HOT NEWS
Main menu
adv
ဒေါ်လာ သန်းဝက်ကျော် တန်တဲ့ တူနာငါး

ဒေါ်လာ သန်းဝက်ကျော် တန်တဲ့ တူနာငါး

တိုကျို

ကြီးမားတဲ့ တူနာငါးတစ်ကောင်ကို ဂျပန်နိုင်ငံသားတစ်ဦးက အမေရိကန်ဒေါ်လာ ၆၄၂ဝဝဝ နဲ့ ညီမျှတဲ့ယန်းငွေ ၇၄ ဒသမ ၂ သန်း ပေးဝယ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအရောင်းအဝယ်ဟာ ဂျပန်နိုင်ငံတိုကျိုမြို့ မှာ နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ ဆူကီဂျီငါးလေလံပွဲမှာ ပေါ်ပေါက်ခဲ့တာပါ။

ကီမူရာလို့ခေါ်တဲ့ စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်က ဒေါ်လာသန်းဝက်ကျော်ပေးပြီး ဒီငါးကိုဝယ်ယူခဲ့တာပါ။ ဒီဈေးနှုန်းဟာ ဆူကီဂျီငါးလေလံပွဲရဲ့သမိုင်းတစ်လျှောက် ဒုတိယအများဆုံးပမာဏဖြစ်ပြီး ပထမအများဆုံး က ဒေါ်လာ ၁ ဒသမ ၈သန်း ပဲဖြစ်ပါတယ်။ ၂ဝ၁၃ခုနှစ် လေလံပွဲမှာ ၄၈၉ ပေါင်အလေး ချိန်ရှိတဲ့တူနာငါးကြီးကို ဒေါ်လာနှစ်သန်းနီးပါးပေးဝယ်ခဲ့တာဖြစ်ပြီး အဲဒီစံချိန်ရှင်ဟာလည်း ကီမူရာပဲ ဖြစ်ပါတယ်။   

Ref: Mirror News

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS