Main menu
HOT NEWS
adv
ရန်ကုန် အိမ်ခြံမြေ ဈေးကွက် အရောင်းအဝယ် အေးပြီး အငှားဈေးကွက်တွင်သာ ဆက်လက် ရှိနေ

ရန်ကုန် အိမ်ခြံမြေ ဈေးကွက် အရောင်းအဝယ် အေးပြီး အငှားဈေးကွက်တွင်သာ ဆက်လက် ရှိနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ပြီးခဲ့သည့် ဇန်နဝါရီလလယ်ပိုင်းမှစတင်ကာ ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် အရောင်းအဝယ်များပြန်လည်အေးသွားခဲ့ပြီး အငှားဈေးကွက်တွင်သာ ဆက်လက်ပြီးအငှားဖြစ်နေကြောင်း ရန်ကုန်အခြေစိုက် အိမ်ခြံမြေအကျိုး ဆောင်အသိုင်းအဝိုင်းမှ သိရသည်။ လက်ရှိ ၂ဝ၁၇ခုနှစ်၊ ဖေဖော်ဝါရီလသို့ရောက်ရှိလာခဲ့သည့်တိုင် အောင် ရန်ကုန်အိမ်ခြံမြေဈေးကွက် အတွင်းအရောင်းအဝယ်များ လက် တွေ့ဖြစ်လာခြင်းများနည်းပါးနေ သေးပြီး အမေးသာများနေကြောင်း သိရသည်။


ရန်ကုန်အခြေစိုက် ထက်အာကာအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှဒေါ်အေးအေးမော်က''အခုလိုမျိုးဈေးကွက်မှာအရောင်းအဝယ်နည်းလာတာကလည်း အဓိကအချက်ကတော့ အိမ်ခြံမြေဘက် မှာလူတွေကလည်း ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှုနည်းလာတာကြောင့်လည်းပါပါတယ်။ သူတို့အနေနဲ့ကလည်းစောင့်ကြည့်နေတဲ့သဘော ရှိမယ်ထင်တယ်။ လက်ရှိမှာက တော့ အငှားဈေးကွက်အပေါ်မှာပဲ ဈေးကွက်မူတည်နေတဲ့သဘော ပေါ့''ဟု ဖေဖော်ဝါရီ ၅ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။


လက်ရှိတွင် မြို့တွင်းခြောက် မြို့နယ်အပါအဝင် တာမွေ၊ ဗဟန်း၊ တောင်ဥက္ကလာပ စသည့်မြို့နယ်များတွင် အငှားအများဆုံးဖြစ်နေပြီး တိုက်ခန်းနှင့်လုံးချင်းနှစ်မျိုးစလုံး အငှားဖြစ်နေကြာင်း သိရသည်။လုံး ချင်းများတွင် ပေ ၂ဝxပေ ၄ဝ များ အဓိကအငှားဖြစ်နေပြီး တိုက်ခန်း များမှာလည်းအငှားလိုက်နေကာ နေရာပေါ်မူတည်၍ ဈေးနှုန်းအမျိုး မျိုးကွာခြားသွားကြောင်း သိရသည်။ တိုက်ခန်းအငှားဈေးနှုန်းများမှာ အနိမ့်ဆုံးကျပ် ၁၈ဝဝဝဝ မှ အမြင့် ဆုံးကျပ် ၁၅ သိန်းအထိ ဈေးနှုန်းအ သီးသီးရှိကြောင်း သိရသည်။ ၂ဝ၁၇ ခုနှစ် ဇွန်လနောက်ပိုင်းမှသာ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်များပုံမှန်အတိုင်း ပြန်လည်အရောင်းအဝယ်ဖြစ်လာနိုင်ပြီး လက်ရှိအချိန်တွင် အချိန်အနည်းငယ်စောင့်ကြည့်ရမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ဆိုသည်။

AK

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616