HOT NEWS
Main menu
adv
မြင့်တက်နေသည့် ကြက်သွန်နီ ဈေးနှုန်းများ ပုံမှန်ဈေးနှုန်းသို့ ပြန်ရောက်နိုင်တော့မည်

မြင့်တက်နေသည့် ကြက်သွန်နီ ဈေးနှုန်းများ ပုံမှန်ဈေးနှုန်းသို့ ပြန်ရောက်နိုင်တော့မည်

ရန်ကုန်

ပြည်တွင်း၌ လတ်တလောမြင့်တက်နေသည့် ကြက်သွန်နီဈေးနှုန်းမှာ ယခု ဖေဖော်ဝါရီ တတိယပတ်အတွင်း ပုံမှန်ပြန်လည်ရောက်ရှိသွားနိုင်မည်ဟု မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖိုဆောင်သီး နှံစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌဦးခင်ဟန်က ပြောသည်။ ''ကြက်သွန်နီနဲ့ ကြက်သွန်ဖြူက တစ်ရက်ကို ကားအစီးရေ ၂ဝ အဝင် ရှိနေရင် ရန်ကုန်လူဦးရေ စားသုံးမှုအတွက် လောက်ငှပါတယ်။ အခုက တစ်နေ့ကို ကားအစီး၃ဝ လောက် ပြန်ဝင်နေပါပြီ။ တချို့အိန္ဒိယ- မြန်မာ နယ်စပ် တမူးကနေ ကြက်သွန် စမ်းသပ်တင်သွင်းတဲ့သူတွေလည်းရှိပါတယ်။ နောက် သီတင်းပတ်လောက်ဆို ဈေးက ပုံမှန်ပြန်ဖြစ်သွားမှာပါ''ဟု ပြောသည်။


ယခုနှစ်အတွင်း မိုးကြက်သွန်နီအထွက် နောက်ကျပြီး၊ ကြက်သွန်နီ ပေါ်ချိန်တွင်လည်း ကုန်ပစ္စည်း အဝင်နောက်ကျမှုများ ရှိခဲ့သည့်အတွက် ပြီးခဲ့သည့် ဇန်နဝါရီလလယ်မှစတင်ပြီး ကြက်သွန်နီဈေးနှုန်း တ ဖြည်းဖြည်းတက်ခဲ့သည်။  ဇန်နဝါရီအတွင်းက ဘုရင့်နောင်ကုန် စည်ဒိုင်သို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ အဝင် လျော့နည်းခြင်းကြောင့် တစ်ပိဿာကျပ် ၂၅ဝဝ ကျော် ဈေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ''ကြက်သွန်နီက အခုနှစ်၊ နှစ်လအတွင်းမှာပဲ နှစ်စပေါက်ဈေးနဲ့ယှဉ်လိုက်ရင် တစ်ဆ လောက် မြင့်သွားတယ်ပေါ့။ ဈေးတက်တော့ အရောင်းအဝယ်လဲ မကောင်းဘူး။ ကြက်သွန်ဖြူက အရောင်းမကျပေမယ့် ကြက်သွန် နီကျတော့ မထည့်လဲဖြစ်တယ်ဆိုတော့ ဈေး တက်ရင် အရောင်းပိုအေးတာပေါ့''ဟု ရန်ကင်း မြို့နယ်မှ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်အောင်မေ ကြည်ကဆိုသည်။


လက်ရှိတွင် ကုန်စည်ဒိုင်များသို့ နယ်မှ ကြက်သွန်ကုန်ကားများ ပုံမှန်ဝင်လာပြီဖြစ် သောကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန်ဖြစ်လာကြောင်းသိရသည်။ ဘုရင့်နောင်ကုန်စည်ဒိုင်မှ ကြက်သွန်နီ ဈေးနှုန်းများအရ ယခုသီတင်းပတ်အတွင်း ကြက်သွန်နီ ဆိပ်ဖြူသစ်ရှယ် တစ်ပိဿာလျှင် ကျပ် ၁၆၅ဝ မှ ၁၇ဝဝ၊ ဆိပ်ဖြူလတ်သန့် တစ်ပိဿာလျှင် ကျပ် ၁၅၅ဝ မှ ၁၆ဝဝ၊ ဆိပ်ဖြူလတ်ချော တစ်ပိဿာလျှင် ကျပ် ၁၂၅ဝ မှ ၁၃ဝဝ ၊ မြစ်သားသစ်ရှယ် တစ် ပိဿာလျှင် ကျပ်၂ဝဝဝ မှ ၂၃ဝဝ၊ မြစ်သား လတ်သန့် တစ်ပိဿာလျှင် ကျပ် ၁၉ဝဝ မှ ၂၂၅ဝ ပေါက်ဈေးရှိကြောင်း သိရသည်။

ဖြူသစ်လွင်

#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS