HOT NEWS
Main menu
adv
ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံရန် ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ တန်ဖိုးရှိ လုပ်ငန်း အဆိုပြုလွှာ ၇ဝ ခန့်ကို ယခု နှစ်ဆန်းပိုင်းအတွင်း လက်ခံ ရရှိထား

ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံရန် ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ တန်ဖိုးရှိ လုပ်ငန်း အဆိုပြုလွှာ ၇ဝ ခန့်ကို ယခု နှစ်ဆန်းပိုင်းအတွင်း လက်ခံ ရရှိထား

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ယခုနှစ်ဆန်းပိုင်းတွင်း ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံရန်အတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အဆိုပြုလွှာ ၇ဝ ခန့် လက်ခံရရှိထားသဖြင့် လက်ရှိ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှု ပမာ ဏ လျာထားချက်အား ကျော်လွန်နိုင်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးကပြောသည်။  ဇန်နဝါရီ ၉ ရက်က ရန်ကုန်မြို့ သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက မီဒီယာများအား ပြောကြားခဲ့ခြင်း ဖြစ်သည်။


ဦးအောင်နိုင်ဦးက ''ဒီနှစ်လျာထားချက်က အမေရိကန်ဒေါ်လာ ၆ ဘီလီယံဖြစ်ပါတယ်။ အခုပေါင်းလိုက်ရင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံလောက်ရှိပါပြီ။ ဘဏ္ဍာရေးနှစ်ကုန်ဖို့က သုံးလလောက်နီးနီးနှစ်လ ခွဲလောက်ကျန်ပါသေးတယ်။ ထပ်ပြီးရောက်လာတဲ့ အဆိုပြုလွှာ အရင်အပတ်က ၅၂ ခု၊ ဒီအပတ်ထပ်ရောက်လာနဲ့ဆိုရင် ၇ဝ လောက်လက်ထဲမှာရှိပါတယ်။ ဒီ ၇ဝ ရဲ့ပမာဏကို ပေါင်းကြည့်လိုက်ရင် အမေရိကန်ဒေါ် လာ ၃ ဒသမ ၄ ဘီလီယံလောက်လက်ထဲမှာကျန်ပါသေးတယ်။ ဒီဟာကိုမတ်လမတိုင်ခင်မှာ ထပ်ပြီးခွင့်ပြုနိုင်မယ်ဆိုရင် ဒီနှစ်လျာထားချက် ၆ ဘီလီယံကို ကျော်သွားမှာဖြစ်ပါတယ်''ဟု ဆိုသည်။


လက်ရှိ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇန်နဝါရီလပထမပတ်အထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁ဝဝ မှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေ ရိကန် ဒေါ် လာ သန်းပေါင်း ၃ဝ၃၃ ဒသမ ဝ၅၈ နှင့်ရင်းနှီးမြှုပ်နှံ မှုတိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း ၄၃၇၂ ဒသမ ၄၉၅  သန်းဖြစ်ပြီး အထူးစီးပွားရေးဇုန်သို့ရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၂ဝဝ ကျော်ဝင်ရောက်ခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်းစုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၈ ဘီလီယံနီးပါးဝင်ရောက်ခဲ့ကြောင်း သိရသည်။ ''ပထမတော့ေ တ်ာတော်လေး စိတ်ပူပါတယ်။ ကျန်ခဲ့တဲ့ဖေဖော်ဝါရီနဲ့ ဒီဇင်ဘာမှာ တော်တော်လေး အခြေအနေကောင်းပါတယ်။ အဲဒါကြောင့် ဒီနှစ်လျာထားချက် ၆ ဘီလီယံကို အေးဆေးဖြစ်သွားပါတယ်။ ရည်မှန်းချက်ပြည့်ဖို့တော့ အခက်အခဲမရှိပါဘူး''ဟု ဦးအောင်နိုင်ဦးက ဆက်လက်ပြောသည်။

 
လက်ရှိရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေးတွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့်အခွန်တိုးတက်ရရှိနိုင်မှု၊ ပြည်တွင်း၊ ပြည်ပ ဈေးကွက် အခြေ အနေ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက်၊ နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊နည်း ပညာလွှဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှု ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မှုအစီအမံများ၊ တာဝန်ယူမှုရှိသော ရင်း နှီးမြှုပ်နှံမှုဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများကိုလိုက်နာခြင်းစသည့် အချက်များကို အခြေခံ၍စိစစ်ခြင်းဖြစ် ကြောင်း သိရသည်။


AK

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS