Main menu
HOT NEWS
adv
မြစ်ဆုံ အပန်းဖြေစခန်း လုပ်ကိုင်ခွင့် လေလံပွဲ ဒီဇင်ဘာလလယ်တွင် ပြုလုပ်မည်

မြစ်ဆုံ အပန်းဖြေစခန်း လုပ်ကိုင်ခွင့် လေလံပွဲ ဒီဇင်ဘာလလယ်တွင် ပြုလုပ်မည်

မြစ်ကြီးနား၊ ဒီဇင်ဘာ ၃

မြစ်ဆုံ အပန်းဖြေစခန်းလုပ်ငန်းလုပ်ကိုင်ခွင့်ကို ဒီဇင်ဘာလလယ်ပိုင်းတွင် ကြမ်းခင်းဈေးကျပ်သိန်း ၆၀ ဖြင့် စတင် လေလံခေါ်ယူမည်ဖြစ်ကြောင်း မြစ် ကြီးနား စည်ပင်သာယာရေးကော်မတီအခွန်ဌာနမှ သိရှိရသည်။ "ပည်နယ်အစိုးရရဲ့အဖွဲ့တွေကနေ စီစဉ်တဲ့အတိုင်းလိုက်လုပ်ပေးရတာ။ ဒီနှစ်မှာတော့ အပြိုင်လျှောက်ထားတဲ့သူတွေများလာမယ်လို့ထင်တယ်။ အပြိုင်လျှောက်ထားသူနည်းပါးတာကြောင့် နှစ်စဉ်ငါးသိန်းခန့်သာ အခွန် တိုးမြှင့်ရရှိပါတယ်"ဟု အခွန်ဌာနမှ ဒုတိယဦးစီးမှူးဖြစ်သူ ကပြောသည်။
 

လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် လုပ်ငန်းရှင်အသစ်များအနေဖြင့်လည်းလျှောက်ထားရန် ကြေညာထားပြီးလုပ်ကိုင်ခွင့်ရရှိသူများကဈေး ရောင်းချခွင့်၊ ရေလောင်းအိမ်သာ ငွေကြေးကောက်ခံခွင့်နှင့် ဓာတ်ပုံ နှင့်ဗွီဒီယို ရိုက် ကူးမှုအတွက် အခွန် ကောက်ခံခွင့်ရှိမည်ဖြစ်ကာ အခြား ငွေကြေးကောက်ခံခွင့်မရှိဘဲ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် တာဝန်ယူဆောင်ရွက်ရမည် ဖြစ်သည်။  ဧရာဝတီမြစ်၊ မြစ်ဆုံဒေသ၌ အပန်းဖြေစခန်း စီးပွားရေးလုပ်ကိုင်ခွင့်အတွက် လေလံဆွဲလိုသူများအ နေဖြင့် မြို့နယ်စည်ပင်အခွန်ဌာန နှင့်ပြည်နယ်စည်ပင်ဌာနတွင် လေလံ လျှောက်လွှာကိုနိုဝင်ဘာလမှ စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အပန်းဖြေ စခန်းဧရိယာ မှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အတွင်းတည်ရှိနေကြောင်း သိရသည်။

"ဒီနေရာက ကန့်သတ်ဧရိယာ ဖြစ်နေတော့ အစိုးရအဖွဲ့က ၀င်ငွေ ရအောင်လုပ်မယ်ဆိုရင်လုပ်ခွင့်ရှိတယ်။ ဒါပေမဲ့ ဧရာဝတီမြစ်အရှေ့ ခြမ်းနဲ့မေခမြစ်အရှေ့ခြမ်းကုန်း ပေါ်ကိုတက်မယ်ဆိုရင်တော့ လျှပ်စစ် စီမံကိန်း အဖွဲ့က ဖမ်းဆီးပြီး အစိုးရအဖွဲ့ရဲ့အရေးယူခြင်းကိုခံရမယ်"ဟု မြစ်ကြီးနားခရိုင်အုပ်ချုပ်ရေးမှူး ဦး ခေါင်လန်ဒီးက ပြောသည်။

THO(MMK)
#Democracytoday
Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191