HOT NEWS
Main menu
adv
မြနန်းစံကျော် ရွှေနန်းတော်သို့ ပြည်တွင်း ပြည်ပဧည့်သည် နေ့စဉ် ၁၃ဝဝ ခန့် လာရောက် လေ့လာ၊ ကမ္ဘာလှည့် ခရီးသည်များတွင် ဥရောပနိုင်ငံများမှ အများဆုံး ပါဝင်

မြနန်းစံကျော် ရွှေနန်းတော်သို့ ပြည်တွင်း ပြည်ပဧည့်သည် နေ့စဉ် ၁၃ဝဝ ခန့် လာရောက် လေ့လာ၊ ကမ္ဘာလှည့် ခရီးသည်များတွင် ဥရောပနိုင်ငံများမှ အများဆုံး ပါဝင်

မန္တလေး၊ ဖေဖော်ဝါရီ ၁၅

မန္တလေး နန်းတွင်းရှိ မြနန်းစံကျော်ရွှေနန်း တော်ကြီးသို့ နေ့စဉ်လာရောက်လည် ပတ်သူဦးရေ ၁၃ဝဝ ရှိသည့်အနက် ကမ္ဘာလှည့်ခရီးသည်အများစုမှာ ဥ ရောပနိုင်ငံများမှ အများဆုံးဖြစ် ကြောင်း သိရသည်။

 

''ပြည်တွင်းခရီးသည်ဦးရေက တော့ နေ့စဉ်တစ်ထောင်ကျော်ရှိပြီး ကမ္ဘာလှည့်ခရီးသည်ဦးရေကတော့ ၃ဝဝ ဝန်းကျင်အထိ ဝင်ရောက်လျက်ရှိပါတယ်။ အာဖရိကနိုင်ငံတွေက ခရီးသည်တွေလည်း တချို့ရက်တွေမှာလာရောက်လေ့လာမှုရှိပါတယ်။ အခုဆိုရင် မြနန်းစံကျော်ရွှေနန်း တော်ကြီးမှာ နှစ်ပေါင်းကြာမြင့်မှု ကြောင့် ပျက်စီးယိုယွင်းလာတဲ့အပိုင်း တွေကို ရှေးမူမပျက်ပြန်လည်ပြုပြင် မွမ်းမံတဲ့လုပ်ငန်းတွေ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ပါတယ်။ နန်းတွင်းထဲက ရွှေနန်းတော်ယဉ်ကျေးမှုပြတိုက်ကို အဆင့်မြှင့်တင်မှုလုပ်ငန်း တွေကတော့ လက်ရှိအချိန်မှာ ၇ဝ ရာခိုင်နှုန်းလောက်အထိပဲပြီးစီးပါ သေးတယ်။ လာမယ့်မတ်လကုန်ပိုင်း လောက်ဆိုရင်တော့ ပြတိုက်ကိုပြန် လည်ဖွင့်လှစ်နိုင်ဖို့ဆောင်ရွက်လျက်ရှိပါတယ်''ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ဖေဖော်ဝါရီ ၁၄ ရက်တွင်ပြောကြားသည်။


နှစ်ပေါင်း ၁၅ဝ သက်တမ်းရှိ ပြီဖြစ်သော ရှေးဟောင်းကျုံးမြို့ရိုးနှင့်အတူ မြနန်းစံကျော်ရွှေနန်းတော်ကြီးမှာ နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသည်များအတွက် စိတ်ဝင်စားစရာအထင်ကရနေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိရာ လာရောက်လေ့လာသူများ အနားယူနိုင်မည့် ဥယျာဉ် ပန်းခြံများကိုလည်း ဆက်လက်တည် ဆောက်ပေးမည်ဖြစ်သည်။ 

KSA

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS