Main menu
HOT NEWS
adv
မော်လမြိုင်ကျွန်း မြို့ နယ်၌ နိုဝင်ဘာ ပထမပတ်မှစကာ ဘဲဥများဈေးကျ၍ ဘဲမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများ အရှုံးပေါ်

မော်လမြိုင်ကျွန်း မြို့ နယ်၌ နိုဝင်ဘာ ပထမပတ်မှစကာ ဘဲဥများဈေးကျ၍ ဘဲမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများ အရှုံးပေါ်

မော်လမြိုင်ကျွန်း၊ နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်၌ နိုဝင်ဘာပထမပတ်မှစကာ ဘဲဥဈေးနှုန်းများကျဆင်း နေမှုကြောင့် ဘဲမွေးမြူရေးလုပ်ငန်းကိုင်သူများ အရှုံးပေါ်နေကြောင်း သိရှိရသည်။ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ တွင် ဘဲဥတစ်လုံးလျှင်ကျပ် ၁၃ဝခန့်ရှိ ခဲ့သော်လည်း နိုဝင်ဘာလ ဒုတိယပတ် မှစ၍ ဘဲဥတစ်လုံးလျှင် ကျပ် ၈ဝခန့် ထိ ဈေးထိုးကျသွားကြောင်းသိရသည်။

''ဘဲဥဈေးက အရမ်းကိုကျနေတယ်။ ဘာမှလုပ်မရဖြစ်နေတယ်။ဘဲဥရောင်းရတာနဲ့ ဘဲအစာပြန်ကျွေးဖို့ မနည်းလုပ်နေရတယ်။ လူစားဖို့က တော့ ဘာလုပ်ရမှန်းတောင်မသိဘူး။ ကျွန်မက ဘဲအကောင်ရေ ၂ဝဝေ ကျာ် လောက်ရှိတယ်။ ဘဲဥဈေးက ဒီတစ်ခါအကျဆုံးပဲ။ သူ့ကိုလည်းအစာ ကျွေးမှ ဘဲကဥတာ။ အခုသူ့ကိုပဲကျွေးပြီး ကိုယ်ကအငတ်ခံရမယ့်သဘော ဖြစ်နေတယ်။ ဘဲဥဈေးကို အများကြီးမမျှော်လင့်ပါဘူး။ အရင်ထက် မပိုရင် နေပါ။ အရင်ဈေးနှုန်းကို ရောက်ရင် တော်ပါပြီ''ဟု ဘဲမွေးမြူသူ မစုစုခိုင်က ပြောသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ တောင်သူများသည် လယ်ယာလုပ်ငန်းနှင့်ယှဉ်တွဲ၍ မွေးမြူရေးလုပ်ငန်းများကို အိမ်စရိတ် အထောက်အကူ ရရန်လုပ်ကိုင်နေကြပြီး အိမ်ထောင် စုတစ်စုလျှင် ဘဲအကောင်ရေ ၁ဝဝ အထက် မွေးမြူကြကြောင်း သိရသည်။


''ဘဲမွေးတဲ့ဦးရေက အရင်အတိုင်းပါပဲ။ ဘဲကဥတာ တင်ပို့ကုန်များတယ်ဗျာ။ အဲဒီတော့ ဈေးနှိမ် လိုက်တဲ့သဘောပါ။ ဒီဘက်ကတင် ပို့ကုန်လေး နည်းနည်းအားကောင်းလာတာနဲ့ ချက်ချင်းကို ဈေးကထိုးကျ သွားတာ။ အခုဘဲဥ လာပို့ရောင်းချသူတွေက အရင်တုန်းက အလုံး ၂ဝဝ သမားက ၃ဝဝ ဖြစ်လာတယ်။ဘဲတွေက အစားကောင်းကျွေးထားရင် မိုးတွင်းဘက်မဥတဲ့ဘဲက ဆောင်းတွင်းဆိုပြန်ဥကြတယ်။ အဲဒီတော့ ဘဲမွေးသူတွေ က ဘဲဥဈေးနှုန်းကို ဥတုန်းခံစားရမလားမှတ်တယ်။ ဈေးက ချက်ချင်းဆိုသလိုပြန်ကျသွားတယ်။ ဒါတောင် အစ်ကိုတို့က မြို့ကုန်စည် ဒိုင်ကိုချက်ချင်းပို့တာ''ဟု ဘဲဥ၊ ဘဲ၊ ကြက်ရောင်းဝယ်ရေးလုပ်ငန်းမှ ကိုကျော်ဋ္ဌေး က ပြောသည်။ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဘဲ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၉၈ ဦးခန့်ရှိပြီး ဘဲဥများကို ဒေသတွင်း ဈေးကွက်ဖြစ်သော မော်လမြိုင်ကျွန်းမြို့ နှင့် ဘိုကလေးမြို့သို့ တင်ပို့ရောင်းချကြ ကြောင်း သိရ သည်။

KHL(MMK)

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616