Main menu
HOT NEWS
adv
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းသစ် ဖောက်လုပ်ရန် စီစဉ်နေ၊ အမြန်လမ်းမကြီးအဆင့် ဆောင်ရွက်သွားမည် ဟုဆို

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းသစ် ဖောက်လုပ်ရန် စီစဉ်နေ၊ အမြန်လမ်းမကြီးအဆင့် ဆောင်ရွက်သွားမည် ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းသစ် ဖောက်လုပ်ရန်စီစဉ် နေပြီး အမြန်လမ်းမကြီးအဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြောသည်။ လတ်တလောတွင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးအဆင် ပြေချောမွေ့စေရန် မန္တလေး-မူ ဆယ်လမ်းမကြီးကို လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်းအဖြစ် ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ်အပြီးဆောင်ရွက် မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်ရေးအဓိက လမ်းကြောင်းဖြစ်သော မန္တလေး-မူဆယ်ကားလမ်းမကြီးသည် လမ်း ကြောင်းကျပ်ခြင်း၊ ဆိုးဆိုးရွားရွားလမ်း ပိတ်ဆို့ခြင်းများ မကြာခဏဖြစ်ပွား နေခြင်းကြောင့် ယခုလမ်းထက်ခရီး မိုင်ပို၍သက်သာတိုတောင်းပြီး စိတ်ချလုံခြုံအန္တရာယ်ကင်းစွာသွားလာ အသုံးပြုနိုင်သော လမ်းကြောင်းသစ် တစ်ခုဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးမြန်းမှုအပေါ် ပြည်ထောင် စုဝန်ကြီးက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ မန္တလေး-လားရှိုး-မူဆယ်လမ်းမ ကြီးသည် စီးပွားရေးစင်္ကြံလမ်းမဖြစ်သဖြင့် ရေရှည်အတွက် လမ်းကြောင်း သစ်တစ်ခုကို ပဏာမရှာဖွေဆောင်ရွက်နေပြီး ဖြစ်နိုင်ခြေရှိသောလမ်း ကြောင်းကို လေးလမ်းသွားအမြန် လမ်းမကြီးအဆင့်အဖြစ် လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းပြီး BOT စနစ်ဖြင့် ဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။


လက်ရှိ မန္တလေး-မူဆယ်လမ်း မကြီးအား BOT စနစ်ဖြင့် တာဝန်ယူထားသည့် Oriental Highway Co.,Ltd က ၄၈ပေအကျယ်၊ လေးလမ်းသွားလမ်းချဲ့ခြင်း၊ နိုင်လွန်ကတ္တ ရာခင်းခြင်းကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာ ရေးနှစ်အပြီး စီမံချက်ချဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လားရှိုး-မူဆယ်လမ်းပိုင်းမှ ယာဉ်ကြောပိတ်ဆို့မှုအများဆုံးဖြစ် နေသည့် ကွတ်ခိုင်-နမ့်စမ် ကားလမ်းပိုင်းတွင် စတင်ဆောင်ရွက်ခဲ့ သော်လည်း လုံခြုံရေးအခြေအနေအရ ပထမအဆင့်အနေဖြင့် လမ်းကျဉ်းသောအတက်အဆင်း၊ အကွေ့ နေရာများကို မြေသားလမ်းချဲ့ခြင်း၊ ပျက်စီးသောလမ်းပိုင်းများအား ၃၆ ပေ အကျယ်ကတ္တရာလမ်းပြန်ခင်း ခြင်းကို ၂ဝ၁၇ မိုးရာသီမတိုင်မီပြီး စီးအောင်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။


''၄၈ ပေ အကျယ်လေးလမ်း သွားနိုင်လွန်ကတ္တရာခင်းခြင်းကို ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းပြီးစီးပါက ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ်ကုန်တွင် ယာဉ် ကြောပိတ်ဆို့မှုလျော့ပါးပြီး နယ်စပ်ကုန်သွယ်ရေးအတွက် ကုန်စည်စီးဆင်းမှုပိုမိုအဆင်ပြေချောမွေ့စွာဖြင့် သွားလာနိုင်မှာဖြစ်ပါတယ်'' ဟု ပြည် ထောင်စုဝန်ကြီးက ပြောသည်။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ် ရေးအတွက် မန္တလေး-လားရှိုး-မူဆယ်လမ်းမကြီးသည် အဓိကလမ်းမကြီးဖြစ်သည်။ လမ်းအရှည် ၂၇၆ မိုင် ၃ ဖာလုံရှည်လျားပြီး ယာဉ်ကြော ပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ်လျက်ရှိရာ ကုန်စည်စီးဆင်းမှုနှေးကွေး လျက်ရှိကြောင်း သိရသည်။


YM, MO

#democracytoday

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191