ သစ်ကြားသီးအဆန်ကဲ့သို့ ချိုဆိမ့်သောအရသာရှိသည်။ အသီးထဲမှရရှိသည့်အစေ့ကို လှော်စားသူ၊ ကြော်စားသူများ ရှိသလို ယိုထိုး၍စားသုံးသူ များပြားသဖြင့် ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ဟိုပင်မြို့များ၌ ရာသီချိန်တွင် ရောင်းချသူများပြားသည်။ ယခုနှစ်တွင် ငါးပေါက်သီးအဆန် နို့ဆီဘူး တစ်ဘူး ကျပ် ၃၅ဝဝ ဈေးဖြင့် ရောင်းချ ရာ ယခင်နှစ်ကထက် ဈေးထက်ဝက်ခန့်တက်သွားကြောင်း၊ ငါးပေါက်သီးကုန်ကြမ်းအရ နည်းမှု၊ ဈေးနှုန်းကြီးမြင့်လာမှုတို့ကြောင့် ယိုထုတ်လုပ်သူများမှာ တွက်ခြေမကိုက်တော့၍ ထုတ်လုပ်ရောင်းချနိုင်ခြင်းမရှိကြကြောင်း သိရသည်။

 

လှိုင်ထွေးအောင်

#theyangontimes

Read 358 times
Login to post comments