Main menu
HOT NEWS
adv
ကျပ် ၅ဝဝ တန် ထီလက်မှတ်ကို အမှန်တကယ် ရောင်းချသူများအတွက် အက္ခရာအလုံး ၂ဝ အား အရန်ထီ အဖြစ် ရောင်းချပေးရန် စီစဉ်

ကျပ် ၅ဝဝ တန် ထီလက်မှတ်ကို အမှန်တကယ် ရောင်းချသူများအတွက် အက္ခရာအလုံး ၂ဝ အား အရန်ထီ အဖြစ် ရောင်းချပေးရန် စီစဉ်

ရန်ကုန်

လာမည့် မတ်လတွင် စတင်ရောင်းချမည့် ကျပ် ၅ဝဝ တန် ထီလက်မှတ်တွင် အောက်ခြေလူတန်းစားများကို ရောင်းချပေးရန်အတွက် အက္ခရာအလုံး ၂ဝအား အရန်ထီအဖြစ် အောင် ဘာလေသိန်းဆုဌာနခွဲမှ ရောင်း ချပေးသွားမည်ဖြစ်ကြောင်း ၎င်းဌာနညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ပြောသည်။ ''အမှန်တကယ် ထီရောင်းတဲ့သူတွေကို ပေးနိုင်အောင်လုပ်မှာပါ ထီဆိုင်ကြီးတွေမှာ ဈေးကြီးတယ်ထင်ရင် ဒီမှာလာဝယ်နိုင်ပါ တယ်''ဟု ဦးထွန်းထွန်းအောင်ကပြောသည်။ လက်ရှိတွင်ပြည်သူများမှ ယခုထွက်ရှိ နေသည့် သိန်း ၁၅ဝဝတန် ထီလက်မှတ်ထက်၊ သိန်း ၁ဝဝဝဝတန်ထီအား ပိုမိုမျှော်လင့်လျက်ရှိသည်။


''သိန်းတစ်သောင်းဆိုရင်တော့ ဘဝကို ပြောင်းလဲသွားမှာ အမှန်ပါပဲ။ သိန်း ၁၅ဝဝ ထက်လဲ အများကြီးများတယ်။ သိန်းတစ်သောင်းသာပေါက်ရင် အလှူအကြီးကြီးကိုလုပ်ဦးမှာ''ဟု လစဉ်ထီထိုးနေသည့် ဒေါ်လှအေး ကပြေသည်။ ကျပ်ငါးရာတန် ထီလက်မှတ်များ၏ အမြင့်ဆုံးဆုကြေးမှာ ကျပ်သိန်းတစ်သောင်း ဖြစ်ပြီး အနိမ့်ဆုံးဆုကြေးမှာ ကျပ်နှစ်ရာ ထီလက်မှတ်ကဲ့သို့ ကျပ်ငါးသောင်းဖြစ်ကြောင်း၊ ပေါက်ဂဏန်းများကိုလည်း ကျပ်နှစ်ရာထီ လက်မှတ်ပေါက်ဂဏန်းများနှင့်တစ်ပြိုင်နက် ထီဖွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အမြင့်ဆုံးကျပ်သိန်းတစ်သောင်း အထိပေးမည့် ကျပ်ငါးရာတန်ထီလက်မှတ်များ ထုတ်ဝေရောင်းချသည့် အခါတွင် လည်း လက်ရှိရောင်းချနေသည့် အမြင့်ဆုံးကျပ်သိန်းတစ် ထောင့်ငါးရာပေးသော ကျပ် ၂ဝဝ တန် ထီလက်မှတ်များကိုပါ ဆက်လက်ရောင်းချသွားမည် ဖြစ်ပြီး ပူးတွဲရောင်းချမှုများသာ ဖြစ်မည်ဟု သိရသည်။


''လူတွေကထီထိုးတယ်ဆိုတာ မျှော်လင့်ချက်အိပ်မက်တွေ အကောင်အထည်ဖော်တာပေါ့။ သိန်းတစ်သောင်းဆိုတော့ မျှော်လင့်လို့ ပိုကောင်းတာပေါ့။ ဟိုတုန်းကရှိတယ်လေသိန်းထီပေါက်ရင် တိုက်ဆောက်မယ်တို့ ဘာတို့ပေါ့။ အခု သိန်းတစ်သောင်းဆိုတော့ ကျွန်တော်ထင်ပါတယ် ထိုးတဲ့သူ ပိုများလာမှာပါ''ဟု ဦးထွန်းထွန်းအောင်ကဆိုသည်။ လက်ရှိရောင်းချနေသည့် ကျပ်၂ဝဝတန် ထီလက်မှတ်များကို ကျပ်၅ဝဝတန် ထီလက် မှတ်များထွက်ပြီး သုံးလအကြာတွင်  ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ကျပ်နှစ်ရာတန် ထီလက်မှတ်များအတွက် လစဉ်ဆုမဲအရေအတွက် (၄ဝ၂၄၃) ဆုပေးနေ ခြင်းဖြစ်ပြီး ကျပ်ငါးရာတန် ထီလက်မှတ်များ အတွက် ဆုမဲအရေအတွက်ကိုမူ အတိအကျ ပြောရန် မဖြစ်နိုင်သေးကြောင်း သိရသည်။ အမြင့်ဆုံးကျပ်သိန်းတစ်သောင်းအထိ တိုးမြှင့်ပေးရန် အောင်ဘာလေဌာနခွဲ အနေ ဖြင့် အစိုးရသစ်တက်လာပြီး ဧပြီလမှစတင် ကာ အစီအစဉ်များကို ရေးဆွဲတင်ပြထားခြင်း ဖြစ်သည်။

အောင်ဖြိုးဦး

#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616