Main menu
HOT NEWS
adv
လက်ပံတောင်းတောင် စီမံကိန်းမှ ကြေးနီ မတ်ထရစ် တန် နှစ်သောင်းကျော် ထုတ်လုပ်ပြီးဖြစ်၊ အကျိုးအမြတ်ကို လစဉ်ခွဲဝေလျက်ရှိ ဟုဆို

လက်ပံတောင်းတောင် စီမံကိန်းမှ ကြေးနီ မတ်ထရစ် တန် နှစ်သောင်းကျော် ထုတ်လုပ်ပြီးဖြစ်၊ အကျိုးအမြတ်ကို လစဉ်ခွဲဝေလျက်ရှိ ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

လက်ပံတောင်း တောင်စီမံကိန်းမှ ကြေးနီမတ်ထရစ်တန် နှစ်သောင်းကျော် ထုတ်လုပ်ပြီးဖြစ်ကာ ရရှိသည့်အကျိုးအမြတ်များကို အစိုးရနှင့် ကုမ္ပဏီမှစာချုပ်ပါအတိုင်း လစဉ်ခွဲဝေလျက်ရှိကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက ပြောသည်။ ဖေဖော်ဝါရီ ၁၄ ရက် ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအောင်ခင်ဝင်းက လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းမှ နိုင်ငံတော်၏အကျိုးအမြတ် ၅၁ရာခိုင်နှုန်းကို တာဝန်လွှဲပြောင်းချိန်အထိ မည်မျှရရှိခဲ့ကြောင်း မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီးကအထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။


လက်ပံတောင်းတောင်ကြေးနီသတ္တုတွင်း စီမံကိန်းမှထုတ်လုပ်မှု စတင်ချိန် ၂ဝ၁၆ ခုနှစ် မတ် ၁၁ ရက် မှ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလကုန်အထိ ကြေးနီစုစုပေါင်းမတ်ထရစ်တန် ၂၄၅၉၃ ဒသမ ၈၉၅ တန်ရရှိထားပြီး ယင်းမှရရှိသည့် အကျိုးအမြတ်ခွဲဝေမှုအရ နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ ၂၉၉ဝ၆၂၅ ဒသမ ၉၉၈ ရရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။


စာချုပ်အရစီမံကိန်းမှရရှိသည့် အကျိုးအမြတ်အပေါ် နိုင်ငံတော်မှ ၅၁ ရာခိုင်နှုန်း၊ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း ခွဲဝေရမည်ဖြစ်ကာ လက်ရှိခွဲဝေသည့်ပုံစံကို ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက ''စာချုပ်ပါသတ်မှတ်ချက်များနဲ့အညီ လစဉ်ခွဲဝေလျက်ရှိပြီးတော့ ဝန်ကြီးဌာနကရရှိတဲ့ သတ္တုခွန်နဲ့အမှတ်(၁) သတ္တုတွင်းဌာန ဝေစုအချိုးကို ပစ္စည်းအနေနဲ့လက်ခံရရှိပါတယ်။ ကုမ္ပဏီများက အမှန်ရောင်းရငွေရဲ့အပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ဝင်ငွေခွန်ကို သက်ဆိုင်ရာဝန်ကြီးဌာနကနေတစ်ဆင့် နိုင်ငံတော်ကိုပေးသွင်းတာဖြစ်ပါတယ်''ဟု ပြောသည်။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်နိုင်ငံဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းပြီး မြန်မာ-ဝမ်ပေါင် မိုင်းနင်းကော်ပါးလီမိတက်ကိုတည်ထောင်ကာ ၂ဝ၁ဝ ခုနှစ်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းစာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ၂ဝ၁၂ ခုနှစ်နိုဝင်ဘာတွင် အဆိုပါစီမံကိန်းသည် နိုင်ငံတော်မှ အကျိုးအမြတ်ရရှိမှုနည်းပါးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်ခြင်းကြောင့် ဒေသခံများက စီမံကိန်းရပ်နားရန် သပိတ်စခန်းဖွင့်ခဲ့ရာ အဆိုပါသပိတ်စခန်းကို အင်အားသုံးဖြေရှင်းရာမှ သံဃာတော်နှင့် ဒေသခံအချို့ဒဏ်ရာရရှိခဲ့သည်။


ထို့နောက်စုံစမ်းစစ်ဆေးရေးအဖွဲ့ကို လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းမှ နိုင်ငံတော်အကျိုးအမြတ်ရာနှုန်းတိုးမြှင့်ရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးများ ဆောင်ရွက်ရန်အစရှိသဖြင့် အစီရင်ခံစာတင်သွင်းခဲ့ ပြီးနောက် ကြေးနီထုတ်လုပ်မှုအပေါ် ခွဲဝေခံစားခြင်းပြင်ဆင်ချက်စာချုပ်အား ၂ဝ၁၃ ခုနှစ် ဇူလိုင် ၂၄ရက်တွင်ချုပ်ဆိုခဲ့သည်။


YM, MP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191